ကြီးတိုင်းလည်း အရာမရောက်

ကြီးတိုင်းလည်း အရာမရောက်
Tue, 5 Jul 2022 21:19 မြန်မာ မြင်ကွင်းစုံ


တစ်ခါက ရွာလေးတစ်ရွာမှာ အဘိုးကြီးနဲ့ မြေးလေး တို့အိမ်တစ်အိမ်မှာ အတူတူ နေကြသတဲ့ကွယ်။အဘိုးကြီး အသက် က ၆၅နှစ်ရှိပြီ။သူ့မြေးလေးရဲ့ အသက်က ၁၄ နှစ်ရှိပြီ။တစ်နေ့တော့ အဘိုးကြီးနဲ့ သူ့မြေးလေးတို့ဟာ ရွာကနေ မြို့ကို ပစ္စည်းတွေ





သွားဝယ်ဖို့ ရွာကနေထွက်လာသတဲ့ကွယ်။သူတို့နှစ်ယောက် မြို့ကို မရောက်ခင် နှစ်ယောက်သား ဗိုက်ဆာလာကြသတဲ့ကွယ်။ခြေလျှင် ခရီးလဲ ဖြစ်တော့ ပိုပင်ပန်းတာပေါ့။အဲ့ဒါ နှစ်ယောက်သား အမြန်သွားကြတယ် မြို့ကို ရောက်အောင် လို့ဆိုပြီး မြို့လဲ





ရောက်ရော နှစ်ယောက်သား တစ်ပြိုင်ထဲမှာဘဲ ပေါင် မုန့်ရောင်းတဲ့ဆိုင်ထဲကို ဝင်သွားကြသတဲ့။ပေါင်မုန့်တွေ အများကြီး မှန်ကောင်တာ ထဲမှာ စီထားတယ်။အဲ့ဒါကို သူ့မြေးလေးကို အဖိုးကြီးက မေးတယ် ဘယ်ပေါင်မုန့် စားချင်သလဲလို့။မြေးလေး





က ကိတ်မုန့် အကြီးကြီးစားချင်တာလို့ ဖြေတယ်။အဖိုးကြီးက ပြန်မေးတယ် “အာမဟုတ်သေးပါဘူး အဲ့ကိတ်မုန့် အကြီးကြီးတွေက အာဟာမပြည့်ဘူး။သေးသေးလေးနဲ့ အာဟာရပြည့်တဲ့ပေါင်မုန့်တွေ စား”လို့ သူ့မြေလေးကို ပြောလိုက်တယ်။သူ့မြေး





လေးကလဲ စိတ်ကောက်သွားသတဲ့။ အဖိုးကြီးမှာ မတတ်နိုင်ဘူး ပိုက်ဆံလဲ ပါမလာတော့ သေးသေးလေးနဲ့ အာဟာ ရရှိတဲ့ ပေါင်မုန့်လေးဝယ်လာခဲ့တယ်။လမ်းမှာနှစ်ယောက်သား ဝယ်လာတဲ့ ပေါင်မုန့် တွေကို စားရင်း ခရီးဆက်သတဲ့ကွယ်။





လမ်းတစ် ဝက်ရောက်တော့ အဖိုးက သူ့မြေးလေးကို ပြောပြတယ် “ မြေးလေး ခုဏက ပေါင်မုန့်ဆိုင်မှာ မြေးလေးက ကိတ်မုန့် အကြီးကြီးစားချင်တယ်လို့ ပူဆာတော့ မြေးလေးကို အဘိုးက မဝယ်နဲ့ လို့ပြောတာ မစားစေချင်လို့မဟုတ်ပါဘူး၊ဒီလိုကွယ့် ကမ္ဘာ



မှာ ကြီးတဲ့အရာတိုင်းကောင်း တာမဟုတ်ဖူးဆိုတာကို နားလည်အောင် မြေးလေးကို ပုံပြင် တစ်ပုဒ်ပြောပြမယ် နားထောင်” လို့ သူ့မြေးလေးကို သူ့အဘိုးက ပုံ ပြင်တစ်ပုဒ်ပြောပြသတဲ့။“ဟိုရှေးရှေး တုန်းက တမာပင် ကြီးတစ်ပင် လူတွေမနေတဲ့နေရာမှာ ရှိ





