ကြောက်တတ်တဲ့ နှလုံးသား
Mon, 4 Jul 2022 00:13 မြန်မာ မြင်ကွင်းစုံ
တခါတုန်းက အလွန်ကို ကြောက်တတ်ရှာတဲ့ ကြွက်ကလေး တကောင် ရှိခဲ့တယ်။ သူကြောက်တာက ကြောင်။ ကြောင်သံ ကြားတာနဲ့ စိတ်ဆင်းရဲ လာရော။
တနေ့တော့ တန်ခိုးရှင်ကို ဆုတောင်းသတဲ့။ ကြောင် ဖြစ်ပါရစေ။ တန်ခိုးရှင်လည်း သနားပြီး ဖန်ဆင်းပေး လိုက်တယ်။ ကဲ ကြွက်ကလေးလည်း ကြောင် ဖြစ်သွားပြီ။
ကြောင် ဖြစ်တော့ ကြောက်စိတ် ထပ်ပေါ် လာတယ်။ ခွေးကို ကြောက်တာ။ ဒါနဲ့ တန်ခိုးရှင်ကို ထပ် ဆုတောင်းတယ်။ ခွေး ဖြစ်ပါရစေ တဲ့။ တန်ခိုးရှင် ကလည်း စီစဉ်ပေး လိုက်တယ်။ ခွေး ဖြစ်သွားပြီ။
ခွေး ဖြစ်တော့ မြေခွေးကို ကြောက်ပြန် သတဲ့။ တန်ခိုးရှင် စိတ်ညစ် လာပြီ။ ကဲ လုပ်ပေးလိုက် ဦးမယ် ဆိုပြီး မြေခွေး ဖြစ်အောင် လုပ်ပေးတယ်။ မြေခွေး ဖြစ်တော့ ဝံပုလွေကို ကြောက်ပြန်ရော။
ဆုတောင်းပြန်ပြီ။ ဝံပုလွေ ဖြစ်ပါရစေ။ တန်ခိုးရှင်လည်း နောက်ဆုံးပဲ ဆိုပြီး ဝံပုလွေ အဖြစ် ပြောင်းပေး လိုက်တယ်။ ဝံပုလွေ ဘဝ ရောက်လို့ မကြာခင် ကျားကို ကြောက်ပြန်တယ်။ ထပ်ဆုတောင်းတယ်။ ကျား ဖြစ်ပါရစေ။
နောက်နေ့ မနက်ကျတော့ ကျားမဖြစ်ဘဲ သူဟာ ကြွက် ပြန်ဖြစ် နေတယ်။ တန်ခိုးရှင်ကို ငိုယိုပြီး ဘယ်လို ဖြစ်တာလဲ မေးတော့ တန်ခိုးရှင်က ရှင်းပြတယ်။
“မင်းက ခန္ဓာကိုယ်သာ ပြောင်းသွားတယ်။ ကြောက်တတ်တဲ့ နှလုံးသားက လုံးဝ မပြောင်းလဲ သွားဘူး။ ငါ မင်းကို ဘာကောင် ဖြစ်အောင် လုပ်လုပ် မင်းက ကြောက်နေမှာပဲ။ ဒီတော့ ကြွက် ဘဝပဲ နေပါကွာ၊ မင်းနဲ့ ပိုသင့်တော် ပါတယ်” တဲ့။
ဒီပုံပြင်ထဲက လိုမျိုး လူလည်း ကံကောင်းလို့ အပြင်ပန်း ဘဝ ပြောင်းလဲ သွားရင်တောင် နှလုံးသားထဲက အကြောက်တရား မပြောင်းလဲ နိုင်ရင် အခက်အခဲ တွေကိုပဲ အာရုံစိုက်မိ ပါလိမ့်မယ်။ အခွင့်အလမ်းကို အာရုံ စိုက် မိမှာ မဟုတ်ပါဘူး။
