အထင်ကြီးသွားရင် အတုကိုလည်းအစစ်ထင်

အထင်ကြီးသွားရင် အတုကိုလည်းအစစ်ထင်
Wed, 6 Jul 2022 00:46 မြန်မာ မြင်ကွင်းစုံ


တစ်ခါက သူဌေးကြီးတစ်ဦးသည် လူထုဖျော်ဖြေပွဲကြီး တစ်ခုပြုလုပ်ရန် စီစဉ်လေသည်။ ထိုဖျော်ဖြေပွဲမှာ အထူးအဆန်း လုပ်ပြနိုင်သူကို ဆုပေးမည့် အစီအစဉ်ဖြစ်သည်။လူအများအပြားလဲ ထိုပွဲကို စိတ်ဝင်စားကြလေသည်။ ပြိုင်ပွဲဝင်လိုသူများ





လည်းများပြားလေသည်။ထိုထဲတွင် လူရွှင်တော် တစ်ဦးလည်း ပါလေသည်။ သူသည် အရင်တည်းကပင် အထူးအဆန်းများ ပြသခြင်း၌ နာမည်ကြီးလေသည်။ သူသည် ထိုပွဲအတွက် ဘယ်နေရာမှာမှ ပြသချင် မရှိသေးသည့် အထူးအဆန်းတစ်ခုပြမည်





ဟုပြောလေသည်။ထိုသတင်းကို ကြားသောအခါ တစ်မြို့လုံး အလွန်စိတ်ဝင်စားသွားလေသည်။ ဖျော်ဖြေပွဲနေ့သို့ ရောက်သောအခါ ထို လူရွှင်တော်ကို ကြည့်လို၍ လူအများအပြားလာရောက်ကြလေသည်။ မကြာမီပွဲစသောအခါ ပြိုင်ပွဲဝင်များလည်း





မိမိတိူ့ စွမ်းသလောက် အထူးအဆန်းများလုပ်ပြကြသည်။ သို့သော် လူရွင်တော်လောက် စိတ်မဝင်စားကြပင်။ခနကြာသောအခါ ထိုလူရွှင်တော်စင်ပေါ်သို့တက်လာလေသည်။ သူ့ထံတွင် အဖော်မပါ၊ ဘာမှလည်း မကိုင်ထားပေ။ သူသည် ရှုတ်တရတ် သူဝတ်





ထားကုတ်အကျီထဲသိူ့ ခေါင်းကို ငုံ့လိုက်ပြီး ဝက်ကလေးတစ်ကောင် လိုအော်လိုက်လေသည်။ သူအော်ပုံမှာ ဝက်နှင့် အလွန်တူလှသဖြင့် သူ့အကျီအောက်ထဲတွင် ဝက်သကောင်ဝှက်ထားတာ ဖြစ်မည်ဟု လူတိုင်းကထင်ကြသည်။ ထို့နောက် သူ



သည် ခေါင်းကို ကုတ်အကျီအတွင်း မှ ပြန်ဖော်လိုက်ပြီး သူ့ကိုစစ်ဆေးကြည့်ရန် ပြောသဖြင့် စစ်ဆေးကြည့်သော အခါ ဘာမှမတွေ့ကြပေ။ လူများလည်း အံ့သြပြီး လူရွှင်တော်အားဆုချလေသည်။





ထိူအခါ လာကြည့်သူ ပရိတ်သတ်ထဲတွင် နွားကျောင်းသားလေးတစ်ယောက်လည်းပါသည်။ သူက “ငါ သူ့ထက်သာအောင် လုပ်ပြနိုင်ပါတယ်” ဟု ပြောသည်။ နောက်နေ့တွင် အဲ့လူရွှင်တော်ကို နိုင်အောင်ပြိုင်မည်ဟု စိန်ခေါ်လိုက် လေသည်။





နောက်နေ့တွင် လာကြည့်သည့် ပရိသတ်များ ပို၍များပြားလေသည်။ လူရွှင်တော်ကိုသာ အထင်ကြီး၍ လူရွှင်တော်သာ အနိူင်ရမည်ဟု ထင်မြင်ချက်များပေးနေကြသည်။ မကြာမီ ပြိုင်ပွဲစကာ ပြိုင်မယ့်သူနှစ်ဦး စင်ပေါ်သို့ တက်လာကြ