သတဲ့ကွယ်။တမာပင် ကြီးရဲ့ ဘေးမှာ သစ် ပင် ပန်းပင် သေးသေးလေးတွေဘဲရှိတယ်။သူ့လို တမာပင်ကြီးမရှိဘူးတဲ့ကွယ်။အဲ့ဒီလိုမရှိတော့ တမာပင်ကြီး က သူအကြီးဆုံး၊အ ကောင်းဆုံး၊အသုံးဝင်ဆုံး လို့ထင်တယ်တဲ့ကွယ်။သစ်ပင်လေး





တွေ ပန်းပင်လေးတွေကလဲ သူ့ကို ပြောပြတယ် အဲ့လောက်ကြီး မာနမကြီးဖို့နဲ့ သူ့ထက်အသုံးဝင်တဲ့အပင်တွေရှိကြောင်းပြောပြတယ်။ဒါပေမဲ့ တမာပင်ကြီးက နားမထောင်ဘူး ဆက်ပြီးတော့ သူ့ကိုယ်သူ မာန်ထောင်နေသတဲ့။တစ်နေ့ တမာပင်ကြီး အနားမှာ





ရှိတဲ့ အပင်လေးတစ်ပင်က မြို့ကို သွားစရာကိစ္စတစ်ခုရှိတယ် ဆိုပြီး တမာပင်ကြီးကို ဘာမှာလိုက်အုံးမလဲလို့မေးတယ်။တမာပင် ကြီးကလဲ ငါ့လောက်ကြီးပြီး အသုံးဝင်တဲ့ အပင်တွေ့ ရင် ခေါ်ခဲ့စမ်းကွာလို့ မြို့ကို သွားတော့မဲ့ သစ်ပင်လေးကိုမှာလိုက်သတဲ့ကွယ်။





သစ်ပင်လေးလဲ အင်းအင်း လို့ပြောပြီး ထွက်လာသတဲ့ကွယ်။မြို့လဲရောက်ရော တောအုပ်ထဲက ထွက်လာခဲ့တဲ့ သစ်ပင်လေးက မြေသြဇာတွေ ဝယ်ဖို့ ခြံတစ်ခြံကို ရောက်သွားတယ်။ရောက်သွားတော့ သူမြင်လိုက်တာက အလွန်လှပတဲ့ နှင်းဆီပင်တွေကို





လူတွေ အများကြီး ရွေးပြီးဝယ်နေတာကို တွေ့လိုက်သတဲ့။“ဟိုနှင်းဆီ အဖြူပင်လေးပေးပါအုံး”“ဟိုနှင်းဆီ အနီပင်လေးပေးပါအုံး”စသော အဲ့လို ဆူလောင်စွာဖြင့် နှင်းဆီပင်တွေကို လူတွေ အများကြီး ဝယ်နေကြတာ တွေ့သတဲ့။အဲ့တော့ သစ်ပင်





လေးလဲ အဲ့ဒါကိုမြင်ပြီး ငါတို့တောအုပ်ထဲက တမာပင်ကြီး ကို သူ့ထက် အပင်လေး သေးပေမဲ့ လူတွေ တော်တော်ကြိုက်ပြီး စိုက်မျိုးကြတဲ့ နှင်းဆီပင်တွေ ရှိကြောင်းပြောပြရမယ် ဆိုပြီး တွေးရင် တော အုပ်ထဲသို့ပြန်လာခဲ့တယ်။မြို့ကနေပြန်လာတဲ့





သစ်ပင်လေး တောအုပ်ထဲရောက်တော့ တမာပင်ကြီးကို ပြောပြတယ်။“ခင်ဗျား က အကြီးကြီးသာ ဖြစ်တာ လူတွေ အတွက်ရော အကြိုက်ရော ခင်ဗျား နှင်းဆီ ပင်တွေ ကိုမယှဉ်နိုင်ပါဘူးဗျာ”လို့ပြောတယ်။တမာပင်ကြီးကလဲ သူ့ကို အဲ့လို ပြောတော့





