ခင်စောမူဟာ အလုပ်ကိစ္စသွားရင်း ရထားပေါ်မှာ အမေကြေးစည်နဲ့ စတွေ့တယ် ။ အဲဒီကစ သူမရဲ့ အလုပ်ခရီးမှာ ဂမ္ဘီရဆန်ဆန် ကိစ္စတွေ စတွေ့ရတယ် ။
သူမ တည်းရတဲ့ အိမ်မှာ တွေ့တဲ့
ဒန်းပွင့်ကို ကူညီရင်း သူမ ရဲ့ ဘဝကိုပါ ပြန်ဆက်စပ်မိလာရတယ် ။ စာရင်းစစ်သွားချိန် ဘေးကနေ ဂရုတစိုက်နဲ့ အမြဲရှိနေပေးတဲ့ ကိုမင်းအောင်မြင့် ရဲ့ ဂရုစိုက်မှုတွေကလည်း ကြည်နူးစရာ ။
ဒန်းပွင့် အဒေါ်တွေကို မြင်ပြီး လူတွေရဲ့လောဘကို သံဝေဂ ရရတယ် ။ ဒေါ်ခင်မေသီရဲ့ ဘဝအကြောင်းကတော့ ရင်နင့်ဖွယ်ရာပါပဲ ။ ဒါပေမယ့် ဘဝ အသစ်တစ်ခုနဲ့ အကောင်းဆုံး ပြန်ရပ်တည်နိုင်ခဲ့တယ် ။
ဝတ္ထုတစ်ခုလုံး ခြောက်ခြားဖွယ် ပဟေဠိတွေ ဆက်တိုက်နဲ့
ဇာတ်သိမ်းမှာ ကိုယ်ထင်တာထက် ပိုပြီး မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ သိမ်းလိုက်တာ ။
စုံထောက်ဇာတ်လမ်းလိုလို ဘာလိုလိုပဲ
စာအုပ်ကို မချချင်လို့
ည ၉ နာရီခွဲမှ ရေချိုးလိုက်ရတဲ့ အမှတ်တရ ။
ကိုယ်ကလည်း အဲလိုအကြောင်းတွေဆို စိတ်ဝင်စားတာနဲ့တော့ အဆင်ပြေနေရော ။
#ဆရာမခင်ခင်ထူး
#ခမည်းကြိုး
#reviewby_thet_htar_khin

Post a Comment