ထီးစောင့်နတ်ရဲ့ မေးခွန်း (၄) ခု
Sat, 9 Jul 2022 01:20 မြန်မာ မြင်ကွင်းစုံ
တခါတုန်းကတိုင်းပြည်တစ်ပြည်မှာ မင်းကျင့်တရားများနှင့်အညီ တရားမျှတစွာ အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကြီးတစ်ပါးရှိလေသည်။ဘုရင်ကြီးဟာ တိုင်းရေး ပြည်ရာတွေနဲ့ နစ်မွန်းနေတာကြောင့် တရားဓမ္မအလုပ်ကို မေ့လျော့နေတာကြောင့်တစ်ည
မှာ ထီးချက် စောင့်နတ်သမီးက ဘုရင်အား အိမ်မက်ပေး၍ သတိပေး စကားလေးခွန်း ပြောကြားလာပါတယ်။ အရှင်မင်းကြီး ကြှနျုပျဟာ သင့်ရဲ့ ထီးချက်စောင့်နတ်သ္မီးဖြစ်ပါတယ်..သင်ဟာ နောင် ၇ ရက်ကြာလျှ င် ကံတော်ကုန်ရပါတော့မည့်အကြောင်း
လာရောက်သတိပေးရခြင်းဖြစ်ပါတယ် နတ်သမီးရဲ့စကားကြောင့်မင်းကြီးဟာ ထိတ်လန့်တုန်လှုပ်သွားပြီး.. အဲဒီလို မဖြစ်အောင် လုပ်၍ ရနိုင်မည့်နည်းလမ်းများ မရှိဘူးလား အသင်နတ်သမီး လုပ်နိုင်ပါတယ်..ဒါပေမယ့် ကြှနျုပျပွောတဲ့စကားလေး
ခွန်းရဲ့အဓိပ္ပါယ် ကို အသင်မင်းကြီး ရအောင်တော့ ဖော်ဆောင်ရပါလိမ့်မယ် ကြိုးစားကြည့်ပါမယ်..မိန့်တော်မူပါ အသင်နတ်သမီး တစ်,အချက် ဘယ်အချိန်မှာ ဘယ်အလုပ်ဟာ သင့်တွက်အရေးကြီးဆုံးလဲ ။နှစ်, အချက် အဲဒီအချိန်မှာ အ
ဘယ်ပုဂ္ဂိုလ်ကသင့်တွက် အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်မလဲ..။သုံး,။အချက် ဘယ်လိုလူမျိုးအပေါ် သင် မေတ္တာ ဂရုဏာထားရမလဲ..။လေး, ။အချ က် သင်မေ့လျော့နေတဲ့အရာတွေကိုပြန်ရှာဖွေပါ..။အဲ့ဒီ စကားလေးခွန်းရဲ့ အဓိပ်ပါယျကို ဖော်ထုတ်
ဆောင်ရွက်နိုင်ရင် အသင်မင်းကြီးကံတော်ကုန်မယ့်ဘေးက လွတ်မြောက်ပါလိမ့်မည် နတ်သမီးကွယ်ပျောက်သွားတာနဲ့ ဘုရင်ကြီးလည်း အိပ်ရာမှ လန့်နိုးသွားပါတော့သည်။ ထိုခဏ၌ ပြန်အိပ်မရတော့ပဲနတ် သမီးရဲ့စကားလေးခှနျးအဓိပ်ပါယျကို
စဉ်းစားနေမိတော့သည်။ သို့သော် လည်း မိုးလင်းချိန်ထိ စဉ်းစားမရနိုင်ခဲ့ချေ။နံနက်ညီလာခံတွင် သူ၏ ပညာရှိအမတ်များကို မေးမြန်းခဲ့သော်လည်း ဘယ်အမတ်မှ ရေးရေးရာရာ မဖြေနိုင်ကြဘဲထင်ကြေးဖြင့် ရမ်းသန်းဖြေကြသော အဖြေ
