ဖုန်းနဲ့ laptop ရဲ့သက်တမ်းကို ကြာရှည်မခံစေတဲ့ နေ့စဉ်အပြုအမူ (၁၀) ခု

ဖုန်းနဲ့ laptop ရဲ့သက်တမ်းကို ကြာရှည်မခံစေတဲ့ နေ့စဉ်အပြုအမူ (၁၀) ခု





















21.06.2022 01:23 မြန်မာ မြင်ကွင်းစုံ
Smartphone တွေက အမျိုးအစားပေါ်မူတည်ပြီး၊ အသုံးပြုတဲ့ပေါ်မူတည်ပြီး ၂ နှစ်မှ ၁၀ နှစ်အထိ အသုံးခံပါတယ်။ ဖုန်းတွေကို သေသေချာချာအသုံးပြုတဲ့အခါ သက်တမ်းကြာကြာ အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် အသုံးပြုပုံ အမှားတွေကြောင့် ဖုန်းတွေက ရှိသင့်သလောက် သက်တမ်းကို ကြာရှည်မခံတော့ပါဘူး။



၁။ ဖုန်းအားသွင်းပေါက်ကို pin နဲ့ထိုးပြီး သန့်ရှင်းရေးလုပ်ခြင်း





ဖုန်းအားသွင်းပေါက်ထဲက ဖုန်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် သတ္တုပစ္စည်းတွေဖြစ်တဲ့ pin, ဓား၊ စာရွက်ညှပ်ကလစ်တို့ကို အသုံးမပြုသင့်ပါဘူး။ သတ္တုပစ္စည်းတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ ဖုန်းရဲ့အတွင်းပိုင်းအတွက် ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ သွားကြားထိုးတံနဲ့ သန့်ရှင်းရေး လုပ်ပေးရင် လုပ်လောက်ပါပြီ။



၂။ ဖုန်းကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ထားခြင်း





ဖုန်းကို အားသွင်းတဲ့အခါ နေရောင်ခြည် တိုက်ရိုက်ရတဲ့နေရာမျိုးမှာ အားသွင်းတာကို ရှောင်သင့်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်က အပူတွေကို လျင်လျင်မြန်မြန်စုပ်ယူနိုင်ပါတယ်။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာကြောင့် ဖုန်းက အပူလွန်ကဲပြီး အလိုအလျောက်ပိတ်သွားတတ်ပါတယ်။



၃။ ဖုန်းအားကို လုံးဝကုန်တဲ့အထိ အသုံးပြုခြင်း





ဖုန်းရဲ့ဓာတ်ခဲသက်တမ်း ကြာရှည်ခံအောင်လို့ ဖုန်းအားကို ၂၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်းကြားမှာပဲ ထားသင့်ပါတယ်။ ဖုန်းအားကို လုံးဝကုန်တဲ့အထိ အသုံးမပြုသင့်သလို ၈၀ ရာခိုင်နှုန်းကျော်အောင်လည်း အားမသွင်းသင့်ပါဘူး။



၄။ ရေစိုခံတယ်ဆိုတဲ့ဖုန်းကို ရေထဲမှာ အကြာကြီးစိမ်ထားခြင်း





အချို့သော ဖုန်းတွေက ရေစိုခံတယ်လို့ ကြော်ငြာကြပါတယ်။ ဒါပေမယ့် ရေစိုခံတယ်ဆိုတာက မတော်တဆ ရေဝင်တာနဲ့ မိုးရေစိုတာလောက်ကိုပဲ ရည်ညွှန်းတာပါ။ ဖုန်းက ရေထဲမှာ ၅ မိနစ်ကနေ ၃၀ မိနစ်ကြား နစ်မြှုပ်နေရင်တောင် အသုံးပြုဖို့ အဆင်မပြေနိုင်တော့ပါဘူး။



၅။ အန္တရာယ်ရှိနိုင်တဲ့ application တွေကို download ဆွဲခြင်း





ဖုန်းအတွက် application တွေကို ratings, reviews များတဲ့ နေရာတွေကနေပဲ download ဆွဲသင့်ပါတယ်။ ဒါ့အပြင် ဖုန်းမှာ anti-virus program တွေကိုလည်း ထည့်သွင်းထားပါ။



