“လိမ်လည်လှည့်ဖျားခြင်းရဲ့ ရလာဒ်”

“လိမ်လည်လှည့်ဖျားခြင်းရဲ့ ရလာဒ်”
Sat, 2 Jul 2022 00:38 မြန်မာ မြင်ကွင်းစုံ


တခါတုန်းက ဂင်္ဂါမြစ်ကမ်းမှာ ဆာဒူးကြီးတစ်ဦး ရှိသတဲ့။ တစ်နေ့တော့ သူဟာ စကားမပြောဘဲ ဝဇီပိတ် ကျင့်ကြံနေသတဲ့။ သူပြောလိုတဲ့ အကြောင်း အရာတွေကို အမူအရာနဲ့ပဲ ပြပြီးပြောတာပေါ့။ သူ့ရဲ့ ထူးခြားတဲ့အပြုအမူကြောင့် ဆာဒူးကြီးမှာ





တပည့်တပန်းတွေလည်း ရှိလာပါတယ်။ တစ်နေ့မှာတော့ သူဟာ ဂါနီလို့အမည်ရတဲ့ သူရဲ့အိမ်ကို အလှူခံထွက်လာသတဲ့။ ဦးဂါနီရဲ့သမီးလေး ဗီရှီဟာ အလွန်ချောမော လှပသတဲ့။ချောမောလှပတဲ့ ဗီရှီလေးဟာ ဆာဒူးကြီးကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းသတဲ့။ ဆာ





ဒူးကြီးဟာ ဗီရှီလေးကို အနီးကပ် မြင်လိုက်ရတဲ့အခါမှာ သတိလက်လွတ် ဖြစ်သွားပြီး လှလိုက်တာလို့ ရေရွတ်မိသတဲ့။အချိန်ခဏအတွင်းမှာပဲ ဆာဒူးကြီးဟာ သတိလက်လွတ် ဖြစ်သွားရာကနေ သတိပြန်ဝင်လာပြီး နောက်ကို ဆုတ်လိုက်မိသတဲ့။ဒါပေမယ့်





ဦးဂါနီကတော့ ဆာဒူးကြီး ရေရွတ်လိုက်တာကို လှမ်းမြင်လိုက်တာကြောင့် အနားကိုလာပြီး မေးသတဲ့။ “အရှင်ရေ.. အရှင့်အနေနဲ့ စကားမပြောဘဲ ဝဇီပိတ်ကျင့်ကြံနေတယ်လို့ သိထားပါတယ်။ ဒါပေမယ့် ခုန က ကျွန်တော်မျိုးအိမ်ရှေ့မှာ တစ်ခုခုရေရွတ်လိုက်





တယ်လို့ထင်ပါတယ်။”ဆာဒူးကြီးဟာ အမှန်အတိုင်းဝန်မခံလိုတာကြောင့် အခုလို လိမ် လည်ပြီး ဖြေဆိုလိုက်သတဲ့။“ငါ့ရဲ့ ဝဇီပိတ်အကျင့်အကြံ ပျက်သွားတာဟာ မင်းရဲ့ သမီးကြောင့်ဖြစ်တယ်။”အလို..” ဘယ်လိုကြောင့်များ ကျွန် တော်မျိုး သမီးရဲ့ အပြစ်





ဖြစ်ရတာလဲ အရှင်ရဲ့။”“သင်ဟာ ကံဆိုးမိုးမှောင်ကျရတော့မယ် ဦးဂါနီရေ။သင့်ရဲ့သမီးဟာ ကံကြမ္မာဆိုးတွေကို သယ်ဆောင်လာတဲ့သူ ဖြစ်တယ်။သင့်ရဲ့သမီးကို အိမ်ထောင်ပြုပေးလိုက်တာနဲ့ တစ်ပြိုင်နက် သင်ဒုက္ခရောက်ရလိမ့်မယ်”လို့ ပြောသတဲ့။ ဦးဂါနီ