တွေပဲ ရရှိခဲ့လေသည်။ဘုရင်ကြီးလည်း စဉ်းစားရခက်နေပြီး နန်းထဲ၌ပင် အချိန်၃ ရက်ကြာသွားလေသည် ။ သေချာသည့် အဖြေကို မရရှိခဲ့သည့်နောက်ရွှေမြို့တော်အပြင်ဖက် တောရပ်အနီးတွင်တရား ကျင့် နေ သည့် သူတော်စင်အဖိုးအိုတစ်
ယောက်သည် ဉာဏ်ပညာ အမြော်အမြင်ကြီးကြောင်း သတင်းကြားသိရပြီး ထိုအဖိုးအိုထံသွားရန် သူဆင်းရဲ အယောင်ဆောင်၍နန်းတော်ထဲမှ တိတ်တဆိတ်ထွက်ခဲ့ပါတော့သည်။မေးမြန်းစုံစမ်းရင်း နှစ်ရက်ကြာမှ အဖိုးအိုထံ ရောက်သွားလေ
သည်။ ထိုအချိန်တွင် နန်းတော်ထဲမှ ဘုရင်ကြီးပျောက်သွားသဖြင့် စစ်သည်တော်တွေဟာ ဘုရင်ကြီးကို လိုက်ရှာဖွေနေကြသလို ဤသတင်းကိုကြားသဖြင့် ဘုရင်ကြီးအားလုပ်ကြံ သတ်ဖြတ်ရန် လိုက်လံစုံစမ်းနေသည့် လူဆိုးကြီးတစ်ယောက်
လည်း ရှိနေလေသည် ။ပညာရှိအဖိုးအိုထံဘုရင်ကြီးရောက်လာချိန်တွင် အဖိုးအိုကရာသီ သီးပင် စားပင်လေးတွေ စိုက်ပျိုးဖို့ မြေကိုတူးဆွနေပါသည်။ ဘုရင်ကြီးအနား ရောက်လာချိန်တွင် တစ်ချက်မျှသာ ငဲ့ကြည့်ပြီး သူ့အလုပ်ကိုသာ သူ ဆက်လုပ်နေ
ပါသည်။ဘုရင်ကြီးက.. အဖိုး..ခင်ဗျား လို့ စကား စ လိုက်သည်နှင့် အဖိုးအိုကလက်ကာပြလိုက်သဖြင့် အယောင်ဆောင်ဘုရင်ကြီးလည်းအနီးတွင်ရှိနေသော ပေါက်တူးကို ကောက်ကိုင်လိုက်ပြီးအဖိုးအိုနှင့်အတူ ကူညီ မြေတူးဆွနေလိုက်ပါတော့တယ်။
အလုပ်အကိုင်တွေ ပြီးစီးသွားချိန်မှာတော့ ဘုရင်ကြီးလည်းအတော်မောပမ်းနေချေပြီ။ အဖိုးအိုက စားသောက်ဖွယ်ရာတွေချ၍ ကျွေးမွေးသောအခါ ဘုရင်ကြီးလည်း မောလည်းမော..ဆာလည်း ဆာနေသဖြင့် လွန်စွာပင် စားကောင်းပါတော့သည်။စား
သောက်ပြီးချိန်၌ အဖိုးအိုအားသိလိုသော စကားတို့ကိုမေးရန်ကြံရွယ်စဉ်.. မောင်ရင်လဲပင်ပမ်းနေပြီ..ဟိုထောင့်ကွေးလေးမှာ ခနမှေးလိုက်ပါဦး..နောက်မှပဲ စကားပြောကြတာပေါ့..အခုချိန်ကကြှနျုပျတရားထိုင်ဖို့ အချိန်ကျနေပါပြီ ဘုရင်ကြီး
လည်း အဖိုးအိုပြောတဲ့အတိုင်း တဲ ထောင့်ကွေးတွင်တစ်ရေးအိပ်လိုက်လေသည်။
အတန်ငယ်ကြာသွားပြီးနောက် တဲအပြင်မှ ဆူညံသံတွေကြားလို့ ထွက်ကြည့်သောအခါ ဒဏ်ရာဒဏ်ချက်တွေနှင့် လူတစ်ယောက် ရောက်နေသည်ကို တွေ့ရလေသည် ။ဘုရင်ကြီးလည်း ထိုလူကိုတဲအတွင်းသို့ ခေါ်လာခဲ့ပြီး သူ၏ဒဏ်ရာများ
