ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ 🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား
 ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်....


 အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား
 ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့....

 ဒီနေ့က မလွယ်ကူဘူး
 မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ်

 အခု ဒုက္ခရောက်နေတယ်
 နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး

 အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက
 အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့
 
 အဆိုးဆုံး အခြေအနေကို 
လက်ခံနိုင်ခြင်းဟာ 
အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ

နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး
 အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ်

ဘဝင်မြင့် နေတယ်ဆိုပြီး 
ကဲ့ရဲ့စရာ မလိုဘူး
 အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ

 ဘဝထဲမှာ.....
 သူက ထွက်သွားတာ ရှိသလို
 ကိုယ်က ထွက်လာတာလဲ ရှိမယ်

ကိုယ်မပါလဲ 
သူဆက်လျှောက်ရမှာ ဖြစ်သလို
သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ

 လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ်
 အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့်
 ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ်
 အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်

 ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
 စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့
 ကိုယ့်ဘက်က အကောင်းဆုံး 
 ပြင်ဆင်ထားရမယ်

 ခဏခဏ တွေ့ဆုံရမယ်
 ပြီးရင် ခဏခဏ လမ်းခွဲရမယ်

 ဒီစိတ်ကူးတွေ ပျက်သွားရင်
 နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ်

 အလားတူပဲ
 နောက်ထပ် အကြိမ်များစွာ 
 နာကျင်ရဦးမယ်

 ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို
 ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့

 အမှတ်တရတွေကို ပြန်တွေးပြီး
 ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့

 တစ်ယောက် အလုပ် လုပ်လို့
 တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ
 အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ်

 အမှားတွေကို အမှန်ထင်
 အတုတွေကို  အစစ်လို ထင်လာတဲ့အခါ
 ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း
 သိလိမ့်မယ်

 စိတ်ဖီစီးမှု အများဆုံး
 ဖြစ်နေတဲ့ သူတွေဟာ
 အောင်မြင်နေ သူတွေပဲလို့ 
 သိလာတဲ့အခါ....
 အောင်မြင်မှု အစစ်ဆိုတာ
 ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ်

 ကောက်ကျစ်မှုတွေကို 
 မင်း မုန်းလာတဲ့နေ့
 ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ
 ဘယ်လောက် အဖိုးတန်မှန် 
 သိလာလိမ့်မယ်

 ဘဝက ခယောင်းလမ်း မဟုတ်ဘူး
 တစ်ခါတလေ ဆူးခင်းလမ်းလဲ 
 လျှောက်ရတယ် ခလုတ်တိုက်မှာ
 စိုးလို့ မလျှောက်ဘူး ဆိုရင်တော့
 မင်းခြေထောက်တွေ သန်မာလာမှာ 
 မဟုတ်ဘူး

 အချိန်နာရီတွေနဲ့ မဆိုင်ဘူး
 မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ
 မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ်
 ရှိမှ ဖြစ်တာ

 အောက်ခြေမခိုင်ရင် 
 ပြန် ပြုတ်ကျတတ်တာမို့
 အရည်အချင်း မရှိဘဲနဲ့ 
 အမြင့်ကို မတတ်ချင်ပါ

ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့
နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့
 ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။

#အောင်ဆွေဝင်း (စာပေ ပရဟိတ)

Post a Comment

Previous Post Next Post

Comments