ရခိုင်သုပ်လား ယိုးဒယားထောင်းလား 😋 ကြိုက်တာသာ ရွေးပြီးလုပ်စားလိုက်တော့နော် 👇🏻 ပြုလုပ်နည်း👇🏻👇🏻

ရခိုင်သုပ်လား ယိုးဒယားထောင်းလား 😋
ကြိုက်တာသာ ရွေးပြီးလုပ်စားလိုက်တော့နော် 👇🏻
ပြုလုပ်နည်း👇🏻👇🏻


မုန့်တီသုပ် (ရခိုင်သုပ်)
ငါးရွှေငါးခြောက် သို့ ငါးကြင်းအသားတုံးကို ရေထည့်ပြီးပြုတ်ထားပါ ငါးအသားကျက်လောက်ပြီဆို အရိုးဖယ် အသားများနွင်ထားပါ ငရုတ်သီးစိမ်းများကို၁၀မိနစ်ခန့်ပြုတ်ပြီး ကြိတ်စက်ဖြင့်ကြိတ်ထားပါ ပြုတ်လို့ပိုနေတဲ့ငါးပြုတ်ရေထဲကို ငပိစိမ်းစား ငရုတ်သီးစိမ်း ဆား အချိုမှုန့်ထည့်ပြီးတည်ပါ ဆူပွက်လာရင် ငါးအသားနွင်ထည့်ပါ ပျစ်ပျစ်လေးဖြစ်လာရင်ရပါပြီ သုပ်နည်းကတော့ ငရုတ်အနှစ် ဆား အချိုမှုန့် မန်ကျည်းသီးအရည် ငံပြာရည် အချိုမှုန့် နံနံပင် ကြက်သွန်စိမ်းပါးပါးလှီးထည့်ပြီးသုပ်ပါ
Credit ရခိုင်သူချေ
Credit photos

မုန့်တီထောင်း (ယိုးဒယားထောင်း)
ပဲသီး မျှစ် ခရမ်းကြွပ်သီး သဘောၤသီး ခရမ်းချဉ်သီး (နှစ်သက်ရာထည့်) လှီးထားပါ ကြက်သွန်ဖြူ+မြေပဲ ( ကြိုက်ရင်ထည့်ပါ ) 
ငရုတ်နီတောင့် + ထန်းလျက် ကိုထောင်းထားပါ
ပြီးတော့ အရည်ပုံစံရစေရန် ထောင်းထားတာထဲရေနွေးအနည်းငယ်ထည့် ( ထိုင်းငပိရည်သုံးတာမကြိုက်သူများအတွက်ပါ ) ငံပြာရည် ပုဇွန်ခြောက်မှုန့် အချိုမှုန့် သံပုရာရည် ထည့်ပြီးအရည်ဖျော်ပါ။ ပြီးမှ မုန့်ဖတ်ထည့်ပြီး အသာလေးသုပ်ပေးပါ။ ထောင်းတဲ့ဆုံရှိရင် အသာလေးလှိမ့်ပြီးထောင်းပေးပါ။ သံပုရာသီးကြိုက်ရင်ထည့်ပါ။
နှစ်သက်ရာနဲ့တွဲဖက်စားလို့ရပါတယ်။
C. R. D

Post a Comment

أحدث أقدم

Comments