စိတ်တိုသွားပြီး ပြန်ပြောတယ်“အောင်မာ ဟုတ်လား အဲ့ဆို ငါ့လိုက်ပြစမ်း အဲ့ သေးသေးလေးနဲ့လူတွေ တော် တော် ကြိုက်တဲ့ နှင်းဆီပင်တွေ ရှိတဲ့နေရာကို”မြို့ကပြန်လာတဲ့ သစ်ပင်လေးကလဲ “ဟုတ်ပြီ လိုက်ပြမယ် လိုက်ခဲ့”ဆိုပြီးပြောသတဲ့။အဲ့ဒါနဲ့





သစ်ပင်လေးနဲ့ တမာပင်ကြီးနဲ့ က တောအုပ်ထဲက ထွက်ပြီး မြို့ကို သွားကြတာပေါ့။မြို့လဲရောက်ရော သစ်ပင်ပန်းပင်တွေရောင်းတဲ့ဆိုင်ကို နှစ်ယောက်သား ဆက်သွားကြတယ်။သစ်ပင်ပန်းပင်တွေရောင်းတဲ့ နေရာလဲ ရောက်ရော တမာပင်ကြီးက နှင်းဆီပင်





တွေကို လူတွေ လုပြီး ဝယ်နေကြတာကို တွေ့သွားသတဲ့ကွယ်။ဒါကို တမာပင်ကြီးက အမြင်မှန်မရသေးဘဲ လူတွေကြားအောင် ဒီလို အော်လိုက်သတဲ့..။“ငါဟာ အဲ့ဒီ သစ်ပင်တွေထက်ပိုပြီးကြီးတယ်ကွ၊မင်းတို့ က အလကားသေးသေးလေးကို





အဟုတ်ထင်နေတယ်၊မင်းတို့က ညဏ်မရှိတဲ့ကောင်တွေ”ဆိုပြီး အဲ့လို အော်ပြီး အကျယ်ကြီးပြောချလိုက်သတဲ့ကွယ်။လူတွေက သူတို့ ကို အဲ့လိုပြောသံကြားတော့ ပုဆိန်တွေ တစ်ခါတည်းယူလဲပြီး စိတ်တိုတိုနဲ့ အဲ့သစ်ပင် ကြီးကို ဝိုင်းခုတ်ကြတာပေါ့





ကွယ်။သစ်ပင်ကြီးမှာ နာကျင်ပြီး တော့ ပြိုလဲသွားသတဲ့ကွယ်။ နောက်ပြီး လူတွေထဲက တစ်ယောက် “ဒီ သစ်ပင် ကြီးသာကြီးတာ ဘာမှ အသုံးမဝင်ပါဘူးကွာ သူ့ရဲ့ သစ်ပင် အသားတွေကို မီးသာ ရှို့လိုက်ကွာ” လို့ပြောသတဲ့။အဲ့လိုနဲ့ နောက်ဆုံး ကိုယ့်ကိုယ်





ကြီးမားဆုံးထင်တဲ့ တမာပင်ကြီးလဲ သေသွားပြီး မီးစာ အဖြစ်ရောက်သွားသတဲ့” လို့ သူမြေးလေးကို အဘိုးကြီးက ကြီးမားပေမဲ့ အသုံးမဝင် အရာမရောက်တဲ့အကြောင်း ပုံပြင်လေးနဲ့ အတူပြောပြလိုက်တယ်။သူမြေးလေးလဲ သဘောပေါက်သွားပြီး ခေါင်းညိမ့်ပြီး စဉ်းစားနေတော့တယ်..။





Credit ~မူရင်း

Zawgyi ဖြင့်ဖတ်ပါ

ႀကီးတိုင္းေကာင္းတာမဟုတ္..



