ခလုတ်တိုက်လို့လာဆုံကြသောအခါ
Wed, 6 Jul 2022 11:59 မြန်မာ မြင်ကွင်းစုံ
ပြောချင်တာက…
သားမွေးထားပြီး သားကမိန်းမကြောက်ရလို့မိန်းမလုပ်စာကပိုများနေလို့မိန်းမအရှိန်အဝါကပိုကြီးနေလို့ကို့မိဘနဲ့တွေဖို့တောင်ခိုးကြောင်ခိုးဝှက်..ပေးဖို့ကျွေးဖို့တောင် ကျီးလန့်စာစား..အဲ့လိုသားတွေတပုံကြီး
သားမွေးထားပြီး”ငယ်ငယ်ကသား ကြီးတော့အား “ဆိုသလိုမိဘတွေမသေမချင်းငါတော့ငါ့သားလက်ပေါ်မှာပဲသေမယ်ငါ့သားရှိနေရင်ငါတို့သေတဲ့အထိမပူရဘူးဟဲ့လို့အားကိုးနေရတဲ့သားတွေတပုံကြီး
သမီးမွေးထားပြီးအမေကိုတောင်ပါးထရိုက်တဲ့သမီးတွေလင်လုဖက်လိုအမေကိုအော်ဟစ်ဆက်ဆံနေတဲ့သမီးတွေငွေ ၅၀၀/၁၀၀၀နဲ့ အမေကိုဆဲဆိုနေတဲ့သမီးတွေလင်နောက်လိုက်သွားထဲကတစိမ်းလုံးလုံးဖြစ်သွားတဲ့သမီးတွေရှိသလို..
စားဝတ်နေရေးအကုန်တာဝန်ယူချီးသေးက အစ
ကျန်းမာရေးအလယ် နာရေးအဆုံး တာဝန်အပြည့်ယူသွားတဲ့ငယ်ငယ်ကသမီးကြီးတော့ ထီး ဆိုသလိုမိဘတွေကိုအရိပ်ပေးနေတဲ့သမီးတွေ ဒုနဲ့ဒေး…
သားတော့မွေးထားတယ်Gay ဖြစ်နေပြီးမိတ်ကပ်လိုက်ပြင် ဘုရားပွဲလိုက်ကအင်္ကျီချုပ် စျေးရောင်း ရတဲ့အလုပ်အကုန်လုပ်ပြီးတမိသားစုလုံးရှာကျွေးနေတဲ့သားတွေတပုံကြီး..
ပညာမတက်ပေမယ့်အလုပ်ကြမ်းလုပ် ရှိသမျှခွန်အားနဲ့သူတက်နိုင်သလောက်မိဘကိုရှာဖွေကျွေးမွေးနေတဲ့သားတွေ ဒုနဲ့ဒေး…
မွေးကျေးဇူးမဆပ်တဲ့အပြင်ထောင်ဝင်စာ သွားသွားတွေ့နေရတဲ့သားတွေအများကြီးအရက်သမားဖြစ် ဆေးသမားဖြစ်ဘာေ-ာက်လုပ်မှ မယ်မယ်ရရမလုပ်ပဲအသက်ဖင်ဆောင့်တဲ့အထိ နို့သက်ခံစို့နေတဲ့ သားတွေတပုံကြီး
သမီးတွေတော့မွေးထားပါရဲ့တလင်ပြီးတလင်ပြောင်းတယောက်ပြီးတယောက်မွေးရင်းနဲ့
ကလေးလိုက်ကောက်ရမြေးတွေလိုက်ထိန်းရရင်း သေသွားတဲ့မိဘတွေအများကြီး
သမီးအလိမ္မာမို့ မိဘတွေသာမကတဆွေလုံး တမျိုးလုံး အားကိုးစရာသစ်တပင်ကောင်းလို့ ငှက်တသောင်းနားရုံမကရှိသမျှငှက်အားလုံးလာနားနေကြတဲ့သမီးတွေတပုံကြီး
သားကသူများနောက်ပါမှာသမီးကမှကိုယ်နဲ့နေခဲ့မှာဆိုတဲ့သတ်မှတ်ချက်တွေကြားရင် ရီချင်မိတယ်သမီးကအချိန်တန်ရင်ထည့်လိုက်ရမှာသားကမှ ကိုစားရမှာဆိုတဲ့ပြောဆိုသံတွေကြားရင် သနားမိတယ်
သားသမီးမွေးထားတာကြီးလာရင်အားကိုးချင်လို့ဆိုတာတော့မှန်သင့်သလောက်မှန်ပါတယ်ဒါပေမယ့်ယောက်ျားလေးမွေးမှတို့မိန်းကလေးမှအားကိုးရမယ်တို့ဆိုတာတော့အစွန်းရောက်သွားပြန်ရော…
ကျေးဇူးတရားဆိုတာGender ပေါ်မှီခိုတာမဟုတ်ဘူး သိတတ်မှုဆိုတာကျား/မ ခွဲပြီးအကျိုးပေးတာမဟုတ်ဘူးမိဘလုပ်စာသာ သားသမီးတွေကမရှိရှိတာ ခြစ်ခြုပ်စားသောက်သွားတာသားသမီးလုပ်စာဆိုတာမျိုးကျစားထိုက်မှ စားရတာမျိုး
