ပိုင်ရှင်ဖြစ်ပေမယ့် စားခွင့်မရှိသူ

ပိုင်ရှင်ဖြစ်ပေမယ့် စားခွင့်မရှိသူ
Sun, 3 Jul 2022 20:57 မြန်မာ မြင်ကွင်းစုံ


တခါတုန်းက အမျိုးသားတဦးသည် ကြံစည်းကို ထမ်းပြီး ကြံတချောင်းကို ကိုက်စား၍ လမ်းလျှောက်ကာ အိမ်သို့ ပြန်လာ၏။ သူ၏ နောက်တွင် လူကြီးတဦးနှင့် ကလေးငယ် တယောက်လည်း ကပ်၍ လိုက်ပါလာသည်။





ကလေးငယ်က ကြံ စားချင်သောကြောင့် ငိုယို၍ “ကြံ စားချင်တယ်၊ ကြံ ပေးပါ” ဟု အော်တောင်းလေ၏။ ထိုအခါ လူကြီးက “မိတ်ဆွေ ကလေးကို ကြံတပိုင်းလောက် ပေးလိုက်ပါဗျာ” ဟု ပြောလေ ၏။ ကြံစည်းပိုင်ရှင်လည်း မပေးချင် ပေးချင်ဖြင့် ကြံတပိုင်းကို နောက်ပြန် ပစ်ပြီး ပေးလိုက်သည်။





ကြံစည်းပိုင်ရှင် သေလွန်သည့်အခါ အလွန်ကျယ်ဝန်း ကြံညိုတောကြီးကို အပိုင်စား ရသည့် ပြိတ္တာတဦး ဖြစ်လာ၏။ သို့ရာတွင် သူသည် ကြံခင်းထဲက ကြံများကို ယူစား၍ မရပါ။

ကြံချိုးရန် အနားသို့ ရောက်သွားတိုင်း ကြံချောင်းများက ယိမ်းနွဲ့ပြီး သူ့ကို ပြန်ရိုက် ကြ၏။ မည်မျှပင် ကြိုးစားသော်လည်း ယူ၍ မရပေ။





ဤသို့ဖြင့် သူသည် ကြံတောကြီးကို ပိုင်ဆိုင်ထား သော်လည်း ကြံများကို မစားရဘဲ နေရ ရှာလေသည်။ တနေ့တွင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ရာဇဂြိုဟ်မြို့ သို့ ဆွမ်းခံကြွလာ၏။ “ကြံခင်းပိုင်ရှင် ပြိတ္တာက မထေရ်မြတ်ကို မြင်သည့်အခါ





“အရှင်ဘုရား တပည့်တော်မှာ စားသောက်၍ မကုန်နိုင်အောင် ကျယ်ဝန်းလှသည့် ကြံတောကြီး ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ချိုးယူ စားသောက်လို့ မရပါဘုရား။ အားတွေလည်း ပြတ်နေပါပြီ ဘုရား။ ခန္ဓာကိုယ် ကလည်း အလွန် ပူလောင်နေ ပါတယ် ဘုရား။





ဆင်းရဲဒုက္ခ ရောက်ပြီး အမြဲမပြတ် အော်ဟစ်နေ ရပါတယ်။ ဘာကြောင့် ကြံတွေကို ချိုးယူစားသောက်လို့ မရပါသလဲ။ ဒီလို ဖြစ်နေရတာ ဘယ်လို အကုသိုလ် မျိုးကို ပြုလုပ်ခဲ့မိလို့ ပါလဲ ဘုရား။ တပည့်တော် နားလည်အောင် သေသေချာချာ ရှင်းပြပေးပါဘုရား” ဟူ၍ မေးလျှောက်လေ၏။



မထေရ်မြတ်က “သင်ဟာ လူ့ဘဝ တုန်းက ကြံစားရင်း လမ်းလျှောက်သွားစဉ်မှာ ကလေးငယ် တယောက်က ငိုယိုပြီး ကြံကိုတောင်းတယ်။ လူကြီးတယောက် ကလည်း ကလေး ငိုနေတာကို မကြည့်ရက်လို့ သင့်ထံက ကြံကို တောင်းပေးခဲ့တယ်။





သင်က မပေးချင် ပေးချင်နဲ့ ကြံတပိုင်းကို နောက်ပြန်ပစ်ပြီး ပေးခဲ့တယ်။ အဲဒီလို နောက်ပြန် ပစ်ပြီး ပေးခဲ့တဲ့ ကံကြောင့် အခုလို ဖြစ်ရတာပါ” ဟု ပြောကြားလေ၏။ မထေရ်မြတ်က ဆက်လက်၍

“သင် ကြံကို ပေးခဲ့တဲ့ အတိုင်း နောက်ပြန် ဆွဲနှုတ်ရင် သင်အလိုရှိတဲ့ ကြံကို သုံးဆောင်ရ ပါလိမ့်မယ်” ဟု မိန့်ကြားတော်မူ၏။





