"ရောက်တဲ့အရပ်မှာပျော်ပါစေ " တဲ့

"ရောက်တဲ့အရပ်မှာပျော်ပါစေ " တဲ့ 


ကျွန်မက စိတ်ကို ဘယ်လိုပျော်အောင်ထားရမလဲဆိုပြီး အမြဲတွေးနေတတ်ပေမယ့် အများကြီး တွေးတတ်ဖို့ လိုသေးတယ်ဆိုတာ သိလိုက်ရတယ် ။ ရောက်တဲ့အရပ်မှာ ပျော်နေဖို့ တကယ်ကို လိုအပ်တာပါ ။

ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ 

အိမ်က မိသားစု ၊ ဆွေမျိုးတွေကို ဖတ်စေချင်‌လာတယ် ။ 

 YBS ပေါ်က အမြဲတမ်း အော်ငေါက်တတ်တဲ့ ကားသမားတစ်ချို့ကို သတိရတယ် ၊ 

လက်ရှိအခြေအနေကို ငြီးငြူတတ်တဲ့ 
ကိုယ့်ရဲ့ ခင်မင်ရတဲ့ ညီမလေးတွေကို သတိရတယ် 

ဖတ်စေချင်တာပါ ။ တကယ်ကိုကောင်းလို့ အဲဒီ အသိတရားလေးတွေကို ဝေမျှပေးချင်တာ ။

ကျွန်မက ညဘက်ရောက်တိုင်း တနေ့တာ ပြောဆိုဆက်ဆံခဲ့တဲ့ လူတွေအကြောင်း ပြန်စဉ်းစားတယ် ။ ကိုယ့်စိတ်ကိုလည်း အမြဲမြင်အောင်ကြည့်တယ် ။ ကိုယ့်လုပ်ရပ်တိုင်းကိုလည်း အမြဲသုံးသပ်တယ် ။ ဒါပေမယ့် ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ အဲ့ဒီလောက် သတိထားနေတာတောင် ကျွန်မ သတိလက်လွတ် ဖူးတာတွေကို ပြန်မြင်လာတယ် ။  

ဪ .. ဟုတ်သားပဲ ဒီနေရာလေးကို ငါကျန်ခဲ့တယ် 
ဒီနေရာလေး ဖြည့်ရအုံးမယ် စသဖြင့် ပိုပြီး သတိထားမိလာတယ် ။ 

စာအုပ်လေး ပြီးသွားတဲ့အခါ စာရေးဆရာကို သိပ်ကျေးဇူးတင်သွားတယ် ။ စိတ်ကွက်လပ်လေးတွေကို ဖြည့်ရမယ့် အဖြေတချို့ကို ပြန်ရှာတွေ့စေလို့ ။

#ရောက်တဲ့အရပ်မှာပျော်ပါစေ
#ချမ်းအေးပြည့်
#စာအုပ်တန်ဖိုး_၃၅၀၀ကျပ်
#reviewbyTHK

Post a Comment

أحدث أقدم

Comments