သည်။ လူရွှင်တော်က ပထမဆုံး ဝက်လို အော်ပြလေသည်။ ဝက်သံနှင့် အလွန်တူ၍ ပရိသတ်များ အားပေးကြသည်။ထို့နောက် နွားကျောင်းသား အလှည့် သို့ရောက်လာသည်။ သူသည်လည်း လူရွှင်တော်ကဲ့သို့ပင် အပေါ်အကျီထဲ ခေါင်းငုံ့လိုက်





သည်။ သို့သော် သူသည် ဝက်အစစ် တစ်ကောင်ကို အကျီထဲဝှက်လာပြီး ဝက်ကလေးနားရွက်ကို လိမ်ဆွဲလိုက်သည်။ ဝက်ကလေးလည်း နာကျင်၍ အော်လေသည်။နွားကျောင်းသားယှဉ်ပြိုင်ပြီးသောအခါ ဝက်အော်သံနဲ့လည်း မတူဘူး။ လူရွှင်တော်ကသာ ပို





တူအောင် အော်နိုင်သည် ဟု ပြောကြ၍ နွားကျောင်းသားရှုံးသွားလေသည်။ ထိုအခါ နွားကျောင်းသားသည် ဝှက်ထားသော ဝက်ကိုထုတ်ပြပြီး”ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ဘယ်လောက်မှန်လည်း ဒီမှာကြည့်ကြ” ဆိုပြီး ပြော





လိုက်လေသည်။လူတစ်ယောက်ကို အထင်ကြီးလေးစားသွားသော အခါ အလုပ်အကောင်းမြင်တတ်သည့် လူသဘာဝကိုထင်ဟပ်စေပြီး တစ်ခါတစ်ရံ လူများသည် အစစ်ထက် အတုကို ပို၍အထင်ကြီးယုံကြည်တတ်ကြသည်။





Credit – Ko ye

Zawgyi ဖြင့်ဖတ်ပါ



တစ္ခါက သူေဌးႀကီးတစ္ဦးသည္ လူထုေဖ်ာ္ေျဖပြဲႀကီး တစ္ခုျပဳလုပ္ရန္ စီစဥ္ေလသည္။ ထိုေဖ်ာ္ေျဖပြဲမွာ အထူးအဆန္း လုပ္ျပႏိုင္သူကို ဆုေပးမည့္ အစီအစဥ္ျဖစ္သည္။လူအမ်ားအျပားလဲ ထိုၿပဲကို စိတ္ဝင္စားၾကေလသည္။ ၿပိဳင္ပြဲဝင္လိုသူမ်ား





လည္းမ်ားျပားေလသည္။ထိုထဲတြင္ လူ႐ႊင္ေတာ္ တစ္ဦးလည္း ပါေလသည္။ သူသည္ အရင္တည္းကပင္ အထူးအဆန္းမ်ား ျပသျခင္း၌ နာမည္ႀကီးေလသည္။ သူသည္ ထိုပြဲအတြက္ ဘယ္ေနရာမွာမွ ျပသခ်င္ မရွိေသးသည့္ အထူးအဆန္းတစ္ခုျပမည္





ဟုေျပာေလသည္။ထိုသတင္းကို ၾကားေသာအခါ တစ္ၿမိဳ႕လုံး အလြန္စိတ္ဝင္စားသြားေလသည္။ ေဖ်ာ္ေျဖပြဲေန႔သို႔ ေရာက္ေသာအခါ ထို လူ႐ႊင္ေတာ္ကို ၾကည့္လို၍ လူအမ်ားအျပားလာေရာက္ၾကေလသည္။ မၾကာမီပြဲစေသာအခါ ၿပိဳင္ပြဲဝင္မ်ားလည္း





မိမိတိူ႔ စြမ္းသေလာက္ အထူးအဆန္းမ်ားလုပ္ျပၾကသည္။ သို႔ေသာ္ လူ႐ြင္ေတာ္ေလာက္ စိတ္မဝင္စားၾကပင္။ခနၾကာေသာအခါ ထိုလူ႐ႊင္ေတာ္စင္ေပၚသို႔တက္လာေလသည္။ သူ႔ထံတြင္ အေဖာ္မပါ၊ ဘာမွလည္း မကိုင္ထားေပ။ သူသည္ ရႈတ္တရတ္ သူဝတ္





