Chai Seed ဖျော်ရည်

Chai Seed ဖျော်ရည်

 — 12.08.2022 15:02 စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား

 



ဒီနေ့တော့ မာမာနေ့စဉ် သောက်နေကျ chai seed ဖျော်ရည်လေး ဖျော်ဖြစ်ပါတယ် မာမာကိုယ်တိုင် ဆီးချိုရှိတဲ့အတွက် အစားအသောက်လေးတွေကို လေ့လာပြင်ဆင်ပြီး စားတတ်ပါတယ်။

Chai seed လေးတွေက ဆီးချိုသမားတွေအတွက် အရမ်းသင့်တော်သလို ခန္ဓာကိုယ် ဝခြင်းကိုလဲ ထိမ်းပေးထားနိူင်ပါတယ်။

သူ့ကို ဒီအတိုင်းကြီး သောက်မဲ့အစား အသီးအနှံလေးတွေ ပျားရည်နဲ့ ဒိန်ချဉ်တို့ကာ သောက်သုံးနိူင်တဲ့အတွက် ဒီနေ့တော့ ပျားရည်နဲ့ သံပုရာရည်လေးထည့်ကာ ဖျော်ထားပါတယ်။

ဒါကြောင့်မို့လို့ တစ်နေ့တစ်ခွက် သောက်နိူင်ဖို့ရာအတွက် စိတ်ဝင်စားတဲ့သူတွေ သောက်နိူင်အောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Chai Seed - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ပျားရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ရေ - ဖန်ခွက်တစ်ခွက်စာ
  4. ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  5. သံပုရာသီး - တစ်စိတ်
ပြင်ဆင်ပြုလုပ်ပုံ
  • ဖန်ခွက်ထဲမှာ chai seed နှင့် ရေတို့ကို ထည့်ကာ အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ
  • Chai seed များ ပွလာပါက ပျားရည် ဆားနှင့် သံပုရာရည်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်သလို နည်းနည်းချင်းဖြစ်စေ တစ်ခါထဲဘဲဖြစ်စေ သောက်သုံးနိူင်ပါပြီ။

noreply@blogger.com (Tuumar)

Post a Comment

Previous Post Next Post

Comments