လောကသဘော ဖြစ်ပျက်သဘောတွေကိုတွေ့နေမြင်နေကြားနေဖတ်နေရပါလျက်သားမမွေးလို့ စိတ်ညစ်နေကြတယ်သမီးမမွေးလို့ စိတ်ဆင်းရဲနေကြတယ်
တချို့များ မရသေးတဲ့ချွေးမတောင်လှမ်းပြီးစိတ်ပူနေကြတာကရှိသေး..မမြင်ရသေးတဲ့ သားမက်တောင်လှမ်းပြီးရန်လုပ်နေကြတာကရှိသေး…
ငါစွဲတွေများလွန်းတယ်…အသက်ကြီးရင် အားကိုးရဖို့ကလေးမွေးကြမယ်ဆိုရင်ကလေးမမွေးနဲ့ အဲ့ကုန်ကျမယ့်ပိုက်ဆံတွေကို ရွှေလုပ်ထား ရွှေတွေများလာရင် တစ်ခုခုအတွက်ရင်းနှီးမြှုပ်နှံထားအဲဒါကလေးမွေးတာထက်ပိုသေချာတယ်
ကိုယ်တောင် မနက်ဖန်အသက်ဆက်ရှင်မလားသေမလား မသေချာတဲ့အနိစ္စလောကမှာကိုယ့်သားသမီးအပေါ် ပုံသေနည်းတွေနဲ့တွက်ချက်နေကြတာမပင်ပန်းလွန်းဘူးလား
ကိုယ့်သားသမီးသာမက သူတို့အိမ်ထောင်ဘက်တွေအပေါ်မှာပါလှမ်းပြီး လောဘ ဒေါသတွေပွားများနေကြတာမဆင်းရဲလွန်းဘူးလား
ကလေးကို ချစ်ခြင်းမေတ္တာနဲ့ပြုစုထိန်းကျောင်းပြီးသူတို့ဘဝအတွက် ကိုယ်တက်နိုင်သလောက် ပေးဆပ်ရင်းကိုယ့်အတွက်လည်းကိုပြင်ဆင်သွားကြတဲ့မိဘတွေလည်းရှိကြတယ်ပြန်မကျွေးရကောင်းလားပြန်မကြည့်ရကောင်းလား ဆိုပြီးအားနေ သားသမီးကိုပြဿနာထိုင်ရှာနေတဲ့မိဘတွေလည်း မြင်ဖူးတယ်
အသီးစားချင်ရင် အပင်စိုက်ပါအသီးအောင်မအောင်က အပင်စိုက်သူနဲ့အများဆုံးသက်ဆိုင်တယ်အရိပ်လိုချင်အပင်စိုက်ပါအရိပ်ကောင်းမကောင်းကစိုက်တဲ့လူရဲ့ အပင်ရွေးချယ်မှုနဲ့သက်ဆိုင်တယ်
ဒါကြောင့်…
သားသမီးအပေါ် ပေးဆပ်မှုတွေသာများပြီး
မျှော်လင့်ချက်တွေနည်းနိုင်သမျှ နည်းကြပါစေ
သားသမီးတွေကလည်း မိဘတွေအပေါ်ရယူတာတွေနည်းနိုင်သမျှနည်းအောင်ကြိုးစားရင်းများများပြန်ပြီးပေးဆပ်နိုင်ကြပါစေ…
ခလုတ်တိုက်လို့ လာဆုံရတဲ့သံသရာခဏမှာ
တစ်ဦးကျေးဇူး တစ်ဦးနားလည်ကြပါစေ။။
Credit Original Uploader
Zawgyi ဖြင့်ဖတ်ပါ
ခလုတ္တိုက္လို႔လာဆုံၾကေသာအခါ
ေျပာခ်င္တာက…
သားေမြးထားၿပီး သားကမိန္းမေၾကာက္ရလို႔မိန္းမလုပ္စာကပိုမ်ားေနလို႔မိန္းမအရွိန္အဝါကပိုႀကီးေနလို႔ကို႔မိဘနဲ႔ေတြဖို႔ေတာင္ခိုးေၾကာင္ခိုးဝွက္..ေပးဖို႔ေကြၽးဖို႔ေတာင္ က်ီးလန္႔စာစား..အဲ့လိုသားေတြတပုံႀကီး
သားေမြးထားၿပီး”ငယ္ငယၠသား ႀကီးေတာ့အား “ဆိုသလိုမိဘေတြမေသမခ်င္းငါေတာ့ငါ့သားလက္ေပၚမွာပဲေသမယ္ငါ့သားရွိေနရင္ငါတို႔ေသတဲ့အထိမပူရဘူးဟဲ့လို႔အားကိုးေနရတဲ့သားေတြတပုံႀကီး
သမီးေမြးထားၿပီးအေမကိုေတာင္ပါးထ႐ိုက္တဲ့သမီးေတြလင္လုဖက္လိုအေမကိုေအာ္ဟစ္ဆက္ဆံေနတဲ့သမီးေတြေငြ ၅၀၀/၁၀၀၀နဲ႔ အေမကိုဆဲဆိုေနတဲ့သမီးေတြလင္ေနာက္လိုက္သြားထဲကတစိမ္းလုံးလုံးျဖစ္သြားတဲ့သမီးေတြရွိသလို..