၆။ Computer keyboard ကို ညစ်ပတ်အောင်ထားခြင်း





Laptop မှာပဲဖြစ်ဖြစ်၊ desktop မှာပဲဖြစ်ဖြစ် keyboard ထဲမှာ ဖုန်တွေ၊ အမှုန်တွေ ဝင်ရောက်နေပါတယ်။ သင့်အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့အခါ၊ ကွန်ပျူတာသုံးရင်း အစားစားတဲ့အခါ keyboard အတွက် ပိုညစ်ပတ်စေပါတယ်။





Keyboard ညစ်ပတ်တဲ့အခါ ပန်ကာတွေက နှစ်ဆပိုပြီးအလုပ်လုပ်ရတာကြောင့် အားပိုစိုက်ထုတ်ရပါတယ်။ အဲဒါကြောင့် ကွန်ပျူတာကို တတ်နိုင်သမျှ သန့်ရှင်းရေးလုပ်ပေးရင် ပိုကောင်းပါတယ်။



၇။ အိမ်သာထဲကို ဖုန်းယူသွားခြင်း





အိမ်သာထဲကို ဖုန်းယူသွားတဲ့အကျင့်က ကျန်းမာရေးကို တကယ်ထိခိုက်စေပါတယ်။ ဖုန်းယူသွားပြီးတဲ့အခါ အိမ်သာထဲမှာ အချိန်တွေက ပိုကြာသွားတာကြောင့် အချိန်လည်း ပိုကုန်ပါတယ်။ မတော်တဆ ဖုန်းက ရေထဲပြုတ်ကျသွားတဲ့အခါမှာလည်း ဖုန်းကိုလည်း ထိခိုက်စေမှာပါ။



၈။ ဖုန်းကို တစ်ညလုံး အားသွင်းထားခြင်း





ဖုန်းဓာတ်ခဲသက်တမ်းကို တိုစေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ဖုန်းကို တစ်ညလုံးအားသွင်းထားတာပါပဲ။ ဖုန်းသက်တမ်းရှည်ကြာဖို့အတွက် ဖုန်းအားကို ၈၀ ရာခိုင်နှုန်းအထိပဲ သွင်းသင့်ပါတယ်။ ဒါပေမယ့် တစ်ညလုံးအားသွင်းထားရင်တော့ ဖုန်းအားက ၁၀၀ ရာခိုင်နှုန်းအထိ ရောက်သွားမှာပါ။ တစ်ညလုံး ဖုန်းအားသွင်းတာက မီးအန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။



၉။ Laptop screen ကနေ ကိုင်ခြင်း





Laptop ကိုသယ်တဲ့အခါ screen နေရာကနေ ကိုင်ပြီးသယ်တာကို ရှောင်သင့်ပါတယ်။ မျက်နှာပြင်မညီတဲ့နေရာတွေမှာ laptopကို တင်ပြီး သုံးတာကလည်း မတော်တဆဖြစ်နိုင်ချေပိုများစေတဲ့အချက်ပါပဲ။



၁၀။ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ Laptop screen ကို သန့်ရှင်းရေးလုပ်ခြင်း





ပြူတင်းပေါက်ကို သန့်ရှင်းတဲ့ဆပ်ပြာရည်နဲ့ Laptop screen ကို သန့်ရှင်းရေးလုပ်တာက တကယ်ကို ရှောင်သင့်တဲ့အချက်ပါပဲ။ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေမှာ ammonia တွေပါဝင်တာကြောင့် Laptop screen ကို ဆိုးကျိုးဖြစ်စေပါတယ်။ Laptop screen ကို သန့်ရှင်းရေး လုပ်မယ်ဆိုရင် ရေနဲ့ နူးညံ့တဲ့ပိတ်စပါးလေးကို အသုံးပြုရင် လုံလောက်ပါတယ်။





Zombie (lovemedia)~Credit

Zawgyi ဖြင့်ဖတ်ပါ



Smartphone ေတြက အမ်ိဳးအစားေပၚမူတည္ၿပီး၊ အသုံးျပဳတဲ့ေပၚမူတည္ၿပီး ၂ ႏွစ္မွ ၁၀ ႏွစ္အထိ အသုံးခံပါတယ္။ ဖုန္းေတြကို ေသေသခ်ာခ်ာအသုံးျပဳတဲ့အခါ သက္တမ္းၾကာၾကာ အသုံးျပဳႏိုင္မွာပါ။ ဒါေပမယ့္ အသုံးျပဳပုံ အမွားေတြေၾကာင့္ ဖုန္းေတြက ရွိသင့္သေလာက္ သက္တမ္းကို ၾကာရွည္မခံေတာ့ပါဘူး။