တစ္ခါက ႐ြာေလးတစ္႐ြာမွာ အဘိုးႀကီးနဲ႔ ေျမးေလး တို႔အိမ္တစ္အိမ္မွာ အတူတူ ေနၾကသတဲ့ကြယ္။အဘိုးႀကီး အသက္ က ၆၅ႏွစ္ရွိၿပီ။သူ႔ေျမးေလးရဲ႕ အသကၠ ၁၄ ႏွစ္ရွိၿပီ။တစ္ေန႔ေတာ့ အဘိုးႀကီးနဲ႔ သူ႔ေျမးေလးတို႔ဟာ ႐ြာကေန ၿမိဳ႕ကို ပစၥည္းေတြ

သြားဝယ္ဖို႔ ႐ြာကေနထြက္လာသတဲ့ကြယ္။သူတို႔ႏွစ္ေယာက္ ၿမိဳ႕ကို မေရာက္ခင္ ႏွစ္ေယာက္သား ဗိုက္ဆာလာၾကသတဲ့ကြယ္။ေျခလွ်င္ ခရီးလဲ ျဖစ္ေတာ့ ပိုပင္ပန္းတာေပါ့။အဲ့ဒါ ႏွစ္ေယာက္သား အျမန္သြားၾကတယ္ ၿမိဳ႕ကို ေရာက္ေအာင္ လို႔ဆိုၿပီး ၿမိဳ႕လဲ

ေရာက္ေရာ ႏွစ္ေယာက္သား တစ္ၿပိဳင္ထဲမွာဘဲ ေပါင္ မုန႔္ေရာင္းတဲ့ဆိုင္ထဲကို ဝင္သြားၾကသတဲ့။ေပါင္မုန႔္ေတြ အမ်ားႀကီး မွန္ေကာင္တာ ထဲမြာ စီထားတယ္။အဲ့ဒါကို သူ႔ေျမးေလးကို အဖိုးႀကီးက ေမးတယ္ ဘယ္ေပါင္မုန႔္ စားခ်င္သလဲလို႔။ေျမးေလး

က ကိတ္မုန႔္ အႀကီးႀကီးစားခ်င္တာလို႔ ေျဖတယ္။အဖိုးႀကီးက ျပန္ေမးတယ္ အာမဟုတ္ေသးပါဘူး အဲ့ကိတ္မုန႔္ အႀကီးႀကီးေတြက အာဟာမျပည့္ဘူး။ေသးေသးေလးနဲ႔ အာဟာရျပည့္တဲ့ေပါင္မုန႔္ေတြ စားလို႔ သူ႔ေျမေလးကို ေျပာလိုက္တယ္။သူ႔ေျမး

ေလးကလဲ စိတ္ေကာက္သြားသတဲ့။ အဖိုးႀကီးမွာ မတတ္ႏိုင္ဘူး ပိုက္ဆံလဲ ပါမလာေတာ့ ေသးေသးေလးနဲ႔ အာဟာ ရ႐ြိတဲ့ ေပါင္မုန႔္ေလးဝယ္လာခဲ့တယ္။လမ္းမွာႏွစ္ေယာက္သား ဝယႅာတဲ့ ေပါင္မုန႔္ ေတြကို စားရင္း ခရီးဆက္သတဲ့ကြယ္။

လမ္းတစ္ ဝက္ေရာက္ေတာ့ အဖိုးက သူ႔ေျမးေလးကို ေျပာျပတယ္ ေျမးေလး ခုဏက ေပါင္မုန႔္ဆိုင္မွာ ေျမးေလးက ကိတ္မုန႔္ အႀကီးႀကီးစားခ်င္တယ္လို႔ ပူဆာေတာ့ ေျမးေလးကို အဘိုးက မဝယ္နဲ႔ လို႔ေျပာတာ မစားေစခ်င္လို႔မဟုတ္ပါဘူး၊ဒီလိုကြယ့္ ကမာၻ

မြာ ႀကီးတဲ့အရာတိုင္းေကာင္း တာမဟုတၹဴးဆိုတာကို နားလည္ေအာင္ ေျမးေလးကို ပုံျပင္ တစ္ပုဒ္ေျပာျပမယ္ နားေထာင္ လို႔ သူ႔ေျမးေလးကို သူ႔အဘိုးက ပုံ ျပင္တစ္ပုဒ္ေျပာျပသတဲ့။ဟိုေရွးေရွး တုန္းက တမာပင္ ႀကီးတစ္ပင္ လူေတြမေနတဲ့ေနရာမွာ ႐ြိ