စားဝတ္ေနေရးအကုန္တာဝန္ယူခ်ီးေသးက အစ
က်န္းမာေရးအလယ္ နာေရးအဆုံး တာဝန္အျပည့္ယူသြားတဲ့ငယ္ငယ္ကသမီးႀကီးေတာ့ ထီး ဆိုသလိုမိဘေတြကိုအရိပ္ေပးေနတဲ့သမီးေတြ ဒုနဲ႔ေဒး…
သားေတာ့ေမြးထားတယ္Gay ျဖစ္ေနၿပီးမိတ္ကပ္လိုက္ျပင္ ဘုရားပြဲလိုက္ကအက်ႌခ်ဳပ္ ေစ်းေရာင္း ရတဲ့အလုပ္အကုန္လုပ္ၿပီးတမိသားစုလုံးရွာေကြၽးေနတဲ့သားေတြတပုံႀကီး..
ပညာမတက္ေပမယ့္အလုပ္ၾကမ္းလုပ္ ရွိသမွ်ခြန္အားနဲ႔သူတက္ႏိုင္သေလာက္မိဘကိုရွာေဖြေကြၽးေမြးေနတဲ့သားေတြ ဒုနဲ႔ေဒး…
ေမြးေက်းဇူးမဆပ္တဲ့အျပင္ေထာင္ဝင္စာ သြားသြားေတြ႕ေနရတဲ့သားေတြအမ်ားႀကီးအရက္သမားျဖစ္ ေဆးသမားျဖစ္ဘာေ-ာက္လုပ္မွ မယ္မယ္ရရမလုပ္ပဲအသက္ဖင္ေဆာင့္တဲ့အထိ ႏို႔သက္ခံစို႔ေနတဲ့ သားေတြတပုံႀကီး
သမီးေတြေတာ့ေမြးထားပါရဲ႕တလင္ၿပီးတလင္ေျပာင္းတေယာက္ၿပီးတေယာက္ေမြးရင္းနဲ႔ကေလးလိုက္ေကာက္ရေျမးေတြလိုက္ထိန္းရရင္း ေသသြားတဲ့မိဘေတြအမ်ားႀကီး
သမီးအလိမၼာမို႔ မိေဘၾတသာမကေတၾဆလုံး တမ်ိဳးလုံး အားကိုးစရာသစ္တပင္ေကာင္းလို႔ ငွက္တေသာင္းနား႐ုံမကရွိသမွ်ငွက္အားလုံးလာနားေနၾကတဲ့သမီးေတြတပုံႀကီး
သားကသူမ်ားေနာက္ပါမွာသမီးကမွကိုယ္နဲ႔ေနခဲ့မွာဆိုတဲ့သတ္မွတ္ခ်က္ေတြၾကားရင္ ရီခ်င္မိတယ္သမီးကအခ်ိန္တန္ရင္ထည့္လိုက္ရမွာသားကမွ ကိုစားရမွာဆိုတဲ့ေျပာဆိုသံေတြၾကားရင္ သနားမိတယ္
သားသမီးေမြးထားတာႀကီးလာရင္အားကိုးခ်င္လို႔ဆိုတာေတာ့မွန္သင့္သေလာက္မွန္ပါတယ္ဒါေပမယ့္ေယာက္်ားေလးေမြးမွတို႔မိန္းကေလးမွအားကိုးရမယ္တို႔ဆိုတာေတာ့အစြန္းေရာက္သြားျပန္ေရာ…
ေက်းဇူးတရားဆိုတာGender ေပၚမွီခိုတာမဟုတ္ဘူး သိတတ္မႈဆိုတာက်ား/မ ခြဲၿပီးအက်ိဳးေပးတာမဟုတ္ဘူးမိဘလုပ္စာသာ သားသမီးေတြကမရွိရွိတာ ျခစ္ျခဳပ္စားေသာက္သြားတာသားသမီးလုပ္စာဆိုတာမ်ိဳးက်စားထိုက္မွ စားရတာမ်ိဳး
