"အားနာတတ်တဲ့ သူတိုင်းဖတ်ဖို့"
အားနာတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ခဏခဏအသုံးချခံခဲ့ရပေါင်းလဲ မနည်းဘူး ဒါတောင်မှ အားနာတယ်ဆိုပြီး ဆက်အသုံးချခံသူအဖြစ်နဲ့နေချင်သေးတာလား။
ဘဝမှာ လူတိုင်းက အကြောင်းကြောင်း၊
အခြေအနေတစ်ခုခုကြောင့်သာ မလွဲမသွေ သည်းခံနေပြီး ခံစားချက်တွေကိုအားနာတယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဖုံးကွယ်ခဲ့ကြတာပါ တစ်ကယ်တမ်းတော့ မိတ်မပြတိချင်လို့၊ပေါင်းသင်းဆက်ဆံရေး၊လူမှုရေးအရ အခင်အမင်မပြတ်ပဲ ဆက်ပြီးသည်းခံနေတဲ့အတိုင်းအတာက ကျော်လွန်လာတတ်ကြပါတယ်။
အားနာခြင်းမှာ သိက္ခာကိုငဲ့ပြီး ပြန်မပြောဖြစ်တဲ့စကားတွေ၊တုန့်ပြန်ဖို့ သင့်မသင့်ဆင်ချင်ရတဲ့ အရာလေးတွေကနေ သည်းခံရင်းနေနေကြတာပါ။တစ်ကယ်တော့ လူတိုင်းက အားနာခြင်းနဲ့ထိုက်တန်လို့မဟုတ်ပေမယ့် လူမှုရေးအရ သူ့ဘက်ကိုယ့်ဘက် မျှတွေးပြီး ဆင်ချင်လိုက်ကြတာပါ ဒါကိုအခွင့်အကောင်းယူပြီး အမြဲတမ်း ဒီလူက တုံးလိုက်အလိုက်ပုံများစတဲ့စကားလုံးတွေနဲ့ ဝေဖန်တတ်ကြပါသေးတယ်။
အားနာတတ်တဲ့ သင့်စိတ်ကို အသုံးချပြီး အမြဲတမ်းလိုသုံးလိုသဘောထားကြမယ်။
တစ်ခါတစ်လေ ကိုယ့်နှလုံးသားမှာ ဒဏ်ရာတွေပြည့်နေတာတောင်မှ ဒဏ်ရာပေးတဲ့သူကို ပြန်အားနာတတ်ကြသေးတာပါ။
ဒါကြောင့်အားနာတယ်ဆိုတာ ရိုးသားခြင်းလဲမဟုတ်သလို ပြတ်သားခြင်းလဲမဟုတ်ဘူး သင့်ကိုဝေဒနာတွေပေးမယ့်ဓားတစ်လတ်နဲ့တူတူပါပဲ။
လေးစားစွာဖြင့်
#MayHsu(ရာမညမြေ

إرسال تعليق