သတဲ့ကြယ္။တမာပင္ ႀကီးရဲ႕ ေဘးမွာ သစ္ ပင္ ပန္းပင္ ေသးေသးေလးေတြဘဲရွိတယ္။သူ႔လို တမာပင္ႀကီးမရွိဘူးတဲ့ကြယ္။အဲ့ဒီလိုမရွိေတာ့ တမာပင္ႀကီး က သူအႀကီးဆုံး၊အ ေကာင္းဆုံး၊အသုံးဝင္ဆုံး လို႔ထင္တယ္တဲ့ကြယ္။သစ္ပင္ေလး

ေတြ ပန္းပင္ေလးေတြကလဲ သူ႔ကို ေျပာျပတယ္ အဲ့ေလာက္ႀကီး မာနမႀကီးဖို႔နဲ႔ သူ႔ထက္အသုံးဝင္တဲ့အပင္ေတြရွိေၾကာင္းေျပာျပတယ္။ဒါေပမဲ့ တမာပင္ႀကီးက နားမေထာင္ဘူး ဆက္ၿပီးေတာ့ သူ႔ကိုယ္သူ မာန္ေထာင္ေနသတဲ့။တစ္ေန႔ တမာပင္ႀကီး အနားမြာ

႐ြိတဲ့ အပင္ေလးတစ္ပင္က ၿမိဳ႕ကို သြားစရာကိစၥတစ္ခုရွိတယ္ ဆိုၿပီး တမာပင္ႀကီးကို ဘာမွာလိုက္အုံးမလဲလို႔ေမးတယ္။တမာပင္ ႀကီးကလဲ ငါ့ေလာက္ႀကီးၿပီး အသုံးဝင္တဲ့ အပင္ေတြ႕ ရင္ ေခၚခဲ့စမ္းကြာလို႔ ၿမိဳ႕ကို သြားေတာ့မဲ့ သစ္ပင္ေလးကိုမွာလိုက္သတဲ့ကြယ္။

သစ္ပင္ေလးလဲ အင္းအင္း လို႔ေျပာၿပီး ထြက္လာသတဲ့ကြယ္။ၿမိဳ႕လဲေရာက္ေရာ ေတာအုပ္ထဲက ၾထကႅာခဲ့တဲ့ သစ္ပင္ေလးက ေျမၾသဇာေတြ ဝယ္ဖို႔ ၿခံတစ္ၿခံကို ေရာက္သြားတယ္။ေရာက္သြားေတာ့ သူျမင္လိုက္တာက အလြန္လွပတဲ့ ႏွင္းဆီပင္ေတြကို

လူေတြ အမ်ားႀကီး ေ႐ြးၿပီးဝယ္ေနတာကို ေတြ႕လိုက္သတဲ့။ဟိုႏွင္းဆီ အျဖဴပင္ေလးေပးပါအုံးဟိုႏွင္းဆီ အနီပင္ေလးေပးပါအုံးေစသာ အဲ့လို ဆူေလာင္စြာျဖင့္ ႏွင္းဆီပင္ေတြကို လူေတြ အမ်ားႀကီး ဝယ္ေနၾကတာ ေတြ႕သတဲ့။အဲ့ေတာ့ သစ္ပင္

ေလးလဲ အဲ့ဒါကိုျမင္ၿပီး ငါတို႔ေတာအုပ္ထဲက တမာပင္ႀကီး ကို သူ႔ထက္ အပင္ေလး ေသးေပမဲ့ လူေတြ ေတာ္ေတာ္ႀကိဳက္ၿပီး စိုက္မ်ိဳးၾကတဲ့ ႏွင္းဆီပင္ေတြ ရွိေၾကာင္းေျပာျပရမယ္ ဆိုၿပီး ေတြးရင္ ေတာ အုပ္ထဲသို႔ျပန္လာခဲ့တယ္။ၿမိဳ႕ကေနျပန္လာတဲ့

သစ္ပင္ေလး ေတာအုပ္ထဲေရာက္ေတာ့ တမာပင္ႀကီးကို ေျပာျပတယ္။ခင္ဗ်ား က အႀကီးႀကီးသာ ျဖစ္တာ လူေတြ အတြက္ေရာ အႀကိဳက္ေရာ ခင္ဗ်ား ႏွင္းဆီ ပင္ေတြ ကိုမယွဥ္ႏိုင္ပါဘူးဗ်ာလို႔ေျပာတယ္။တမာပင္ႀကီးကလဲ သူ႔ကို အဲ့လို ေျပာေတာ့

