ဘဝနေနည်း အနုပညာ
The Art of Living
၁။ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။
Please take good care of your health.
၂။ စိတ်ကောင်းထားပါ။
Keep a positive mindset.
၃။ အကောင်းမြင်စိတ် မွေးပါ။
Always try to be optimistic.
၄။ မလိုအပ်ဘဲ စကားများများပြောခြင်း ရှောင်ပါ။
Avoid unnecessary chatter.
၅။ နည်းနည်းပြောပြီး၊ များများနားထောင်ပါ။
Talk less, but listen more.
၆။ စိတ်ပါလက်ပါ နားထောင်ပါ။
Listen attentively.
၇။ အကျိုးမရှိ ငြင်းခုန်ခြင်းကို ရှောင်ပါ။
Avoid useless squabbles.
၈။ တွေ့တဲ့သူတိုင်းကို ဆုံးမသြဝါဒပေးခြင်းကို ရှောင်ပါ။
Try not to lord it over or lecture anybody you come across.
၉။ မိမိရဲ့ လျှို့ဝှက်ချက်ကို ဘယ်လောက်ရင်းနီးတဲ့သူဖြစ်ဖြစ် မပြောပါနဲ့။
Never tell your secrets to anyone - not even to your bosom friends.
၁၀။ အပေါင်းအသင်း အရမ်းမခုံမင်ပါနဲ့။
Don’t be too fond of your friends.
၁၁။ တစ်ယောက်တည်းနေတတ်အောင် ကြိုးစားပါ။
Learn to live by yourself.
၁၂။ ဘယ်အရာမှ မူသေချည်း မတွက်ပါနဲ့။
Take nothing for granted.
၁၃။ အားနာတတ်တဲ့ အကျင့်ကို ပြင်ပါ။
Stop being hesitant - be decisive.
၁၄။ သူများအားကိုးတဲ့စိတ်ကို ဖျောက်ပါ။
Root out your tendency to depend on others.
၁၅။ ရှိသင့်ရှိထိုက်တဲ့ မာနလေးတော့ ထားပါ။
But keep a healthy amount of self-pride.
၁၆။ အကျိုးမရှိရင် မှန်လည်း မပြောပါနဲ့။
If it’s pointless or hurtful, don’t say it even though it may be true.
၁ရ။ သူများတွေကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင်ကြိုးစားပါ။
Always try your hardest to be good - it doesn’t matter how others behave themselves.
၁၈။ သင်ယူတတ်တဲ့ အလေ့အကျင့်မွေးပါ။
Nurture a habit of learning new things.
၁၉။ သူများအမှားကိုကြည့်ပြီး သင်္ခန်းစာ ယူပါ။
Learn from the mistakes of others.
၂၀။ သည်းခံပါ အတိုင်းအတာတစ်ခုထိ။ ဓားနဲ့ခုတ်ဖို့လာတဲ့သူကို သည်းခံပြီးခေါင်းငုံ့နေရင်တော့ ခေါင်းပြတ်သွားမှာပေါ့။
Have tolerance to a certain extent. But you’ll get beheaded if you bow your head in sheer tolerance when someone pulls a knife on you.
၂၁။ ဘယ်လောက်ပဲ မှန်နေတဲ့စကား ဖြစ်ပါစေ ဒေါသနဲ့မပြောပါနဲ့။
Don’t speak in anger no matter how true your words maybe.
၂၂။ မေတ္တာဖြင့် ပြောဆိုဆုံးမပါ။
When you admonish someone, do it out of love.
၂၃။ တစ်ခုခုပြန်ရဖို့ မျှော်လင့်ချက်မထားဘဲနဲ့ လူတွေကို အတတ်နိုင်ဆုံးကူညီပါ။
Help people as much as you can without hoping to get anything in return.
၂၄။ ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီး ဂရုမစိုက်ပါနဲ့။
Don’t care too much about what others think.
၂၅။ အလုပ်ကြိုးစားပါ၊ မပျင်းပါနဲ့။
Work hard. Don’t be lazy.
၂၆။ အသိပညာ ဗဟုသုတကို အမြဲတမ်း လေ့လာဆည်းပူးပါ။သင် သူများထက် ခေါင်းတစ်လုံးပိုမြင့်နေပါလိမ့်မယ်။
Always keep seeking new knowledge and skills. You will find yourself a cut above others.
၂ရ။ ကိုယ်သိ ကိုယ်တတ်တိုင်း လျှောက်မပြောပါနဲ့။ လူတွေအမြင်ကတ်လိမ့်မယ်။
Never show off your knowledge. People may see you as a clever clogs.
၂၈။ ပိုက်ဆံကို အခုစုပါ ။ အသက်ကြီးလာရင် ရှာဖို့မလွယ်ဘူး။
Save money now. Money is hard to come by when you become old.
၂၉။ ခရီးထွက်ပါ။ အိမ်ထောင်ကျသွားရင် အိမ်အောက်ဆင်းဖို့တောင် မလွယ်တော့ဘူး။
Go on a trip. It won’t be as easy as you think to leave home after marriage.
၃၀။ စူးစမ်းပါ မစပ်စုပါနဲ့။
Be inquisitive. Don’t be nosy.
၃၁။ ခံစားချက်နောက်ကို အရမ်းမလိုက်ပါနဲ့။
Don’t follow your heart foolishly.
၃၂။ ကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။
သူတို့တွေရဲ့ ဖြူစင်မှုတွေက သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။
Spend time with children. Their innocence will fill your heart with joy.
၃၃။ အနေကောင်းဖို့ပဲ မစဉ်းပါနဲ့၊ အသေကောင်းအောင်လည်း ကြိုးစားပါ။
Train your mind not to focus too much on this life of comfort and luxury, but rather to prepare to die with a deep sense of peace.
၃၄။ စာများများဖတ်ပါ။
လောကကြီးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ စာအုပ်စာပေက သင်ကြားပေးလိမ့်မယ်။
Read widely. Reading will guide and help you to belong and fit into the world.
Burmese text: Credit to the original uploader
English translation by Dr.Soe Than
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment