အလွယ်တကူ ထောပတ်ထမင်းချက်နည်းလေး🤤🤤

အလွယ်တကူ  ထောပတ်ထမင်းချက်နည်းလေး🤤🤤
မေးထားတဲ့သူ များလို့ မျှဝေပေးလိုက်တယ်နော်


#ထောပတ်ထမင်းတွင်ပါ၀င်ပစ္စည်းများ (၈ယောက်စာ)
ဘာစမာတီ ဆန္ – နို့ဆီဘူး ၂လုံး 
(ရေဖြင့် ဆေးထားပေးပါ)

ထောပတ် – ၈၀ ဂရမ်

မုန်လာဥနီ – ၁ခွက်စာ 
(အတုံးလတ်များ တုံးပါ)

ပဲသီး (သို့) ဘိုစားပဲ – ၁ခွက် 
(အတုံးလတ်များ တုံးပါ)

စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ

သီဟိုဌ်စေ့ – ၁ခွက်စာ 
(ထက်ခြမ်းခြမ်းထားပါ)

ပြောင်းဖူးစေ့ – ခွက် တစ်၀က်စာ 
(optional)

ကြက်သွန်နီ – ၂လုံး 
(ပါးပါးလှီးပါ)

ကလဝေရွက် – ၃ရွက်

သစၢ္ပိုး – ၁ခု

ဖာလာစေ့ – ၄စေ့

လေညှင်းပွင့် – ၄ခု

ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း  ၈ပုံ၁ပုံ

#ချက်ပြုတ်နည်း👩‍🍳
၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ ထောပတ် 
အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။

၂။ ပြီနောက် သစ်ဂျပိုး၊ ကလဝေရွက်၊ လေညှင်း၊ 
ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ သီဟိုဌ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊ 
ပြောင်းဖူး တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၄။ ထို့နောက် ဆန်ထည့်ထားသော Rice Cooker 
ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ မုန်လာဥနီ၊ ပဲသီး၊ 
ပြောင်းဖူး၊ သီဟိုဌ်စေ့၊ စပျစ်ခြောက်၊ spices တို့ကို 
လောင်းထည့်လိုက်ပါ။

၅။ ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်တို့ကို 
ထည့်ပြီ ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။

၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် 
ယောက်မဖြင့် ရောမွှေလိုက်ပါ။

ရ။ ထို့နောက် အရသာ အနေတော်လျှင် 
အရသာ ရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊ 
ငပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို တို့ဖြင့် တွဲဖက်
သုံးဆောင်နိုင်ပါပြီ…😋😋😋

#ကြက်သားဟင်းအတွက်ပါ၀င်ပစ္စည်းများ🍗🍗
၁။ ကြက်သား – ၄၀ကျပ်သား 
(အတုံးကြီးများ တုံးပါ)

၂။ ကြက်သွန်နီ – ၆လုံး 
(နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်ဖြူ – ၄မွှာ 
(နှုတ်နှုတ်စဉ်းပါ)

၄။ ဂျင်း – လက်တဆစ် 
(နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ)

၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) 
လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၈။ နံံနံပင် – ၁စည်း

#ကြက်သားဟင်းချက်ပြုတ်နည်း🍗🍗
၁။ ပါ၀င်ပစ္စည်းများ ဖြစ်သော 
ကြက်သား၊ 
ကြက်သွန်နီတ၀က်)၊ 
ကြက်သွန်ဖြူ(တ၀က်)၊ 
ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို 
ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် 
နာရီ၀က်မျှနှပ်ထားပေးပါ။

၂။ ပြီးမှ မချက်ခင် ၅မိနစ်လောက် 
အပြင်ကို ကြိုထုတ်ထားပေးပါ။

၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ 
ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တ၀က်)ကို 
ဆီသပ်ပေးပါ။

၄။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။

၅။ ထို့မှ နုပ်ထားသော ကြက်သားများကို 
ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် 
လုံးချက်ပေးပါ။

၆။ ကြက်သားနူးရန် ကြက်သားမြုပ်ရုံ 
ရေထည့်ပေးပြီ အဖုံးအုပ်ထားပါ။ 
မနူးသေးလျှင် နောက်တစ်ရေ ထပ်ထည့်ပါ။

ရ။ ကြက်သားနူးပြီဆိုမှ နံနံပင်များကို အပေါ်မှ 
အုပ်ပေးပြီ မီးပိတ်လိုက်ပါ။

ပြီးလျှင်တော့ အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Crd

Post a Comment

أحدث أقدم

Comments