ကြံခင်းပိုင်ရှင် ပြိတ္တာလည်း အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် ပြောသည့်အတိုင်း ကြံကို နောက်ပြန် နှုတ်ယူပြီး စိတ်ကြိုက်စားသောက်၏။ မထေရ်မြတ်အားလည်း ကြံစည်းကြီးကို ကပ်လှူလိုက်သည်။





ထိုအခါ မထေရ်မြတ်သည် ကြံစည်းကြီးကို မြတ်စွာဘုရားရှင်နှင့် တကွ ရဟန်းသံဃာတော်များ အား လှူဒါန်းရန် တိုက်တွန်းခဲ့သည်။

ထို့ကြောင့် ကြံခင်းပိုင်ရှင် ပြိတ္တာသည် ကြံစည်းကြီးကို ထမ်းကာ မထေရ်မြတ်နောက်မှ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန် ကျောင်းတော်သို့ လိုက်သွား၍ ကြံစည်းကြီးကို လှူဒါန်းလေသည်။





ပြိတ္တာသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်များကို နာယူပြီး ဘုရားရှင်ကို ရှိခိုးဦးချပြီး ပြန်လာခဲ့၏။

ထို့နေ့မှစ၍ ကြံခင်းပိုင်ရှင် ပြိတ္တာလည်း ကြံများကို စိတ်ကြိုက် ချိုးယူစားသောက် နိုင်တော့၏။ ကြံခင်းပိုင်ရှင် ပြိတ္တာသည် ထိုဘဝမှ ကွယ်လွန်ပြီးသောအခါ တာဝတိံသာ နတ်ပြည်၌ နတ်သား ဖြစ်သွားလေသည်။ Pink Library ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗုဒ္ဓဘာသာသင်ခန်းစာ စာအုပ်မှ ကူးယူရေးသားပါသည်။





Zawgyi ဖြင့်ဖတ်ပါ



တခါတုန္းက အမ်ိဳးသားတဦးသည္ ႀကံစည္းကို ထမ္းၿပီး ႀကံတေခ်ာင္းကို ကိုကၥား၍ လမ္းေလွ်ာက္ကာ အိမ္သို႔ ျပန္လာ၏။ သူ၏ ေနာက္တြင္ လူႀကီးတဦးႏွင့္ ကေလးငယ္ တေယာက္လည္း ကပ္၍ လိုက္ပါလာသည္။





ေကလးငယၠ ႀကံ စားခ်င္ေသာေၾကာင့္ ငိုယို၍ “ႀကံ စားခ်င္တယ္၊ ႀကံ ေပးပါ” ဟု ေအာ္ေတာင္းေလ၏။ ထိုအခါ လူႀကီးက “မိတ္ေဆြ ေကလးကို ႀကံတပိုင္းေလာက္ ေပးလိုက္ပါဗ်ာ” ဟု ေျပာေလ ၏။ ႀကံစည္းပိုင္ရွင္လည္း မေပးခ်င္ ေပးခ်င္ျဖင့္ ႀကံတပိုင္းကို ေနာက္ျပန္ ပစ္ၿပီး ေပးလိုက္သည္။





ႀကံစည္းပိုင္ရွင္ ေသလြန္သည့္အခါ အလြန္က်ယ္ဝန္း ႀကံညိဳေတာႀကီးကို အပိုင္စား ရသည့္ ၿပိတၱာတဦး ျဖစ္လာ၏။ သို႔ရာတြင္ သူသည္ ႀကံခင္းထဲက ႀကံမ်ားကို ယူစား၍ မရပါ။

ႀကံခ်ိဳးရန္ အနားသို႔ ေရာက္သြားတိုင္း ႀကံေခ်ာင္းမ်ားက ယိမ္းႏြဲ႕ၿပီး သူ႔ကို ျပန္႐ိုက္ ၾက၏။ မည္မွ်ပင္ ႀကိဳးစားေသာ္လည္း ယူ၍ မေရပ။





ဤသို႔ျဖင့္ သူသည္ ႀကံေတာႀကီးကို ပိုင္ဆိုင္ထား ေသာ္လည္း ႀကံမ်ားကို မစားရဘဲ ေနရ ရွာေလသည္။ တေန႔တြင္ အရွင္မဟာေမာဂၢလာန္ မေထရ္ျမတ္သည္ ရာဇၿဂိဳဟ္ၿမိဳ႕ သို႔ ဆြမ္းခံႂကြလာ၏။ “ႀကံခင္းပိုင္ရွင္ ၿပိတၱာက မေထရ္ျမတ္ကို ျမင္သည့္အခါ