လည်း တုန်လှုပ်ခြောက်ခြားသွားပြီး ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ် တောင်းတော့တာပေါ့။လိမ်လည်လှည့်ဖျားလိုတဲ့ဆာဒူးကြီးဟာ အခုလိုပြောသတဲ့။“သင့်ရဲ့သမီးကို သေတ္တာတစ်လုံးအတွင်းမှာ ထည့်ပြီး အဖုံးပိတ်လိုက်ပါ။ ပြီးရင် မြစ်ရေထဲမှာ မျှောလွှင့်လိုက်ပါ။





ဒါဆိုရင် သင်ဟာ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရလိမ့်မယ်။”အသိဉာဏ်ပညာနည်းပါးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ဦးဂါနီကလည်း ဆာဒူးကြီးပြောတဲ့အတိုင်းလုပ်ဖို့ သဘောတူလိုက်သတဲ့။ သမီးလေး ဗီရှီ ကန့်ကွက်ဆန့်ကျင်နေတဲ့ ကြားကပဲ သေတ္တာထဲကို အတင်းထည့် ပိတ်လိုက်ပြီး မြစ်ထဲကို မျှောလိုက်သတဲ့။





လိမ်လည်လှည့်ဖျားတဲ့ ဆာဒူးကြီးကလည်း သူ့ရဲ့ တပည့်တွေကို မြစ်ထဲမှာ သေတ္တာတစ်လုံး မျောလာမယ့်အကြောင်း ပြောထားပြီး သေတ္တာ ကိုတွေ့ရင် အဖုန်းဖွင့်မကြည့်ဘဲ သူ့ဆီကို ယူလာခဲ့ဖို့ မှာထားသတဲ့။ ဒီအချိန်မှာ မင်းသားလေးတစ်ပါးဟာ





မြစ်ကမ်းနဖူးတစ်လျှောက်မှာ လေ ညင်းခံရင်း လမ်းလျှောက်ထွက်လာသတဲ့။ မြစ်ထဲမှာ မျောပါလာတဲ့ သေတ္တာကို တွေ့လိုက်ရတဲ့အခါ မင်းသားလေးဟာ သူ့ရဲ့နောက် လိုက်နောက်ပါ တပည့်တွေကို ဆယ်ယူဖို့ ပြောသတဲ့။ သေတ္တာကို ဖွင့်ကြည့်ပြီး





ချောမောလှပတဲ့ မိန်းမပျိုလေးကို တွေ့လိုက်ရတဲ့အခါ မင်းသားလေးဟာ အရမ်းအံ့သြသွားတာပေါ့။ မိန်းမပျိုလေးဗီရှီကလည်း မင်းသားလေးကို အကြောင်းစုံ ပြောပြလိုက်တာပေ့ါ။ စိတ်ထားကောင်းတဲ့ မင်းသားလေးဟာ အကောက်ကြံတဲ့ ဆာ





ဒူးကြီးကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်သတဲ့။ သေတ္တာထဲကို တောထဲက မျောက်တစ်ကောင် ဖမ်းထည့်ပြီး မြစ်ထဲကို မျှောလိုက်သတဲ့။ ဆာဒူးကြီးရဲ့ တပည့်တွေလည်း မြစ်ထဲမှာမျောလာတဲ့သေတ္တာကို တွေ့တဲ့အခါ ဆာဒူးကြီး မှာထားတဲ့အတိုင်း သယ်ပြီး





ယူလာကြတာပေါ့။ သေတ္တာရောက်လာတဲ့အခါ ဆာဒူးကြီးဟာ သူတရားထိုင်မှာ ဖြစ်တဲ့အတွက် သူ့ရဲ့တ ပည့်တွေကို အနားမှာ မနေကြဖို့ ညွှန်ကြားသတဲ့။ ညသန်းခေါင်ရောက်တဲ့အခါ ဆာဒူးကြီးဟာ သေတ္တာကို တိတ်တိတ်လေး ဖွင့်လိုက်သတဲ့။ ဒီအခါမှာ





