လူဖြစ် ရှုံးကြသူများ
— Wed, 6 Jul 2022 14:11 Love Media
(၁) လူတယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ၊ အကြောင်းမရှိ အကြောင်းရှာ နှိမ့်ချ ပြောတတ်သူ။
(၂) သူတပါး ပျက်စီးရာ ပျက်စီးကြောင်း မဟုတ်မမှန် သတင်းလွှင့် အတင်းအဖျင်း ပြောတတ်သူ။
(၃) သူတပါး အပေါ်တွင် အမြဲ အနိုင်လိုချင် နေသူ၊ သူတပါး မျက်ရည်စက်လက် အရှုံးကြီး ရှုံးနှိမ့်မှုတွေကို ဝမ်းသာ အားရ အောင်ပွဲခံနိုင်သူ။
(၄) ကိုယ့်လက်အောက် ငယ်သားအပေါ်တွင် ညှာတာမှု မရှိပဲ အမြဲလိုလို အကာအကွယ် မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့်တတ်သူ။
(၅) နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေ ပြည့်ဝနေသူ မိမိသာလျှင် အသိဆုံး အတော်ဆုံး အတတ်ဆုံးဟု မာန်မာန ထောင်လွှား၍ မောက်မာတတ်သူ။
(၆) မိဘစည်းစိမ် အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တပြားတကျပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ။
(၇) ကားပေါ်ရောက်သည်နဲ့ လမ်းလျှောက်နေသူများ အကြောင်းမသိသူ၊ လေယာဉ်ပေါ် ရောက်သည်နှင့် မြေကြီးပေါ်က လူတွေအကြောင်း မသိသူ၊
ချမ်းသာ သွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခများကို မေ့သွားပြီး အောက်ခြေလွတ်သူ (မြေနိမ့်ရာ လှံစိုက်၊ ရေနစ်ရာ ဝါးကူထိုး အမြဲလုပ်တတ်သူ)
(၈) တခုခု ဆိုလျှင် မှန်သည် မှားသည် မစဉ်းစားပဲ ငါလည်း ဆွမ်းကြီးဝင်လောင်း လိုက်မယ်လို့ တွေးပြီး လူအများနှင့် ရောနှော လုပ်ဆောင်တတ်သူ။
(၉) ကိုယ်ကိုယ်တိုင်က မည်သည့် အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ၊ မနာလို မရှုစိမ့် ဖြစ်ပြီး ဒေါသပွားနေသူ တို့ ဖြစ်ကြပါသည်။ Crd
noreply@blogger.com (kakar)

Post a Comment