ဘဝတခုကို ပြောင်းပစ်တော့မယ်လို့ ဆုံးဖြတ်ထားရင် မိမိစိတ်ဓာတ်ကို အရင်ဆုံး ပြောင်းပစ်ဖို့ ပိုအရေးကြီး ပါတယ်။ အပြင်ဘက်မှာ အားနည်းနေလည်း အတွင်းထဲက ရဲရင့်တဲ့ နှလုံးသား ရှိရင် ယှဉ်ပြိုင်နိုင်ပါတယ်။
ဒီလိုပြောလို့ ရှေ့နောက် ချိန်ဆတဲ့ ဉာဏ်ပညာ မပါဘဲ ဇွတ်တိုး လုပ်ပါ၊ အောင်မြင်လိမ့်မယ်လို့ မဆိုလိုပါဘူး။ ဉာဏ်ပညာဟာ အောင်မြင်ဖို့ အရေးအကြီးဆုံး အချက်ထဲမှာ ပါပါတယ်။
ဒါပေမယ့် ချီတုံချတုံ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့၊ နယ်ပယ်သစ် တခုကို ဝင်ဖို့ အခက်ဆုံး ဖြစ်နေတဲ့ ပထမ ခြေလှမ်း စလှမ်းဖို့တော့ လုံလောက်တဲ့ သတ္တိရှိမှ ရပါလိမ့်မယ်။
အခက်အခဲတွေ ကျိန်းသေတွေ့ရမယ့် လောကကို ရင်ဆိုင်ဖို့ အတွက် နှလုံးသားက ရဲရင့်ဖို့ လိုပါတယ်။ ကြောက်တတ်တဲ့ ကြွက် နှလုံးသား နဲ့တော့ ဘယ်နေရာမှာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ Argyi
Zawgyi ဖြင့်ဖတ်ပါ
တခါတုန္းက အၾလႏၠို ေၾကာက္တတ္ရွာတဲ့ ႂကြက္ကေလး တေကာင္ ရွိခဲ့တယ္။ သူေၾကာက္တာက ေၾကာင္။ ေၾကာင္သံ ၾကားတာနဲ႔ စိတ္ဆင္းရဲ လာေရာ။
တေန႔ေတာ့ တန္ခိုးရွင္ကို ဆုေတာင္းသတဲ့။ ေၾကာင္ ျဖစ္ပါရေစ။ တန္ခိုးရွင္လည္း သနားၿပီး ဖန္ဆင္းေပး လိုက္တယ္။ ကဲ ႂကြက္ကေလးလည္း ေၾကာင္ ျဖစ္သြားၿပီ။
ေၾကာင္ ျဖစ္ေတာ့ ေၾကာက္စိတ္ ထပ္ေပၚ လာတယ္။ ေခြးကို ေၾကာက္တာ။ ဒါနဲ႔ တန္ခိုးရွင္ကို ထပ္ ဆုေတာင္းတယ္။ ေခြး ျဖစ္ပါရေစ တဲ့။ တန္ခိုးရွင္ ကလည္း စီစဥ္ေပး လိုက္တယ္။ ေခြး ျဖစ္သြားၿပီ။
ေခြး ျဖစ္ေတာ့ ေျမေခြးကို ေၾကာက္ျပန္ သတဲ့။ တန္ခိုးရွင္ စိတ္ညစ္ လာၿပီ။ ကဲ လုပ္ေပးလိုက္ ဦးမယ္ ဆိုၿပီး ေျမေခြး ျဖစ္ေအာင္ လုပ္ေပးတယ္။ ေျမေခြး ျဖစ္ေတာ့ ဝံပုေလြကို ေၾကာက္ျပန္ေရာ။