စိတ်ဆိုးနေတဲ့ မျောက်ရိုင်းဟာ ဆာဒူးကြီးကို ကုတ်ဖဲ့ပြီး လိုက်ကိုက်သတဲ့။ ဆာဒူးကြီးလည်း ကြောက်လန့်တကြားနဲ့ အကူ အညီတောင်းရတော့တာပေါ့။တပည့်တွေ ရောက်လာတဲ့အခါမှာ အဖြစ်အပျက်ကို နားလည်သွားကြပြီး ဆာဒူးကြီးကို





ပျက်ရယ်ပြုကြတာပေါ့။ကိုယ်ကျင့်တရား မကောင်းဘဲ လိမ်လည်လှည့်ဖျားတဲ့ ဆာဒူးကြီးကို တပည့်တွေက စွန့်ခွာသွားကြသတဲ့။ ဒါကြောင့် သူတစ်ပါးကို လိမ် လည် လှည့်ဖျားတာမျိုးမလုပ်တာအကောင်းဆုံးပါ၊ လိမ်လည်လှည့်ဖျား တတ်တဲ့သူ





တွေဟာ ကိုယ်ပြုတဲ့ မကောင်းမှု အကုသိုလ်ကြောင့် နောင်တစ်ချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခရောက်ကြတယ်ဆိုတဲ့ အချက်ကို ဒီအကြောင်းအရာလေးက သင်ခန်းစာပေးထားတာဖြစ်ပါတယ်။





Credit – မူရင်း

Zawgyi ဖြင့်ဖတ်ပါ

လိမ္လည္လွည့္ဖ်ားျခင္းရဲ႕ ရလာဒ္



တခါတုန္းက ဂဂၤါျမစ္ကမ္းမွာ ဆာဒူးႀကီးတစ္ဦး ႐ြိသတဲ့။ တစ္ေန႔ေတာ့ သူဟာ စကားမေျပာဘဲ ဝဇီပိတ္ က်င့္ႀကံေနသတဲ့။ သူေျပာလိုတဲ့ အေၾကာင္း အရာေတြကို အမူအရာနဲ႔ပဲ ျပၿပီးေျပာတာေပါ့။ သူ႔ရဲ႕ ထူးျခားတဲ့အျပဳအမူေၾကာင့္ ဆာဒူးႀကီးမွာ

တပည့္တပန္းေတြလည္း ရွိလာပါတယ္။ တစ္ေန႔မွာေတာ့ သူဟာ ဂါနီလို႔အမည္ရတဲ့ သူရဲ႕အိမ္ကို အလႉခံထြက္လာသတဲ့။ ဦးဂါနီရဲ႕သမီးေလး ဗီ႐ြီဟာ အလြန္ေခ်ာေမာ လွပသတဲ့။ေခ်ာေမာလွပတဲ့ ဗီရွီေလးဟာ ဆာဒူးႀကီးကို လႉဖြယ္ပစၥည္းေတြ လႉဒါန္းသတဲ့။ ဆာ

ဒူးႀကီးဟာ ဗီရွီေလးကို အနီးကပ္ ျမင္လိုက္ရတဲ့အခါမွာ သတိလက္လြတ္ ျဖစ္သြားၿပီး လွလိုက္တာလို႔ ေရ႐ြတ္မိသတဲ့။အခ်ိန္ခဏအတြင္းမွာပဲ ဆာဒူးႀကီးဟာ သတိလက္လြတ္ ျဖစ္သြားရာကေန သတိျပန္ဝင္လာၿပီး ေနာက္ကို ဆုတ္လိုက္မိသတဲ့။ဒါေပမယ့္

ဦးဂါနီေကတာ့ ဆာဒူးႀကီး ေရ႐ြတ္လိုက္တာကို လွမ္းျမင္လိုက္တာေၾကာင့္ အနားကိုလာၿပီး ေမးသတဲ့။ အရွင္ေရ.. အရွင့္အေနနဲ႔ စကားမေျပာဘဲ ဝဇီပိတ္က်င့္ႀကံေနတယ္လို႔ သိထားပါတယ္။ ဒါေပမယ့္ ခုန က ကြၽန္ေတာ္မ်ိဳးအိမ္ေရွ႕မွာ တစ္ခုခုေရ႐ြတ္လိုက္

