အမျိုးသမီးကောင်းဆိုသည်မှာ.....

အမျိုးသမီးကောင်းဆိုသည်မှာ.....
😘😘😘😘😘😘


သူစိမ်းအမျိုးသားတွေနဲ့
မရောတဲ့ အမျိုးသမီးက 
မာန ရှိတာ မဟုတ်ပါဘူး.....
သိက္ခာ ရှိတာပါ.......
သူစိမ်းအမျိုးသားကို 
အဖက်မလုပ်တတ်တဲ့
အမျိုးသမီးက 
မာန်တက်နေတာမဟုတ်ပါဘူး...
အရှက်ရှိတာပါ......
သူစိမ်းအမျိုးသားတွေကို
ရေလာမြောင်းပေးမလုပ်တဲ့
အမျိုးသမီးက 
ဘဝင်မြင့်နေတာ မဟုတ်ပါဘူး....
အဆင့်အတန်းရှိတာပါ......
သူစိမ်းအမျိုးသားကို
မျက်နှာမချို တဲ့
အမျိုးသမီးက
အောက်ခြေလွတ်နေတာ မဟုတ်ပါဘူး...
အိနြေ္ဒရှိတာပါ.......
သူစိမ်းအမျိုးသားတွေနဲ့
ချိုသာစွာစကားမပြောတတ်တဲ့
အမျိုးသမီးက 
လူမူ့ရေးမရှိတာ မဟုတ်ပါဘူး......
စည်းကမ်းရှိတာပါ......
သူစိမ်းအမျိုးသားနဲ့ 
ရောထွေးပြောဆိုဖို့
အခွင့်အရေးရှာမနေတဲ့
အမျိုးသမီးက 
တုံးအနေတာ မဟုတ်ပါဘူး......
အသိဥာဏ်ရှိတာပါ.......
သူစိမ်းအမျိုးသားတွေဆီက
အခွင့်အရေးမယူ 
အကူအညီမယူတဲ့
အမျိုးသမီးက 
ညံ့ဖျင်းနေတာ မဟုတ်ပါဘူး....
ထက်မြက်ပြီး ကိုယ့်ကိုကိုယ်
အားကိုးနိုင်တဲ့ အရည်အချင်းရှိလို့ပါ.....
လေးစားခြင်းဖြင့် 
 Credit -original - writer✍️

Post a Comment

Previous Post Next Post

Comments