နှစ်သက်မိသော စကား ၇ ခွန်း
(၁) တောင်းပန်ပါ
ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက်ကိုယ်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။
(၂) ချစ်ခင်မြတ်နိုးပါ
ပြီးပြည့်စုံတဲ့သူတစ်ယောက်ကိုရှာဖွေလက်တွဲမှချစ်ခြင်း
လို့မည်တာမဟုတ်ပါဘူး။လူတိုင်းကပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်စုံမက်ပါ။
(၃) တည်ငြိမ်ပါ
လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။
(၄) အဆင့်တန်းမြင့်စွာနေထိုင်ပါ
လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူ၀တ်ဆင်ထားတဲ့ Branded အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။
(၅) အရှိန်အဝါနဲ့နေပါ
ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အဝါထက် ပင်ကိုယ်သဘောထားကြီးပြီးကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။
(၆) ဆွဲဆောင်မှုရှိအောင်နေပါ။
လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့ ဆွဲဆောင်မှုက လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။
(၇) ခွင့်လွှတ်ပါ
တစ်ခါတစ်လေလူတစ်ယောက်ကိုခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်ပါ ။

Post a Comment