ဂျပန်လူမျိုးတို့ရဲ့ (၁၀) မိနစ်ကြာ မျက်နှာသစ်ရတဲ့ အကြောင်းအရင်း နဲ့ အကျိုးကျေးဇူး
— Fri, 15 Jul 2022 17:57 Thuta MM Daily
ကျန်းမာလှပပြီး သန့်ရှင်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုတာ အချိန်အများကြီးယူရပါတယ်။
အသားအရေလှပလို့ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော်ကြားတဲ့ ဂျပန်လူမျိုးတွေဟာဆိုရင်
အခုလိုမျိုးအပြစ်အနာအဆာကင်းစင်ပြီး ပြဿနာတွေမရှိစေဖို့ ကိုယ်ပိုင် နည်းလမ်းတွေ ဖန်တီးခဲ့ကြပါသေးတယ်။
ဒီ 4-2-4 နည်းလမ်းလေးက ၁၀ မိနစ်ကြာမြင့်ပြီး ဝင်းလက်တဲ့မျက်နှာလေးကို ပိုင်ဆိုင်ဖို့အတွက် အဓိကအနေနဲ့ အဆင့် ၃ ဆင့်ပါဝင်ပါတယ်။
(၄) မိနစ်ကို အဆီနဲ့အစပြုပါ
(၂) မိနစ္ကို Cream Cleanser သုံးပါက်န္တဲ့
ဒီမျက်နှာသစ်နည်းလမ်းကို အသုံးပြုမယ်ဆိုပါက ညဖက်မှာအသုံးပြုသင့်ပြီး မနက်ခင်းမှာ မျက်နှာသစ်စရာမလိုပါဘူး။ဒါ့အပြင် နေ့တိုင်းလုပ်စရာမလိုဘဲ တစ်ပတ် (၄) ကြိမ်ဆိုလျှင် လုံလောက်ပါပြီ။၄ မိနစ်ကို အဆီနဲ့အစပြုပါ
၄ မိနစ်ကြာ အဆီကိုအသုံးပြုပြီး မျက်နှာပေါ်မှာ ပွတ် သပ်ရင်းနှိပ်နယ်ပေးတာက သွေးလေလည်ပတ်စေ ကာ အပေါ်လွှာကိုနူးညံ့စေပြီး ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ပွင့်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
ကိုယ့်မျက်နှာအသားအရေနဲ့ အဆင်ပြေမယ့် မှန်ကန်တဲ့အဆီကိုရွေးချယ်ဖို့လည်း အထူးအရေးကြီးပါတယ်။
ဥပမာအားဖြင့် Jojoba အဆီက အသားထဲစိမ့်ဝင်သွားနိုင်လို့ အဆီတွေကိုဖယ်ရှားပြီး အတွင်းကအဆိပ်အတောက်တွေကို ဆွဲထုတ်ပေးမယ့် ကြက်ဆူဆီကို အသုံးပြုသင့်ပါတယ်။
၂ မိနစ္ကို Cream Cleanser သုံးပါ
မျက်နှာကို နှိပ်နယ်ပြီးပြီဆိုပါက အဆီလွှာအပေါ်မှနေပြီး Cleanser နည်းနည်းသုံးပေးပါ။
ကျွမ်းကျင်ပညာရှင်များကတော့ အသားအရေကို ခြောက်သွေ့သွားစေနိုင်တဲ့ အမြုပ် သို့မဟုတ် ဂျယ်လ် အမျိုးအစားတွေထက် ခရင်မ်မျက်နှာသစ်ဆေးတွေကို ပိုပြီးသုံးစေချင်ကြပါတယ်။
မျက်နှာအသားအရေကို မထိခိုက်စေအောင်လို့ ညှင်ညှင်သာသာလေး ၂ မိနစ်ကြာ မျက်နှာသစ်ပေးပါ။ကျန်တဲ့ ၄ မိနစ်မှာ မျက်နှာသစ်ပါ
စစချင်း ၂ မိနစ်ကို ရေနွေးနွေးလေးနဲ့ မျက်နှာစသစ်ပြီး ကျန်တဲ့ ၂ မိနစ်ကိုတော့ ရေအေးသုံးပြီး အဆုံးသတ်ပေးပါ။ရေနွေးနွေးလေးက အသားအရေရှိ အဆီပိုတွေကို သန့်စင်ပေးပြီး မျက်နှာပြင်က သွေးစီးဆင်းမှုကို တိုးတက်စေမှာဖြစ်ပါတယ်။
ရေအေးကတော့ ချွေးပေါက်တွေကိုတင်းရင်းစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ဒီနည်းလမ်းက အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးမှာဖြစ်လို့ သင့်ရဲ့မျက်နှာလေးဟာ စိုစိုပြေပြေနဲ့ ဝင်းလက်နေပါလိမ့်မယ်

Post a Comment