ကို တတ်နိုင်သမျှ ကုသပေးလေသည်။ တရားထိုင်ရာမှ ထလာသောအဖိုးအိုကလည်း လိုအပ်တဲ့ ဆေးဝါးတွေထုတ်ပေးလေသည်။ဆင်းရဲသားယောင်ဆောင်ဘုရင်ကြီးလည်းဒဏ် ရာတွေနှင့်လူကို ဂရုဏာရှေ့ထားပြီးကုသပေးနေခဲ့ရာ
ထီးချက်စောင့်နတ်သမီးပြောသည့် ၇ ရက်ပြည့်မြောက်လာပါတော့သည်။ဘုရင်ကြီးလည်း.. မဖြစ်ဖူး..ဒီနေ့တော့ အဖိုးအိုအား မေးဖြစ်အောင် မေးမှဖြစ်တော့မည်.. ဟု..ကြံစီကာ အဖိုးအိုအားလပ်သည့်အချိန်တွင် မေးလိုက်ပါတော့သည်။ အဖိုးအို
က ဘုရင်မေးသောစကား ၄ ခွန်းကို သေချာနားထောင်လိုက်ပြီး.. အသင့်ကို စရောက်ကတည်းက ဘုရင်မှန်း ကြှနျုပျခန့ျမှနျးမိပါတယျ၊ အခုအသင်မေးတဲ့ စကား လေး ခွန်းကို အသင်ကိုယ်တိုင် အလိုလို အဓိပ်ပါယျဖောျပွီးဖွဈနပေါပွီ
ခင်ဗျာ..ကြှနျုပျတော့နားမလည်ပါလား.. ရှင်းပြပါအုံးအဖိုးရယ် သင် မင်းကြီးမေးတဲ့ ပထမစကားတစ်ခွန်းက ဘယ်အချိန်မှာဘယ်အလုပ်က အရေးကြီးဆုံးလဲ..လို့ ..မဟုတ်လား.. အဲဒါနဲ့ပတ်သက်ပြီး ကြှနျုပျထံ အသင် စ ရောက်လာချိန်မှာ
အပင်စိုက်ရန် မြေတူးဆွပေးရတဲ့ အလုပ်ပါပဲ ဒုတိယ စကားက..အဲဒီအချိန်မှာ သင့်အတွက် အရေးကြီးဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူဖြစ်မလဲ..မဟုတ်လား..အဲ့ဒီသူဟာကြှနျုပျပါပဲ.. တတိယ စကားအရ..ဘယ်လိုလူမျိုးကို ဂရုဏာမေတ္တာထားသင့်
သလဲ မဟုတ်လား..အဲ့ဒီလူဟာလည်းသင်ဆေးကုပေးခဲ့တဲ့ ဒဏ်ရာရလာတဲ့သူပါပဲ..ကိုင်း..ကိုယ့်လူက ဘုရင်ကြီးကို အကျိုးအကြောင်း တစ်ခုခုတော့ ပြောပြလိုက်ပါအုံးလေ..ဒါမှ ဘုရင်ကြီး နားလည်သွားမှာ အဖိုးအို၏စကားကြောင့် ဒဏ်ရာရသော လူနာက
အကျိုးအကြောင်းဝင်ရောက် ရှင်းပြလေသည်။ ကျွန်တော်မျိုးဟာ အသင်မင်းကြီးကို သတ်ဖြတ်ဖို့ အမြဲချောင်းမြောင်းနေတဲ့ လူဆိုးလူမိုက်တစ်ဦးဖြစ်ပါတယ်..မင်းကြီးကို သတ်ဖို့အလာ အဖိုးရဲ့ခြံမြေနားအရောက်မှာအသင်မင်းကြီးရဲ့စစ်သည် ရဲမက်
တွေနဲ့တွေ့ပြီး တိုက်ခိုက်ခံရပါတယ်..ဒဏ်ရာတွေရပြီး ထွက်ပြေးအလာ ဒီကိုရောက်လာခဲ့ရာက အသင်မင်းကြီး ဂရုဏာရှေ့ထားပြီး ကုသပေးခဲ့လို့ အသက်ချမ်းသာခဲ့ရပါတယ်ကျွန်တော်မျိုးမှာ သင်မင်းကြီး ပေးခဲ့တဲ့အသက်ဘဲ ရှိပါတော့တယ်မင်းကြီးရဲ့
