အမေရဲ့အရိုးသားဆုံးသော ဆုံးမစကား...
"ချစ်တယ် လို့ပြောတိုင်း
အချစ်စစ်နဲ့ မဟုတ်ဘူး
လွမ်းတယ် ဆိုတိုင်း
နှလုံးသား နဲ့ မဟုတ်ဘူး
သတိရတယ် ဆိုတိုင်းလဲ
ခံစားချက်နဲ့ မဟုတ်ဘူး
သနားတယ် ပြောတိုင်း
ကျင်နာစိတ်နဲ့ ဟုတ်ချင်မှ ဟုတ်မယ်
ဖေးမ ပေးမယ်ပြောတိုင်းလဲ
စေတနာနဲ့ ဖြစ်ချင်မှဖြစ်မယ်
ချီးကျူးတယ် ဆိုတိုင်း
နောက်ကွယ်မှာ ကဲ့ရဲ့ရင် ကဲ့ရဲ့နိုင်တယ်
မပူပါနဲ့ ငါတို့ရှိတယ် ဆိုပြီး
တွန်းချသွားတဲ့လူတွေလဲ ဖြစ်နိုင်ပါတယ်
ပုံသေတွတ်လို့ မရတဲ့ ပတ်ဝန်းကျင်ကို
မှီခိုဖို့ ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့
ကိုယ့်အား ကိုယ်ကိုး နိုင်အောင်ဘဲ
အမြဲကြိုးစားပါ။
ဒီလိုပြောလို့ လူတွေက
ကျင်နာတရားမရှိကြဘူးလို့
ဆိုလိုတာ မဟုတ်ရပာဘူး အကြောင်းရှိမှ
အကျိုးဖြစ်လာတာ ဆိုသလို လူဖြစ်လာမှတော့
သူ့အပူနဲ့သူ ရှိနေကြတာ မို့လို့ပါဘဲ။
ဒါကြောင့်
အလှဆုံးပန်းကို ပန်ချင်ရင်
လှမ်းလာမယ့် လက်တစုံကို မမျော်ပါနဲ့
စိတ်ကြိုက်တဲ့ ပန်းမျိုးကို ကိုယ်တိုင် ပျိုးပြီး
သန်မာတဲ့ပန်းဖြစ်အောင် ကိုယ်တိုင်ပြုစု
ပျိုးထောင်ပါ။
လွတ်လပ်တဲ့ ဘဝ တစ်ခုကိုပိုင်ပြီး
ဘယ်သူ့အခွင့်အရေးမှ မေးစရာမလိုဘဲနဲ့
ငွေကိုသုံးချင်ရင် ကိုယ်တိုင် ရုန်းကန်ပါ။
ဒါဟာအောင်မြင်မူ တစ်ခုပါဘဲ။
ဘယ်အချိန်မဆို ဘယ်နေရာရောက်ရောက်
ကျင်နာတတ်တဲ့ နှလုံးသား နဲ့
ကူညီတတ်တဲ့ ခြေနှစ်ဖက် လက်တစ်စုံတော့
အမြဲ ဖြစ်နေပါစေပေါ့ "တဲ့.။
ဟုတ်ကဲ့ မေမေ့ရဲ့ အရိုးသားဆုံးသော
အဆုံးမ စကားကို ဘဝတစ်ခုလုံး
တန်ဖိုးထား မှတ်သားသွားပါမယ် မေမေ.။
Credit

إرسال تعليق