တယ္လို႔ထင္ပါတယ္။ဆာဒူးႀကီးဟာ အမွန္အတိုင္းဝန္မခံလိုတာေၾကာင့္ အခုလို လိမ္ လည္ၿပီး ေျဖဆိုလိုက္သတဲ့။ငါ့ရဲ႕ ဝဇီပိတ္အက်င့္အႀကံ ပ္က္ၾသားတာဟာ မင္းရဲ႕ သမီးေၾကာင့္ျဖစ္တယ္။အလို.. ဘယ္လိုေၾကာင့္မ်ား ကြၽန္ ေတာ္မ်ိဳး သမီးရဲ႕ အျပစ္

ျဖစ္ရတာလဲ အရွင္ရဲ႕။သင္ဟာ ကံဆိုးမိုးေမွာင္က်ရေတာ့မယ္ ဦးဂါနီေရ။သင့္ရဲ႕သမီးဟာ ကံၾကမၼာဆိုးေတြကို သယ္ေဆာင္လာတဲ့သူ ျဖစ္တယ္။သင့္ရဲ႕သမီးကို အိမ္ေထာင္ျပဳေပးလိုက္တာနဲ႔ တစ္ၿပိဳင္နက္ သင္ဒုကၡေရာက္ရလိမ့္မယ္လို႔ ေျပာသတဲ့။ ဦးဂါနီ

လည္း တုန္လႈပ္ေျခာက္ျခားသြားၿပီး ဘယ္လိုလုပ္ရမလဲဆိုတာ အႀကံဉာဏ္ ေတာင္းေတာ့တာေပါ့။လိမ္လည္လွည့္ဖ်ားလိုတဲ့ဆာဒူးႀကီးဟာ အခုလိုေျပာသတဲ့။သင့္ရဲ႕သမီးကို ေသတၱာတစ္လုံးအတြင္းမွာ ထည့္ၿပီး အဖုံးပိတ္လိုက္ပါ။ ၿပီးရင္ ျမစ္ေရထဲမွာ ေမွ်ာလႊင့္လိုက္ပါ။

ဒါဆိုရင္ သင္ဟာ တစ္သကႅဳံး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္သြားရလိမ့္မယ္။အသိဉာဏ္ပညာနည္းပါးၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ ဦးဂါနီကလည္း ဆာဒူးႀကီးေျပာတဲ့အတိုင္းလုပ္ဖို႔ ေသဘာတူလိုက္သတဲ့။ သမီးေလး ဗီ႐ြီ ကန႔္ကြက္ဆန႔္က်င္ေနတဲ့ ၾကားကပဲ ေသတၱာထဲကို အတင္းထည့္ ပိတ္လိုက္ၿပီး ျမစ္ထဲကို ေမွ်ာလိုက္သတဲ့။

လိမ္လည္လွည့္ဖ်ားတဲ့ ဆာဒူးႀကီးကလည္း သူ႔ရဲ႕ တပည့္ေတြကို ျမစ္ထဲမွာ ေသတၱာတစ္လုံး ေမ်ာလာမယ့္အေၾကာင္း ေျပာထားၿပီး ေသတၱာ ကိုေတြ႕ရင္ အဖုန္းဖြင့္မၾကည့္ဘဲ သူ႔ဆီကို ယူလာခဲ့ဖို႔ မြာထားသတဲ့။ ဒီအခ်ိန္မွာ မင္းသားေလးတစ္ပါးဟာ

ျမစ္ကမ္းနဖူးတစ္ေလွ်ာက္မွာ ေလ ညင္းခံရင္း လမ္းေလွ်ာက္ထြက္လာသတဲ့။ ျမစ္ထဲမွာ ေမ်ာပါလာတဲ့ ေသတၱာကို ေတြ႕လိုက္ရတဲ့အခါ မင္းသားေလးဟာ သူ႔ရဲ႕ေနာက္ လိုက္ေနာက္ပါ တပည့္ေတြကို ဆယ္ယူဖို႔ ေျပာသတဲ့။ ေသတၱာကို ဖြင့္ၾကည့္ၿပီး