စိတ္တိုသြားၿပီး ျပန္ေျပာတယ္ေအာင္မာ ဟုတႅား အဲ့ဆို ငါ့လိုက္ျပစမ္း အဲ့ ေသးေသးေလးနဲ႔လူေတြ ေတာ္ ေတာ္ ႀကိဳက္တဲ့ ႏွင္းဆီပင္ေတြ ရွိတဲ့ေနရာကိုၿမိဳ႕ကျပန္လာတဲ့ သစ္ပင္ေလးကလဲ ဟုတ္ၿပီ လိုက္ျပမယ္ လိုက္ခဲ့ဆိုၿပီးေျပာသတဲ့။အဲ့ဒါနဲ႔

သစ္ပင္ေလးနဲ႔ တမာပင္ႀကီးနဲ႔ က ေတာအုပ္ထဲက ထြက္ၿပီး ၿမိဳ႕ကို သြားၾကတာေပါ့။ၿမိဳ႕လဲေရာက္ေရာ သစ္ပင္ပန္းပင္ေတြေရာင္းတဲ့ဆိုင္ကို ႏွစ္ေယာက္သား ဆက္သြားၾကတယ္။သစ္ပင္ပန္းပင္ေတြေရာင္းတဲ့ ေနရာလဲ ေရာက္ေရာ တမာပင္ႀကီးက ႏွင္းဆီပင္

ေတြကို လူေတြ လုၿပီး ဝယ္ေနၾကတာကို ေတြ႕သြားသတဲ့ကြယ္။ဒါကို တမာပင္ႀကီးက အျမင္မွန္မရေသးဘဲ လူေတြၾကားေအာင္ ဒီလို ေအာ္လိုက္သတဲ့..။ငါဟာ အဲ့ဒီ သစ္ပင္ေတြထက္ပိုၿပီးႀကီးတယ္ကြ၊မင္းတို႔ က အလကားေသးေသးေလးကို

အဟုတ္ထင္ေနတယ္၊မင္းတို႔က ညဏ္မရွိတဲ့ေကာင္ေတြဆိုၿပီး အဲ့လို ေအာ္ၿပီး အက်ယ္ႀကီးေျပာခ်လိုက္သတဲ့ကြယ္။လူေတြက သူတို႔ ကို အဲ့လိုေျပာသံၾကားေတာ့ ပုဆိန္ေတြ တစ္ခါတည္းယူလဲၿပီး စိတ္တိုတိုနဲ႔ အဲ့သစ္ပင္ ႀကီးကို ဝိုင္းခုတ္ၾကတာေပါ့

ကြယ္။သစ္ပင္ႀကီးမွာ နာက်င္ၿပီး ေတာ့ ၿပိဳလဲသြားသတဲ့ကြယ္။ ေနာက္ၿပီး လူေတြထဲက တစ္ေယာက္ ဒီ သစ္ပင္ ႀကီးသာႀကီးတာ ဘာမြ အသုံးမဝင္ပါဘူးကြာ သူ႔ရဲ႕ သစ္ပင္ အသားေတြကို မီးသာ ရႈိ႕လိုက္ကြာ လို႔ေျပာသတဲ့။အဲ့လိုနဲ႔ ေနာက္ဆုံး ကိုယ့္ကိုယ္

ႀကီးမားဆုံးထင္တဲ့ တမာပင္ႀကီးလဲ ေသသြားၿပီး မီးစာ အျဖစ္ေရာက္သြားသတဲ့ လို႔ သူေျမးေလးကို အဘိုးႀကီးက ႀကီးမားေပမဲ့ အသုံးမဝင္ အရာမေရာက္တဲ့အေၾကာင္း ပုံျပင္ေလးနဲ႔ အတူေျပာျပလိုက္တယ္။သူေျမးေလးလဲ သေဘာေပါက္သြားၿပီး ေခါင္းညိမ့္ၿပီး စဥ္းစားေနေတာ့တယ္..။

Credit ~မူရင္း

Post a Comment

Previous Post Next Post

Comments