ဘုရားကို နောက်တခါ မသွားတော့ဘူး

ဘုရားကို နောက်တခါ မသွားတော့ဘူး
 — Sat, 2 Jul 2022 09:49 Love Media


"ဖေဖေ သမီး ဘုရားကို နောက်တခါ ထပ်မသွား တော့ဘူး"

"ဘာဖြစ်လို့လဲ သမီး"


"ဘုရားကို သမီး သွားတော့ တွေ့တဲ့ လူတိုင်းက ဘုရား ဝတ်ပြု နေတဲ့ အချိန် မှာတောင် ဖုန်းသုံး နေတဲ့ သူနဲ့ အတင်းပြောနေတဲ့ သူနဲ့ ဘယ်သူမှ တလေး တစား မရှိကြဘူး။ သူတို့ အားလုံးဟာ သူတော်ကောင်း ယောင် ဆောင်နေ ကြတာပဲ ဖေဖေ"


"အင်း ဒါဆို သမီး ဘုရား မသွားတော့ဖို့ မဆုံး ဖြတ်ခင် ဖေဖေ သမီးကို တခုလောက် လုပ်ခိုင်းလို့ ရမလား"

"ပြောကြည့်လေ ဖေဖေ ဘာများလဲ"


"ဒါဆို သမီး ဖန်ခွက်ထဲ ရေအပြည့် ထည့်ပြီး ဘုရားကို ၂ ပတ် လမ်းလျှောက် ရမယ်။ ဒါပေမယ့် ရေတော့ လုံးဝ မဖိတ်ရဘူး နော်"

"ဒါလေးများ အေးဆေး လုပ်နိုင် ပါတယ် ဖေဖေ"


"သမီး ပြန်ရောက်ပြီ ဖေဖေ၊ ဒီမှာကြည့် ရေ လုံးဝ မဖိတ်ဘူး"

"ဟုတ်ပြီ ဒါဆို ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်"


"သမီး ဘုရား ပေါ်မှာ ဖုန်းသုံးနေတဲ့ သူတွေ တွေ့ခဲ့ လား။ အတင်း ပြောနေတာ တွေရော ကြားခဲ့ လား။ သမာဓိ ပျက်နေတဲ့ သူတွေရော ရှိခဲ့လား"


"ဘယ်လိုလုပ် တွေ့ခဲ့မှာလဲ ဖေဖေရယ်။ အဲဒါတွေ သွားကြည့်ရင် သမီး ဖန်ခွက် ထဲကရေ ဖိတ်သွားမှာပေါ့။ ကိုယ့်ဟာကိုယ် အာရုံ စိုက်ထား ရတာ သူတို့ကို မကြည့်အား ပါဘူး"


"ဖေဖေ လိုချင်တာ အဲဒါပဲ သမီး။ သမီး ဘုရားကျောင်းကို သွားတယ် ဆိုရင် လုပ်သင့်တာက ကိုယ့်အလုပ်ကို ကိုယ် အာရုံစိုက်ပြီး ဘုရားကို အာရုံ ပြုနေ ဖို့ပဲ။ ကျန်တာ တွေက ကိုယ့်ကိစ္စ မဟုတ်ဘူး။ ကိုယ့် သမာဓိ မပျက်ဖို့ပဲ အရေးကြီးတယ် မဟုတ်လား သမီး။


ဘယ်သူ တရား ပျက်ပျက် ကိုယ်မပျက်ဖို့ လိုတယ် သမီး။ ဒါဆိုရင် သမီး ဘဝ တလျှောက်မှာ ဘယ်လို အဖြစ် အပျက်နဲ့ပဲ ကြုံရ ကြုံရ ကိုယ့်ရဲ့ အတွင်း စိတ်ထဲမှာသာ အာရုံ အပြည့် အဝ စူးစိုက် ထားမယ် ဆိုရင် ပြင်ပ ဘယ်အရာ ကမှ သမီးကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နိုင် တော့မှာ မဟုတ်ဘူး သမီး"


"ကျေးဇူးပါ ဖေဖေ။ ဖေဖေ ပေးတဲ့ သင်ခန်းစာက သမီးအတွက် တကယ်ကို ကောင်းလွန်း ပါတယ် ဖေဖေ" အရှင်ဆန္ဒသာရ


noreply@blogger.com (kakar)

Post a Comment

Previous Post Next Post

Comments