၁။ ဖုန္းအားသြင္းေပါက္ကို pin နဲ႔ထိုးၿပီး သန႔္ရွင္းေရးလုပ္ျခင္း

ဖုန္းအားသြင္းေပါက္ထဲက ဖုန္ေတြကို သန႔္ရွင္းေရးလုပ္ဖို႔အတြက္ သတၱဳပစၥည္းေတြျဖစ္တဲ့ pin, ဓား၊ စာ႐ြက္ညႇပ္ကလစ္တို႔ကို အသုံးမျပဳသင့္ပါဘူး။ သတၱဳပစၥည္းေတြနဲ႔ သန႔္ရွင္းေရးလုပ္တဲ့အခါ ဖုန္းရဲ႕အတြင္းပိုင္းအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေစပါတယ္။ သြားၾကားထိုးတံနဲ႔ သန႔္ရွင္းေရး လုပ္ေပးရင္ လုပ္ေလာက္ပါၿပီ။

၂။ ဖုန္းကို ေနေရာင္ျခည္တိုက္႐ိုက္ထိေတြ႕တဲ့ေနရာမွာ ထားျခင္း

ဖုန္းကို အားသြင္းတဲ့အခါ ေနေရာင္ျခည္ တိုက္႐ိုက္ရတဲ့ေနရာမ်ိဳးမွာ အားသြင္းတာကို ေရွာင္သင့္ပါတယ္။ ဖုန္းရဲ႕မ်က္ႏွာျပင္က အပူေတြကို လ်င္လ်င္ျမန္ျမန္စုပ္ယူႏိုင္ပါတယ္။ ေနေရာင္ျခည္ တိုက္႐ိုက္ထိေတြ႕တာေၾကာင့္ ဖုန္းက အပူလြန္ကဲၿပီး အလိုအေလ်ာက္ပိတ္သြားတတ္ပါတယ္။

၃။ ဖုန္းအားကို လုံးဝကုန္တဲ့အထိ အသုံးျပဳျခင္း

ဖုန္းရဲ႕ဓာတ္ခဲသက္တမ္း ၾကာရွည္ခံေအာင္လို႔ ဖုန္းအားကို ၂၀ ရာခိုင္ႏႈန္းနဲ႔ ၈၀ ရာခိုင္ႏႈန္းၾကားမွာပဲ ထားသင့္ပါတယ္။ ဖုန္းအားကို လုံးဝကုန္တဲ့အထိ အသုံးမျပဳသင့္သလို ၈၀ ရာခိုင္ႏႈန္းေက်ာ္ေအာင္လည္း အားမသြင္းသင့္ပါဘူး။

၄။ ေရစိုခံတယ္ဆိုတဲ့ဖုန္းကို ေရထဲမွာ အၾကာႀကီးစိမ္ထားျခင္း

အခ်ိဳ႕ေသာ ဖုန္းေတြက ေရစိုခံတယ္လို႔ ေၾကာ္ျငာၾကပါတယ္။ ဒါေပမယ့္ ေရစိုခံတယ္ဆိုတာက မေတာ္တဆ ေရဝင္တာနဲ႔ မိုးေရစိုတာေလာက္ကိုပဲ ရည္ၫႊန္းတာပါ။ ဖုန္းက ေရထဲမွာ ၅ မိနေစၠန ၃၀ မိနစ္ၾကား နစ္ျမႇဳပ္ေနရင္ေတာင္ အသုံးျပဳဖို႔ အဆင္မေျပႏိုင္ေတာ့ပါဘူး။

၅။ အႏၲရာယ္ရွိႏိုင္တဲ့ application ေတြကို download ဆြဲျခင္း

ဖုန္းအတြက္ application ေတြကို ratings, reviews မ္ားတဲ့ ေနရာေတြကေနပဲ download ဆြဲသင့္ပါတယ္။ ဒါ့အျပင္ ဖုန္းမွာ anti-virus program ေတြကိုလည္း ထည့္သြင္းထားပါ။