ေခ်ာေမာလွပတဲ့ မိန္းမပ်ိဳေလးကို ေတြ႕လိုက္ရတဲ့အခါ မင္းသားေလးဟာ အရမ္းအံ့ၾသသြားတာေပါ့။ မိန္းမပ်ိဳေလးဗီရွီကလည္း မင္းသားေလးကို အေၾကာင္းစုံ ေျပာျပလိုက္တာေပ့ါ။ စိတ္ထားေကာင္းတဲ့ မင္းသားေလးဟာ အေကာက္ႀကံတဲ့ ဆာ

ဒူးႀကီးကို သင္ခန္းစာေပးဖို႔ ဆုံးျဖတ္လိုက္သတဲ့။ ေသတၱာထဲကို ေတာထဲက ေမ်ာက္တစ္ေကာင္ ဖမ္းထည့္ၿပီး ျမစ္ထဲကို ေမွ်ာလိုက္သတဲ့။ ဆာဒူးႀကီးရဲ႕ တပည့္ေတြလည္း ျမစ္ထဲမွာေမ်ာလာတဲ့ေသတၱာကို ေတြ႕တဲ့အခါ ဆာဒူးႀကီး မွာထားတဲ့အတိုင္း သယ္ၿပီး

ယူလာၾကတာေပါ့။ ေသတၱာေရာက္လာတဲ့အခါ ဆာဒူးႀကီးဟာ သူတရားထိုင္မွာ ျဖစ္တဲ့အတြက္ သူ႔ရဲ႕တ ပည့္ေတြကို အနားမြာ မေနၾကဖို႔ ၫႊန္ၾကားသတဲ့။ ညသန္းေခါင္ေရာက္တဲ့အခါ ဆာဒူးႀကီးဟာ ေသတၱာကို တိတ္တိတ္ေလး ဖြင့္လိုက္သတဲ့။ ဒီအခါမြာ

စိတ္ဆိုးေနတဲ့ ေမ်ာက္႐ိုင္းဟာ ဆာဒူးႀကီးကို ကုတ္ဖဲ့ၿပီး လိုကၠိုက္သတဲ့။ ဆာဒူးႀကီးလည္း ေၾကာက္လန႔္တၾကားနဲ႔ အကူ အညီေတာင္းရေတာ့တာေပါ့။တပည့္ေတြ ေရာက္လာတဲ့အခါမွာ အျဖစ္အပ်က္ကို နားလည္သြားၾကၿပီး ဆာဒူးႀကီးကို

ပ်က္ရယ္ျပဳၾကတာေပါ့။ကိုယ္က်င့္တရား မေကာင္းဘဲ လိမ္လည္လွည့္ဖ်ားတဲ့ ဆာဒူးႀကီးကို တပည့္ေတြက စြန႔္ခြာသြားၾကသတဲ့။ ဒါေၾကာင့္ သူတစ္ပါးကို လိမ္ လည္ လွည့္ဖ်ားတာမ်ိဳးမလုပ္တာအေကာင္းဆုံးပါ၊ လိမ္လည္လွည့္ဖ်ား တတ္တဲ့သူ

ေတြဟာ ကိုယ္ျပဳတဲ့ မေကာင္းမႈ အကုသိုလ္ေၾကာင့္ ေနာင္တစ္ခ်ိန္မွာ ကိုယ္ကိုယ္တိုင္ပဲ ဒုကၡေရာက္ၾကတယ္ဆိုတဲ့ အခ္ကၠို ဒီအေၾကာင္းအရာေလးက သင္ခန္းစာေပးထားတာျဖစ္ပါတယ္။

Credit မူရင္း

Post a Comment

Previous Post Next Post

Comments