“အရွင္ဘုရား တပည့္ေတာ္မွာ စားေသာက္၍ မကုန္ႏိုင္ေအာင္ က်ယ္ဝန္းလွသည့္ ႀကံေတာႀကီး ရွိပါတယ္။ ဒါေပမဲ့ ဘယႅိုမြ ခ်ိဳးယူ စားေသာက္လို႔ မရပါဘုရား။ အားေတြလည္း ျပတ္ေနပါၿပီ ဘုရား။ ခႏၶာကိုယ္ ကလည္း အလြန္ ပူေလာင္ေန ပါတယ္ ဘုရား။





ဆင္းရဲဒုကၡ ေရာက္ၿပီး အၿမဲမျပတ္ ေအာ္ဟစ္ေန ရပါတယ္။ ဘာေၾကာင့္ ႀကံေတြကို ခ်ိဳးယူစားေသာက္လို႔ မရပါသလဲ။ ဒီလို ျဖစ္ေနရတာ ဘယႅို အကုသိုလ္ မ်ိဳးကို ျပဳလုပ္ခဲ့မိလို႔ ပါလဲ ဘုရား။ တပည့္ေတာ္ နားလည္ေအာင္ ေသေသခ်ာခ်ာ ရွင္းျပေပးပါဘုရား” ဟူ၍ ေမးေလွ်ာက္ေလ၏။





မေထရ္ျမတ္က “သင္ဟာ လူ႔ဘဝ တုန္းက ႀကံစားရင္း လမ္းေလွ်ာက္သြားစဥ္မွာ ကေလးငယ္ ေတယာကၠ ငိုယိုၿပီး ႀကံကိုေတာင္းတယ္။ လူႀကီးတေယာက္ ကလည္း ေကလး ငိုေနတာကို မၾကည့္ရက္လို႔ သင့္ထံက ႀကံကို ေတာင္းေပးခဲ့တယ္။





သင္က မေပးခ်င္ ေပးခ်င္နဲ႔ ႀကံတပိုင္းကို ေနာက္ျပန္ပစ္ၿပီး ေပးခဲ့တယ္။ အဲဒီလို ေနာက္ျပန္ ပစ္ၿပီး ေပးခဲ့တဲ့ ကံေၾကာင့္ အခုလို ျဖစ္ရတာပါ” ဟု ေျပာၾကားေလ၏။ မေထရ္ျမတ္က ဆက္လက္၍

“သင္ ႀကံကို ေပးခဲ့တဲ့ အတိုင္း ေနာက္ျပန္ ဆြဲႏႈတ္ရင္ သင္အလိုရွိတဲ့ ႀကံကို သုံးေဆာင္ရ ပါလိမ့္မယ္” ဟု မိန႔္ၾကားေတာ္မူ၏။





ႀကံခင္းပိုင္ရွင္ ၿပိတၱာလည္း အရွင္မဟာေမာဂၢလာန္ မေထရ္ျမတ္ ေျပာသည့္အတိုင္း ႀကံကို ေနာက္ျပန္ ႏႈတ္ယူၿပီး စိတ္ႀကိဳက္စားေသာက္၏။ မေထရ္ျမတ္အားလည္း ႀကံစည္းႀကီးကို ကပ္လႉလိုက္သည္။

ထိုအခါ မေထရ္ျမတ္သည္ ႀကံစည္းႀကီးကို ျမတ္စြာဘုရားရွင္ႏွင့္ တၾက ရဟန္းသံဃာေတာ္မ်ား အား လႉဒါန္းရန္ တိုက္တြန္းခဲ့သည္။





ထို႔ေၾကာင့္ ႀကံခင္းပိုင္ရွင္ ၿပိတၱာသည္ ႀကံစည္းႀကီးကို ထမ္းကာ မေထရ္ျမတ္ေနာက္မွ ျမတ္စြာဘုရားရွင္ သီတင္းသုံးေတာ္မူရာ ေဝဠဳဝန္ ေက်ာင္းေတာ္သို႔ လိုက္ၾသား၍ ႀကံစည္းႀကီးကို လႉဒါန္းေလသည္။

ၿပိတၱာသည္ ျမတ္စြာဘုရား ေဟာၾကားအပ္ေသာ တရားေတာ္မ်ားကို နာယူၿပီး ဘုရားရွင္ကို ရွိခိုးဦးခ်ၿပီး ျပန္လာခဲ့၏။





ထို႔ေန႔မွစ၍ ႀကံခင္းပိုင္ရွင္ ၿပိတၱာလည္း ႀကံမ်ားကို စိတ္ႀကိဳက္ ခ်ိဳးယူစားေသာက္ ႏိုင္ေတာ့၏။ ႀကံခင္းပိုင္ရွင္ ၿပိတၱာသည္ ထိုဘဝမြ ကြယ္လြန္ၿပီးေသာအခါ တာဝတႎသာ နတ္ျပည္၌ နတ္သား ျဖစ္သြားေလသည္။ Pink Library ဓမၼစကူးလ္ေဖာင္ေဒးရွင္း ဗုဒၶဘာသာသင္ခန္းစာ စာအုပ္မွ ကူးယူေရးသားပါသည္။

Post a Comment

Previous Post Next Post

Comments