၆။ Computer keyboard ကို ညစ္ပတ္ေအာင္ထားျခင္း

Laptop မွာပဲျဖစ္ျဖစ္၊ desktop မွာပဲျဖစ္ျဖစ္ keyboard ထဲမြာ ဖုန္ေတြ၊ အမႈန္ေတြ ဝင္ေရာက္ေနပါတယ္။ သင့္အိမ္မွာ အိမ္ေမြးတိရစာၦန္ေလးေတြရွိတဲ့အခါ၊ ကြန္ပ်ဴတာသုံးရင္း အစားစားတဲ့အခါ keyboard အတြက္ ပိုညစ္ပတ္ေစပါတယ္။

Keyboard ညစ္ပတ္တဲ့အခါ ပန္ကာေတြက ႏွစ္ဆပိုၿပီးအလုပ္လုပ္ရတာေၾကာင့္ အားပိုစိုက္ထုတ္ရပါတယ္။ အဲဒါေၾကာင့္ ကြန္ပ်ဴတာကို တတ္ႏိုင္သမွ် သန႔္ရွင္းေရးလုပ္ေပးရင္ ပိုေကာင္းပါတယ္။

၇။ အိမ္သာထဲကို ဖုန္းယူသြားျခင္း

အိမ္သာထဲကို ဖုန္းယူသြားတဲ့အက်င့္က က်န္းမာေရးကို တကယ္ထိခိုက္ေစပါတယ္။ ဖုန္းယူသြားၿပီးတဲ့အခါ အိမ္သာထဲမြာ အခ်ိန္ေတြက ပိုၾကာသြားတာေၾကာင့္ အခ်ိန္လည္း ပိုကုန္ပါတယ္။ မေတာ္တဆ ဖုန္းက ေရထဲျပဳတ္က်သြားတဲ့အခါမွာလည္း ဖုန္းကိုလည္း ထိခိုက္ေစမွာပါ။

၈။ ဖုန္းကို တစ္ညလုံး အားသြင္းထားျခင္း

ဖုန္းဓာတ္ခဲသက္တမ္းကို တိုေစတဲ့အေၾကာင္းအရင္းေတြထဲက တစၡဳေကတာ့ ဖုန္းကို တစ္ညလုံးအားသြင္းထားတာပါပဲ။ ဖုန္းသက္တမ္းရွည္ၾကာဖို႔အတြက္ ဖုန္းအားကို ၈၀ ရာခိုင္ႏႈန္းအထိပဲ သြင္းသင့္ပါတယ္။ ဒါေပမယ့္ တစ္ညလုံးအားသြင္းထားရင္ေတာ့ ဖုန္းအားက ၁၀၀ ရာခိုင္ႏႈန္းအထိ ေရာက္သြားမွာပါ။ တစ္ညလုံး ဖုန္းအားသြင္းတာက မီးအႏၲရာယ္လည္း ျဖစ္ေစႏိုင္ပါတယ္။

၉။ Laptop screen ေကန ကိုင္ျခင္း

Laptop ကိုသယ္တဲ့အခါ screen ေနရာကေန ကိုင္ၿပီးသယ္တာကို ေရွာင္သင့္ပါတယ္။ မ်က္ႏွာျပင္မညီတဲ့ေနရာေတြမွာ laptopကို တင္ၿပီး သုံးတာကလည္း မေတာ္တဆျဖစ္ႏိုင္ေခ်ပိုမ်ားေစတဲ့အခ်က္ပါပဲ။

၁၀။ အိမ္သန႔္ရွင္းေရးသုံးပစၥည္းေတြနဲ႔ Laptop screen ကို သန႔္ရွင္းေရးလုပ္ျခင္း

ျပဴတင္းေပါက္ကို သန႔္ရွင္းတဲ့ဆပ္ျပာရည္နဲ႔ Laptop screen ကို သန႔္ရွင္းေရးလုပ္တာက တကယၠို ေရွာင္သင့္တဲ့အခ်က္ပါပဲ။ အိမ္သန႔္ရွင္းေရးသုံးပစၥည္းေတြမွာ ammonia ေတြပါဝင္တာေၾကာင့္ Laptop screen ကို ဆိုးက်ိဳးျဖစ္ေစပါတယ္။ Laptop screen ကို သန႔္ရွင္းေရး လုပ္မယ္ဆိုရင္ ေရနဲ႔ ႏူးညံ့တဲ့ပိတ္စပါးေလးကို အသုံးျပဳရင္ လုံေလာက္ပါတယ္။

Zombie (lovemedia)~Credit

Post a Comment

أحدث أقدم

Comments