ထားကုတ္အက်ီထဲသိူ႔ ေခါင္းကို ငုံ႔လိုက္ၿပီး ဝက္ကေလးတစ္ေကာင္ လိုေအာ္လိုက္ေလသည္။ သူေအာ္ပုံမွာ ဝက္ႏွင့္ အလြန္တူလွသျဖင့္ သူ႔အက်ီေအာက္ထဲတြင္ ဝက္သေကာင္ဝွက္ထားတာ ျဖစ္မည္ဟု လူတိုင္းကထင္ၾကသည္။ ထို႔ေနာက္ သူ





သည္ ေခါင္းကို ကုတ္အက်ီအတြင္း မြ ျပန္ေဖာ္လိုက္ၿပီး သူ႔ကိုစစ္ေဆးၾကည့္ရန္ ေျပာသျဖင့္ စစ္ေဆးၾကည့္ေသာ အခါ ဘာမွမေတြ႕ၾကေပ။ လူမ်ားလည္း အံ့ၾသၿပီး လူ႐ႊင္ေတာ္အားဆုခ်ေလသည္။





ထိူအခါ လာၾကည့္သူ ပရိတ္သတ္ထဲတြင္ ႏြားေက်ာင္းသားေလးတစ္ေယာက္လည္းပါသည္။ သူက ငါ သူ႔ထက္သာေအာင္ လုပ္ျပႏိုင္ပါတယ္ ဟု ေျပာသည္။ ေနာက္ေန႔တြင္ အဲ့လူ႐ႊင္ေတာ္ကို ႏိုင္ေအာင္ၿပိဳင္မည္ဟု စိန္ေခၚလိုက္ ေလသည္။





ေနာက္ေန႔တြင္ လာၾကည့္သည့္ ပရိသတ္မ်ား ပို၍မ်ားျပားေလသည္။ လူ႐ႊင္ေတာ္ကိုသာ အထင္ႀကီး၍ လူ႐ႊင္ေတာ္သာ အႏိူင္ရမည္ဟု ထင္ျမင္ခ်က္မ်ားေပးေနၾကသည္။ မၾကာမီ ၿပိဳင္ပြဲစကာ ၿပိဳင္မယ့္သူႏွစ္ဦး စင္ေပၚသို႔ တက္လာၾက





သည္။ လူ႐ႊင္ေတာ္က ပထမဆုံး ဝကႅို ေအာ္ျပေလသည္။ ဝက္သံႏွင့္ အၾလႏၱဴ၍ ပရိသတ္မ်ား အားေပးၾကသည္။ထို႔ေနာက္ ႏြားေက်ာင္းသား အလွည့္ သို႔ေရာက္လာသည္။ သူသည္လည္း လူ႐ႊင္ေတာ္ကဲ့သို႔ပင္ အေပၚအက်ီထဲ ေခါင္းငုံ႔လိုက္





သည္။ သို႔ေသာ္ သူသည္ ဝက္အစစ္ တစ္ေကာင္ကို အက်ီထဲဝွက္လာၿပီး ဝက္ကေလးနား႐ြက္ကို လိမ္ဆြဲလိုက္သည္။ ဝက္ကေလးလည္း နာက်င္၍ ေအာ္ေလသည္။ႏြားေက်ာင္းသားယွဥ္ၿပိဳင္ၿပီးေသာအခါ ဝက္ေအာ္သံနဲ႔လည္း မတူဘူး။ လူ႐ႊင္ေတာ္ကသာ ပို





တူေအာင္ ေအာ္ႏိုင္သည္ ဟု ေျပာၾက၍ ႏြားေက်ာင္းသားရႈံးသြားေလသည္။ ထိုအခါ ႏြားေက်ာင္းသားသည္ ဝွက္ထားေသာ ဝက္ကိုထုတ္ျပၿပီးခင္ဗ်ားတို႔ရဲ႕ ဆုံးျဖတ္ခ်က္ဘယ္ေလာက္မွန္လည္း ဒီမွာၾကည့္ၾက ဆိုၿပီး ေျပာ





လိုက္ေလသည္။လူတစ္ေယာက္ကို အထင္ႀကီးေလးစားသြားေသာ အခါ အလုပ္အေကာင္းျမင္တတ္သည့္ လူသဘာဝကိုထင္ဟပ္ေစၿပီး တစ္ခါတစ္ရံ လူမ်ားသည္ အစစ္ထက္ အတုကို ပို၍အထင္ႀကီးယုံၾကည္တတ္ၾကသည္။

Credit Ko ye

Post a Comment

Previous Post Next Post

Comments