Deewangee (2002)
=============
မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။
"အချစ်"
ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ
စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်...
ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက
လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်..
ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို
သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့
လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ...
ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ်
ရှိလည်း ရှိနိုင်ပါတယ်...
ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ
ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့
ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း
ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ
ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်...
မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို
ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်..
လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက
ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက
ကွေကွင်းသွားခဲ့ရပါတယ်..
ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ
လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို
လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်...
ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို
ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို
အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...
တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်...
ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့
ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...
ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား...
တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို
လှည့်ကွက်တွေများစွာနဲ့ ကြည့်ရှုအားပေးရမှာဖြစ်ပါတယ်...
လောကမှာ အချစ်အတွက်ဆို ဘာမဆိုလုပ်ပေးနိုင်တဲ့
လူစားမျိုးကို ရလိုက်တာဟာ ကံကောင်းခြင်းလို့ မှတ်ယူနိုင်ပါတယ်...
ဒါပေမဲ့ အချစ်ရဲ့စွဲလမ်းရူးသွပ်စိတ်မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ
ရှိတတ်တာကို ဒီဇာတ်ကားက အမိအရရိုက်ကူးထားပေးလို့
စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်ကြပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။
Encoder….Nyeinsaeya Aung
Translated by Taylor
Crd....Channel Myanmar
(1st ment မှာ မူရင်း website link ချပေးထားပါတယ် fb link, Telegram link မဟုတ်ပါ နားလည်တဲ့သူများ ဒေါင်းနိုင်ပါတယ် အရံသင့် G-drive နဲ့ကြည့်ချင်ရင် မန်ဘာဝင်ပါ ကြည့်မရလို့ဆိုပြီး မိမဆုံးမ ဖမဆုံးမ သားသမီးများလို တွေ့ရာမြင်ရာထိုင်ဆဲမနေကြပါနဲ့ခင်ဗျ)
မန်ဘာဝင်လိုသူများ...👇👇👇
https://m.facebook.com/story.php?story_fbid=262531635668264&id=100057342884000

إرسال تعليق