Student Body (2022)
===================
ဒီဇာတ်ကားလေးကတော့ 2022 မှာ အသစ်ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို
ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိုရီးယားအမျိုးသမီးဒါရိုက်တာ Lee Ann
Kurr ရဲ့ ပွဲဦးထွက် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။
ဂျိန်း နဲ့ မဲရစ် တို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက ပေါင်းလာ
ကြတယ်ဆိုပေမယ့် ပြေလည်တဲ့ ဆက်ဆံရေးမျိုးတော့ မရှိခဲ့ဘူးပေါ့။ အထက်တန်း
ကျောင်းရောက်တဲ့အခါ မဲရစ်ရဲ့ သူငယ်ချင်းအဖွဲ့ထဲ ဝင်ဆံ့ဖို့ ခိုင်းသမျှအကုန်လိုက်
လုပ်ပေးပြီး စာတော်တာတောင် မတော်ချင်ယောင်ဆောင်တဲ့ထိ လုပ်ပေးတဲ့ ဂျိန်း
အတွက် ကျောင်းက ဆရာဖြစ်သူ မစ္စတာ အန်စပက်ခ်ရဲ့ ကြိမ်းမောင်းမှုတွေကို ခံရတယ်။
တစ်ညမှာ ကျောင်းကို အဖွဲ့လိုက်ကြီး အချိန်မတော် ခိုးဝင်ကြပြီး ထင်မှတ်မထားတဲ့
ကြောက်လန့်ဖွယ်ဖြစ်ရပ်တွေ စတင်ဖြစ်ပျက်လာခဲ့ပါတော့တယ်။
လုံခြုံရေးစနစ်တွေကြောင့် ကျောင်းထဲမှာ ပိတ်မိနေပြီး အပြင်ထွက်လို့မရဖြစ်သွားတဲ့
ဂျိန်း တို့ သူငယ်ချင်းတစ်စုအတွက် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပုံတွေကို
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူ့ခံစားရမှာပါ။
ဇာတ်လမ်းလေးက ထိတ်လန့်ကြောက်ရွံ့ဖွယ် ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေ
အဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်စေပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာတော့ Montse
Hernandez, Cheyenne Haynes, Anthony Keyvan, Harley Quinn Smith, Austin
Zajur အစရှိတဲ့ လူငယ်သရုပ်ဆောင်တွေ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)
File Size……….(1.4 GB) / (700 MB) / (470 MB)
Quality…………WebRip 1080p / 720p / 480p
Duration………2Hr 17mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Horror, Thriller
Translator……. May Thet Khine Soe
Encoder……….SWM
Genre:
Horror, Thriller
Release:
2022-02-08
Stars:
Anthony Keyvan, Austin Zajur, Cheyenne Haynes, Christian Camargo, Harley Quinn Smith, Maurice Hall, Montse Hernandez, Suehyla El-Attar, Ty Trumbo
Duration:
88 min
Director:
Lee Ann Kurr
watch movie Student Body (2022) burmese sub, Student Body (2022) မြန်မာစာတန်းထိုး, download Student Body (2022) mm sub

Post a Comment