ေလာကသေဘာ ျဖစ္ပ်က္သေဘာေတြကိုေတြ႕ေနျမင္ေနၾကားေနဖတ္ေနရပါလ်က္သားမေမြးလို႔ စိတ္ညစ္ေနၾကတယ္သမီးမေမြးလို႔ စိတ္ဆင္းရဲေနၾကတယ္
တခ်ိဳ႕မ်ား မရေသးတဲ့ေခြၽးမေတာင္လွမ္းၿပီးစိတ္ပူေနၾကတာကရွိေသး..မျမင္ရေသးတဲ့ သားမက္ေတာင္လွမ္းၿပီးရန္လုပ္ေနၾကတာကရွိေသး…
ငါစြဲေတြမ်ားလြန္းတယ္…အသက္ႀကီးရင္ အားကိုးရဖို႔ကေလးေမြးၾကမယ္ဆိုရင္ကေလးမေမြးနဲ႔ အဲ့ကုန္က်မယ့္ပိုက္ဆံေတြကို ေ႐ႊလုပ္ထား ေ႐ႊေတြမ်ားလာရင္ တစ္ခုခုအတြက္ရင္းႏွီးျမႇဳပ္ႏွံထားအဲဒါကေလးေမြးတာထက္ပိုေသခ်ာတယ္
ကိုယ္ေတာင္ မနက္ဖန္အသက္ဆက္ရွင္မလားေသမလား မေသခ်ာတဲ့အနိစၥေလာကမွာကိုယ့္သားသမီးအေပၚ ပုံေသနည္းေတြနဲ႔တြက္ခ်က္ေနၾကတာမပင္ပန္းလြန္းဘူးလား
ကိုယ့္သားသမီးသာမက သူတို႔အိမ္ေထာင္ဘက္ေတြအေပၚမွာပါလွမ္းၿပီး ေလာဘ ေဒါသေတြပြားမ်ားေနၾကတာမဆင္းရဲလြန္းဘူးလား
ေကလးကို ခ်စ္ျခင္းေမတၱာနဲ႔ျပဳစုထိန္းေက်ာင္းၿပီးသူတို႔ဘဝအတြက္ ကိုယ္တက္ႏိုင္သေလာက္ ေပးဆပ္ရင္းကိုယ့္အတြက္လည္းကိုျပင္ဆင္သြားၾကတဲ့မိဘေတြလည္းရွိၾကတယ္ျပန္မေကြၽးရေကာင္းလားျပန္မၾကည့္ရေကာင္းလား ဆိုၿပီးအားေန သားသမီးကိုျပႆနာထိုင္ရွာေနတဲ့မိဘေတြလည္း ျမင္ဖူးတယ္
အသီးစားခ်င္ရင္ အပင္စိုက္ပါအသီးေအာင္မေအာင္က အပင္စိုက္သူနဲ႔အမ်ားဆုံးသက္ဆိုင္တယ္အရိပ္လိုခ်င္အပင္စိုက္ပါအရိပ္ေကာင္းမေကာင္းကစိုက္တဲ့လူရဲ႕ အပင္ေ႐ြးခ်ယ္မႈနဲ႔သက္ဆိုင္တယ္
ဒါေၾကာင့္…
သားသမီးအေပၚ ေပးဆပ္မႈေတြသာမ်ားၿပီး
ေမွ်ာ္လင့္ခ်က္ေတြနည္းႏိုင္သမွ် နည္းၾကပါေစသားသမီးေတြကလည္း မိဘေတြအေပၚရယူတာေတြနည္းႏိုင္သမွ်နည္းေအာင္ႀကိဳးစားရင္းမ်ားမ်ားျပန္ၿပီးေပးဆပ္ႏိုင္ၾကပါေစ…
ခလုတ္တိုက္လို႔ လာဆုံရတဲ့သံသရာခဏမြာ
တစ္ဦးေက်းဇူး တစ္ဦးနားလည္ၾကပါေစ။။
Credit Original Uploader

إرسال تعليق