မုန့်ပြားသလက်လုပ်နည်း (၂)မျိုး

မုန့်ပြားသလက်လုပ်နည်း (၂)မျိုး
-------------------------------------


နည်း (၁) 

ပါ၀င်ပစ္စည်းများ

ဆန်မှုန့် - ၅ ခွက်
တစေး (YEAST) - ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
ဆား - ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)
ရေ -  ၆ ခွက်
နံနံပင် - ၁ ခွက်(ပါးပါးလှီး)
ကြက်သွန်မြိတ် - ၁ ခွက်(ပါးပါးလှီး)
ပဲပြုတ် - ၂ ခွက်
ဆီ

ပြုလုပ်နည်း

၁.  ဆန်မှုန့်၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ရျ် အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တညထားပါ ။   (မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည် ။   ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည် ။)

၂.  မကပ်သော ဒယ်အိုး အသေးကို ဆီ အနည်းငယ် သုပ်ပြီး မီး အပူပေးပါ။  မီးဖို၏ မီးက အရေးကြီးပါသည် ။   မပူလွန်း သောမီး ၊ မီးကို အနေတော်သာထားရျ် မုန့်လုပ်ပါ ။

၃.  အိုး ပူလာလျှင်  မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့်ထည့်ပါ ။

၄.  မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ ။  ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့်ထားပါ။

၅.  ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ ။  မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန် အတွက် ဖြစ်ပါသည် ။

၆.  မုန့်ပျားသလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့် ဆားတို့နှင့် တွဲရျ် စားလေ့ ရှိပါသည် ။  

***အင်မတန်မှ လွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့် စားရပါတယ် ။

#Credit: WinWin KT

( ၂ )မုန့်ပြားသလက် လုပ်စားတယ်

1.မွှေးဆန်မှုန့် အစိမ်းထုပ် - 4.5 ထုပ်
2.ဆိုဒါ - တဇွန်းနဲ့ တဝက် ( teaspoon)
3.ရေ - 1500 ml
4.ဆား - တဇွန်း ( teaspoon)
5.ကြက်ဥ - နှစ်လုံး ( မုန့်လုပ်ခါနီးမှ ခေါက်ပြီး.ထည့်ရန်) 

အမှတ် 1 မှ 4 ကိုရောစပ်ပြီး မုန့်မလုပ်ခင် 4-5 နာရီလောက်ကြို ပြီးစပ်ထားပါ
မုန့်လုပ်ခါနီးမှ ကြက်ဥ နှစ်လုံး ခေါက်ထည့်ပါ

ကြက်သွန်မိတ် တွေကိုညှပ်ပြီး ပဲပြုတ်နှင့်ရောပါ
နှမ်း နဲ့ ဆားကို လိုသလောက်ရောထောင်းပါ

အိမ်မှာရှိတဲ့ရိုးရိုးဒယ်အိုးကို ဆီလေးတွေသုတ်သုတ်ပြီး လုပ်စားလို့ရပါတယ်

#Credit to မူရင်းပိုစ့်

Post a Comment

أحدث أقدم

Comments