ကျေးဇူးကို ကျွန်တော်မျိုးဆပ်လို့မကုန်တော့ပါဘူးဘုရား..ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ ထိုလူကဘုရင်ကြီးကို ထိုင်ကန်တော့လေ၏။ထိုအခါ..ဘုရင်ကြီးက.. အဖိုးပြောတော့ဖြင့် ဟုတ်နေတာဘဲ..ဒါပေမယ့် ဘယ်လိုအကျိုးကြောင်းတွေ
ဆက်စပ်နေသလဲ ကြှနျုပျ မရှင်းသေးလို့ .. တဆိတ်လောက် ရှင်းပြပါအုံး အဖိုးရယ်..အဖိုးအိုက.. အသင်မင်းကြီး..သင် ဒီကိုအချိန်မီရောက်လာပြီး ကြှနျုပျ၏ အလုပ်များကို ကူလုပ်နေရခြင်း..ကျွနု်ပ်ကို အကြောင်းပြု၍ လာရသည်ဖြစ်ခြင်းတို့ကြောင့်
သင်၏ရန်သူ လုပ်ကြံမည့် အန္တရာယ်က ကင်းလွတ်ခဲ့ရသည်..တဖန် သင်ဂရုဏာထားကုသ ပေးခဲ့လို့ သင့်ရန်သူက သင့်ကို ကျေးဇူးတင်ပြီးထိုသူက နောက်ဆိုရင် သင့်အတွက် မိတ်ဆွေကောင်း ဖြစ်ပေတော့မည်..ဒါကြောင့် ဘယ်အချိန်ပဲ ဖြစ်ဖြစ်
ကောင်းတဲ့အလုပ်တခုတွေ့ရင် ဒါဟာ လုပ်သင့်တဲ့အလုပ်ပဲ ဖြစ်တယ်..အဲဒီအလုပ်နဲ့ ပတ်သက်နေတဲ့သူဟာလည်း အရေးပါတဲ့သူပဲပေါ့..ပြီးတော့.. ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကိုယ့်ဖက်က မေတ္တာထားပြီး ပြုသင့်ပြုထိုက်တာကို ပြုပေးလိုက်ပါ..တန်ပြန်
မေတ္တာ အကျိုးပြုပါလိမ့်မယ်..ဒါက စကား ၃ ခွန်းရဲ့..အဓိပ်ပါယျသကျရောကျမှုရှိတဲ့ အကျိုးကျေးဇူးတွေပါပဲ..နောက်ဆုံး ၄ ခွန်းမြောက်စကား.. မေ့လျော့ နေတာတွေကိုပြန်ရှာဖွေပါဆိုတဲ့ အဓိပ်ပါယျကတော့..အသင်မင်းကြီးဟာတိုင်းရေးပြည်ရာတွေ
ထဲမှာ နစ်မွန်းနေလို့ တရားဓမ္မတွေကို အားထုတ်ဖို့ မေ့လျော့နေပါတယ်..ဒါကြောင့်..တရားဓမ္မများကိုလည်း မမေ့လျော့ဖို့ သတိပေးတာဘဲ ဖြစ်ပါတယ်.. သူတော်စင်အဖိုးအို၏ ရှည်လျားစွာသော ရှင်းပြမှုအဆုံး၌ဘုရင်ကြီးလည်း ဝမ်းမြောက်ဝမ်းသာ၍ဦး
သုံးကြိမ်ချရှစ်ခိုးကန်တော့လိုက်လေသည်။ကျေးဇူးကြီးလှပါတယ် အဖိုး ခင်ဗျာ ဤတွင် ဘုရင်ကြီးလည်း သူသိချင်သော စကား ၄ ခွန်း၏အဓိပ်ပါယျကိုသိရှိသှားရသည့ျအပွငျ ရ ရက်အတွင်းသေရမည့်ဘေးမှလွန်မြောက်ပြီး သူ၏
ရန်သူဖြစ်သည့်လူဆိုးကြီးသည်လည်း သူ့အပေါ်တွင် သစ္စာစောင့်သိသောသက်တော်စောင့် လူယုံတော်တစ်ဦး ဖြစ်သွားပါလေတော့တယ်။
Credit ~မူရင်း

إرسال تعليق