မကောင်းမြင် နဲ့ အကောင်းမြင်
Sat, 9 Jul 2022 00:46 မြန်မာ မြင်ကွင်းစုံ
တစ်ခါက ရွာတစ်ရွာမှာ သူခိုးဝင်ခိုးတော့ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။သူခိုးကလည်း ကြံရာမရဖြစ်ပြီးတော့၊ မနီးမဝေးမှာ ရှိနေတဲ့ သင်္ချိုင်းထဲကို ကမန်းကတမ်းနှင့် ဝင်ပြေးပြီး ပုန်းနေရပါသတဲ့။
ရွာသားတွေ ပြန်လည်ထွက်ခွါသွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့သူနှင့်မလှမ်းမကန်းမှာ ရသေ့တစ်ပါးတရားထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။ ဒီတော့ သူခိုး
က တွေးလိုက်တာက..သြော်..လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတစ်ယောက်တည်းမှ မဟုတ်ပဲ။ဟိုဖက်မှာလည်း သူခိုးတစ်ယောက် ပုန်းနေပါပကောလို့ တွေးမိပါသတဲ့။ရသေ့ကြီးကလည်းပဲ လူသံသူ
သံကြားရတာနှင့် ဘာတွေများပါလိမ့်လို့ခေါင်းကလေး မော့ပြီးကြည့်လိုက်တော့၊ မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ရသေ့ကြီးက တွေးပါသတဲ့။
သြော်.. ဒီသင်္ချိုင်းထဲမှာငါတစ်ယောက်တည်း တရားအားထုတ်နေတယ်လို့ ထင်နေတာ။ ဟိုဖက်မှာလည်း သူတော်ကောင်းတစ်ယောက် တ ရားအားထုတ်နေပါပကောလို့တွေးပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါ
သတဲ့။ လူတွေဟာ မိမိစိတ်အတိုင်းသူများကို မြင်တတ်ကြတယ်လို့ ဆို လိုတာပါပဲ။ စိတ်ထားမကောင်းသူက သူများကိုလည်း မကောင်းမြင်တတ်ကြတယ်။မကောင်းပြောတတ်ကြတယ်။မကောင်း
ကြံတတ်ကြတယ်။ စိတ်ထားကောင်းသူများကတော့မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး အကောင်းပြောတတ်ကြတယ်။ဥပမာ..မကောင်းလို့ အပေါင်း အသင်းမလုပ်ရင်ပိုဆိုးသွာမှာပေါ့လို့ ပြောတတ်ကြ
တယ်။ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည် အကောင်းကြီးမဟုတ်ပေမယ့်အဆိုးမြင်ထက်ကောင်းသေးတယ်လို့ လက်ခံနိုင်ဖို့ လိုပါတယ်။
Credit~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
တစ္ခါက ႐ြာတစ္႐ြာမွာ သူခိုးဝင္ခိုးေတာ့႐ြာသားေတြ ဝိုင္းၿပီး ဖမ္းၾကသတဲ့။သူခိုးကလည္း ႀကံရာမရျဖစ္ၿပီးေတာ့၊ မနီးေမဝးမြာ ရွိေနတဲ့ သခ်ႋဳင္းထဲကို ကမန္းကတမ္းႏွင့္ ဝင္ေျပးၿပီး ပုန္းေနရပါသတဲ့။
႐ြာသားေတြ ျပန္လည္ထြက္ခြါသြားေတာ့မွ ပုန္းေနရာကေန ေခါင္းကေလးျပဴၿပီး ဟိုဟိုဒီဒီ ၾကည့္လိုက္ေတာ့သူႏွင့္မလွမ္းမကန္းမွာ ရေသ့တစ္ပါးတရားထိုင္ေနတာကို သြားၿပီး ျမင္ပါသတဲ့။ ဒီေတာ့ သူခိုး
က ေတြးလိုက္တာက..ေၾသာ္..လက္စသတ္ေတာ့ ဒီသခ်ႋဳင္းထဲမွာ ငါတစ္ေယာက္တည္းမွ မဟုတ္ပဲ။ဟိုဖက္မွာလည္း သူခိုးတစ္ေယာက္ ပုန္းေနပါပေကာလို႔ ေတြးမိပါသတဲ့။ရေသ့ႀကီးကလည္းပဲ လူသံသူ
သံၾကားရတာႏွင့္ ဘာေတြမ်ားပါလိမ့္လို႔ေခါင္းကေလး ေမာ့ၿပီးၾကည့္လိုက္ေတာ့၊ မလွမ္းမကန္းမွာ ရွိေနတဲ့ သူခိုးကို ျမင္လိုက္ရေတာ့ရေသ့ႀကီးက ေတြးပါသတဲ့။
ေၾသာ္.. ဒီသခ်ႋဳင္းထဲမွာငါတစ္ေယာက္တည္း တရားအားထုတ္ေနတယ္လို႔ ထင္ေနတာ။ ဟိုဖက္မွာလည္း သူေတာ္ေကာင္းတစ္ေယာက္ တ ရားအားထုတ္ေနပါပေကာလို႔ေတြးၿပီး သာဓု အႀကိမ္ႀကိမ္ေခၚမိပါ
သတဲ့။ လူေတြဟာ မိမိစိတ္အတိုင္းသူမ်ားကို ျမင္တတ္ၾကတယ္လို႔ ဆို လိုတာပါပဲ။ စိတ္ထားမေကာင္းသူက သူမ်ားကိုလည္း မေကာင္းျမင္တတ္ၾကတယ္။မေကာင္းေျပာတတ္ၾကတယ္။မေကာင္း
ႀကံတတ္ၾကတယ္။ စိတ္ထားေကာင္းသူမ်ားကေတာ့မေကာင္းတဲ့သူကိုေတာင္မွ ျဖည့္ၿပီး အေကာင္းေျပာတတ္ၾကတယ္။ဥပမာ..မေကာင္းလို႔ အေပါင္း အသင္းမလုပ္ရင္ပိုဆိုးသြာမွာေပါ့လို႔ ေျပာတတ္ၾက
တယ္။ဒါ့ေၾကာင့္ အရာရာတြင္ အေကာင္းျမင္ျခင္းသည္ အေကာင္းႀကီးမဟုတ္ေပမယ့္အဆိုးျမင္ထက္ေကာင္းေသးတယ္လို႔ လက္ခံႏိုင္ဖို႔ လိုပါတယ္။
Credit~မူရင္း

Post a Comment