တောင်ဆိတ်တို့ကို ပမာယူ
— Wed, 29 Jun 2022 22:22 Thuta MM Daily
ဘဝမှာသဘောအကျဆုံးအကောင်တွေထဲမှာ တောင်ဆိတ်တွေပါတယ်။ သူတို့ဟာအန္တရာယ်နဲ့နေသားကျနေတယ်။တကယ်တော့သူတို့မှာ မျောက်တွေလိုနီးရာကိုဖမ်းယူဆုပ်ကိုင်ဖို့ အမြီးနဲ့လက်တွေမပါဘူး။
သူတို့မှာခွာတွေပဲပါတယ်။ အဲ့ဒီခွာကအသက်ပဲ။အဲ့ဒီခွာတွေနဲ့ နေသား ကျအောင် balancing ကိုသုံးပြီး ကျောက်တောင်တွေကိုဖြတ်လျှောက်ကြတယ်။နေ့စဉ်အခက်အခဲတွေကိုဖြတ်လျှောက်ရတာများတော့ အခက်အခဲတွေကို သူတို့မမှုတော့ဘူး။
အဲ့ဒီမှာ အခက်အခဲကသူတို့ရဲ့အားသာချက်ပြန်ဖြစ်သွားတယ်။ သူတို့နယ်ပယ်မှာ သူတို့လိုအခက်အခဲကိုမဖြတ်ကျော်နိုင်တဲ့ မြေခွေးတွေ၊ ကျားသစ်တွေက သူတို့ကိုဖမ်းမစားနိုင်ဘူး။
နောက်ပြန်လှည့်လှည့်သွားရတယ်။ကျားသစ်ဟာ ကမ္ဘာပေါ်မှာအမြန်ဆုံးသတ္တဝါထဲမှာပါတယ်ဆိုပေမယ့် မြေညီကွင်းပြင်ထဲမှာသာသူက သားကောင်ကိုလိုက်ဖမ်းတာမြန်တာ။
တောင်ဆိတ်တွေကိုကြည့်လိုက်ရင် တောင်ဘယ်လောက်မြင့်မြင့်၊ ကမ်းပါးဘယ်လောက်မတ်မတ်၊ လမ်းဘယ်လောက်ကြမ်းကြမ်းရအောင်တက်မယ်ဆိုတဲ့ စိတ်ရှိတာတွေ့ရတယ်။
တောင်စောင်းအစွန်းမှာနေနေတဲ့ တောင်ဆိတ်မှာ confidence ကိုယ့်ကိုယ်ကိုယုံကြည်စိတ်အပြည့်ရှိတယ်။ ပြုတ်ကျမှာစိုးရိမ်စိတ်တစ်စိမှရှိတဲ့ပုံမရဘူး။ဒါတွေဟာအလကားတော့ရမလာဘူး။
နေ့စဉ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေက တောင်ဆိတ်ကို ကမ်းပါးစွန်းကိုမမှုစေတော့ဘူး။ကျနော့်ခေါင်းရင်းမှာ တောင်ဆိတ်ရုပ်တုလေးတစ်ခုရှိတယ်။
ဘဝမှာအခက်အခဲတွေကြုံလာတိုင်း ကျနော်ကတော့ တောင်ဆိတ်ပုံကိုပြန်ပြန်ကြည့်ပြီး အားယူလေ့ရှိတယ်။
ကိုယ်ရင်မဆိုင်ချင်လည်းရင်ဆိုင်ရလာတဲ့အခက်အခဲကို တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ်သတိပေးလေ့ရှိတယ်။
မှုရင်း ရေးသာဆရာကိုလေးစားစွာဖြင့်Credit

إرسال تعليق