မြေစာပင်
— Thu, 14 Jul 2022 05:59 Love Media
ယောက်ျား စကားကြမ်းတော့ မိန်းမက ကြိတ်ငို၊ မိန်းမ စကားကြမ်းတော့ ယောက်ျားက စိတ်တို။ မိဘစကား ကြမ်းတော့ ကေလးတို့မှာ နှလုံးသွေးယိုတဲ့။ အဆင်မပြေတဲ့ မိဘတွေရဲ့ ကြားက မွေးဖွားလာတဲ့ သားသမီး တယောက်ရဲ့ ခံစားချက်။
အလုပ်အကိုင်က အဆင်မပြေတော့ မိဘတွေက တယောက်နဲ့ တယောက် အပြစ်လေးတွေ မြင်လာကြတယ်။ ဖခင်တယောက်က အလုပ် အဆင်မပြေ စိတ်ညစ်ပြီး အလုပ်က ပြန်လာချိန် လေးမှာ စိတ်ညစ်ပြေအောင် အရက်ကလေး သောက်တတ် လာတယ်။
မိခင်တယောက်က အဆင်မပြေတဲ့ ကြားက အရက် သောက်လာရမလား ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ် ပြောဆိုတယ်။ ဖခင်တယောက် ကလည်း အရက်ရှိန်လေးက ရှိလာတော့ မိန်းမ ပြောဆိုတဲ့ စကားကို စိတ်ဆိုးဒေါသ ထွက်ပြီး ရိုက်နှက် ပါတော့တယ်။
မိခင်ဖခင်ရဲ့ ရန်ပွဲလေးကို ကြည့်ပြီး ကြောက်စိတ် အားငယ်စိတ် တွေက သားသမီးတွေရဲ့ ရင်ထဲ ရောက်လာ ပါတော့တယ်။ ကြာလာတော့ သားသမီးလေး တွေရဲ့ ရင်ထဲ အနာတရတွေ ဖြစ်လာတယ်။ ကြောက်စိတ် အားငယ်စိတ်တွေပဲ အမြဲ ကြီးစိုး နေတယ်။
မိသားစုတစုမှာ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်နေပါစေ သားသမီးလေးတွေရဲ့ ရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်မိ ပါစေနဲ့။ သားသမီးလေးတွေရဲ့ ရင်ထဲ ဘယ်တော့မှ အနာတရ ဖြစ်အောင် မလုပ်မိ ပါစေနဲ့။
ကိုယ်သိပ်ချစ်တဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေရဲ့ ဘဝကို အနင်းခံ မြေစာပင်လေး တပင် ဖြစ်အောင် ဘယ်တော့မှ မလုပ်မိ ပါစေနဲ့။ Crd
Zawgyi
ေျမစာပင္
ေယာက္်ား စကားၾကမ္းေတာ့ မိန္းမက ႀကိတ္ငို၊ မိန္းမ စကားၾကမ္းေတာ့ ေယာက္်ားက စိတ္တို။ မိဘစကား ၾကမ္းေတာ့ ေကလးတို႔မွာ ႏွလုံးေသြးယိုတဲ့။ အဆင္မေျပတဲ့ မိဘေတြရဲ႕ ၾကားက ေမြးဖြားလာတဲ့ သားသမီး တေယာက္ရဲ႕ ခံစားခ်က္။
အလုပ္အကိုင္က အဆင္မေျပေတာ့ မိဘေတြက တေယာက္နဲ႔ တေယာက္ အျပစ္ေလးေတြ ျမင္လာၾကတယ္။ ဖခင္တေယာက္က အလုပ္ အဆင္မေျပ စိတ္ညစ္ၿပီး အလုပ္က ျပန္လာခ်ိန္ ေလးမွာ စိတ္ညစ္ေျပေအာင္ အရက္ကေလး ေသာက္တတ္ လာတယ္။
မိခင္တေယာက္က အဆင္မေျပတဲ့ ၾကားက အရက္ ေသာက္လာရမလား ဆိုၿပီး စိတ္ဆိုးမာန္ဆိုးနဲ႔ ေအာ္ဟစ္ ေျပာဆိုတယ္။ ဖခင္တေယာက္ ကလည္း အရက္ရွိန္ေလးက ရွိလာေတာ့ မိန္းမ ေျပာဆိုတဲ့ စကားကို စိတ္ဆိုးေဒါသ ထြက္ၿပီး ႐ိုက္ႏွက္ ပါေတာ့တယ္။
မိခင္ဖခင္ရဲ႕ ရန္ပြဲေလးကို ၾကည့္ၿပီး ေၾကာက္စိတ္ အားငယ္စိတ္ ေတြက သားသမီးေတြရဲ႕ ရင္ထဲ ေရာက္လာ ပါေတာ့တယ္။ ၾကာလာေတာ့ သားသမီးေလး ေတြရဲ႕ ရင္ထဲ အနာတရေတြ ျဖစ္လာတယ္။ ေၾကာက္စိတ္ အားငယ္စိတ္ေတြပဲ အၿမဲ ႀကီးစိုး ေနတယ္။
မိသားစုတစုမွာ ဘယ္ေလာက္ပဲ အဆင္မေျပ ျဖစ္ေနပါေစ သားသမီးေလးေတြရဲ႕ ေရွ႕မွာ ဘယ္ေတာ့မွ ရန္မျဖစ္မိ ပါေစနဲ႔။ သားသမီးေလးေတြရဲ႕ ရင္ထဲ ဘယ္ေတာ့မွ အနာတရ ျဖစ္ေအာင္ မလုပ္မိ ပါေစနဲ႔။
ကိုယ္သိပ္ခ်စ္တဲ့ ကိုယ့္ရဲ႕ သားသမီးေလးေတြရဲ႕ ဘဝကို အနင္းခံ ေျမစာပင္ေလး တပင္ ျဖစ္ေအာင္ ဘယ္ေတာ့မွ မလုပ္မိ ပါေစနဲ႔။ Crd
noreply@blogger.com (kakar)

إرسال تعليق