ဆုေတာင္းျပန္ၿပီ။ ဝံပုေလြ ျဖစ္ပါရေစ။ တန္ခိုးရွင္လည္း ေနာက္ဆုံးပဲ ဆိုၿပီး ဝံပုေလြ အျဖစ္ ေျပာင္းေပး လိုက္တယ္။ ဝံပုေလြ ဘဝ ေရာက္လို႔ မၾကာခင္ က္ားကို ေၾကာက္ျပန္တယ္။ ထပ္ဆုေတာင္းတယ္။ က္ား ျဖစ္ပါရေစ။
ေနာက္ေန႔ မနက္က်ေတာ့ က်ားမျဖစ္ဘဲ သူဟာ ႂကြက္ ျပန္ျဖစ္ ေနတယ္။ တန္ခိုးရွင္ကို ငိုယိုၿပီး ဘယႅို ျဖစ္တာလဲ ေမးေတာ့ တန္ခိုးရွင္က ရွင္းျပတယ္။
“မင္းက ခႏၶာကိုယ္သာ ေျပာင္းသြားတယ္။ ေၾကာက္တတ္တဲ့ ႏွလုံးသားက လုံးဝ မေျပာင္းလဲ ၾသားဘူး။ ငါ မင္းကို ဘာေကာင္ ျဖစ္ေအာင္ လုပ္လုပ္ မင္းက ေၾကာက္ေနမွာပဲ။ ဒီေတာ့ ႂကြက္ ဘဝပဲ ေနပါကြာ၊ မင္းနဲ႔ ပိုသင့္ေတာ္ ပါတယ္” တဲ့။
ဒီပုံျပင္ထဲက လိုမ်ိဳး လူလည္း ကံေကာင္းလို႔ အျပင္ပန္း ဘဝ ေျပာင္းလဲ သြားရင္ေတာင္ ႏွလုံးသားထဲက အေၾကာက္တရား မေျပာင္းလဲ ႏိုင္ရင္ အခက္အခဲ ေတြကိုပဲ အာ႐ုံစိုက္မိ ပါလိမ့္မယ္။ အခြင့္အလမ္းကို အာ႐ုံ စိုက္ မိမြာ မဟုတ္ပါဘူး။
ဘဝတခုကို ေျပာင္းပစ္ေတာ့မယ္လို႔ ဆုံးျဖတ္ထားရင္ မိမိစိတၶာတၠို အရင္ဆုံး ေျပာင္းပစ္ဖို႔ ပိုအေရးႀကီး ပါတယ္။ အျပင္ဘက္မွာ အားနည္းေနလည္း အတြင္းထဲက ရဲရင့္တဲ့ ႏွလုံးသား ရွိရင္ ယွဥ္ၿပိဳင္ႏိုင္ပါတယ္။
ဒီလိုေျပာလို႔ ေရွ႕ေနာက္ ခ်ိန္ဆတဲ့ ဉာဏၸညာ မပါဘဲ ျဇတၱိုး လုပ္ပါ၊ ေအာင္ျမင္လိမ့္မယ္လို႔ မဆိုလိုပါဘူး။ ဉာဏၸညာဟာ ေအာင္ျမင္ဖို႔ အေရးအႀကီးဆုံး အခ်က္ထဲမွာ ပါပါတယ္။
ဒါေပမယ့္ ခ်ီတုံခ်တုံ ျဖစ္ေနတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ဖို႔၊ နယ္ပယ္သစ္ တခုကို ဝင္ဖို႔ အခက္ဆဳံး ျဖစ္ေနတဲ့ ပထမ ေျခလွမ္း စလွမ္းဖို႔ေတာ့ လုံေလာက္တဲ့ သတၱိရွိမွ ရပါလိမ့္မယ္။
အခက္အခဲေတြ က်ိန္းေသေတြ႕ရမယ့္ ေလာကကို ရင္ဆိုင္ဖို႔ အတြက္ ႏွလုံးသားက ရဲရင့္ဖို႔ လိုပါတယ္။ ေၾကာက္တတ္တဲ့ ႂကြက္ ႏွလုံးသား နဲ႔ေတာ့ ဘယ္ေနရာမွာမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ Argyi

إرسال تعليق