အချိန်မတန်ခင်ဇိမ်မခံမိစေနဲ့
****************************
သူတစ်ပါးကို အားကျရုံမျှဖြင့် မင်းဘဝကြီး မတိုးတက်နိုင်ပါဘူး.....
ကိုဒူးကို ချွန်ပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပါ.......
လောကကြီးမှာ ဘယ်အရာမှာ အလကားမရပါ
လက်ဝါးဖြန်ဖို့ အရှက်တွေ ရင်းရသလို့
ပေးကမ်းသူရှိမှာ ရမယ့် အရာထက် လက်သီးဆုပ်ပြီး မိုးပေါ်ကို မြှောက်နိုင် ကြိုးစားပါ..........
လက်မ ထောင်နိုင်ရင်တော့ ပိုအဆင်ပြေမယ်
လုပ်ဖော် ကိုင်ဖက် အချင်းချင်း မျက်စောင်း
ထိုးနေရုံနဲ့ မင်း ဘဝကြီး မပြောင်းလဲဘူး........
လက်ညိုးထိုးပြီး ထောက်ပြနိုင်မှမင်းဘဝက အောင်မြင် မှု လမ်းမပေါ် ရောက်နိုင်မှာ....
လောကမှာ ကိုယ်ထက် အတဲ့ ကောင်မရှိဘူး
ကိုယ် ကိုယ်တိုင်က သူများ လက်ညိုးအောက်မရောက်
ဖို့ လိုအပ်တယ်....
တစ်ထောင်ရပြီး ပျော်နေရင် မင်း ဘဝက တစ်ထောင်ပဲ တန်မယ်...........
ကြိုးစားပါ အနည်းဆုံးတော့
ဓာတ်ပုံ ဘောင်နဲ့ မင်းဧည့်ခန်းမှာ မိန့်မိန့် ကြီး ပြုံးလို့ရတာပေါ့.............
မင်းခြေလှမ်းတွေ နောက်မကျ သေးဘူးထင်ရင် ရောက်တဲ့ နေရာကနေ ဆက်လျှောက်ပါ
ဒါ မင်း ဘဝရဲ့ တက်လမ်းပဲ...........
အချိန်မတန်ပဲ ဇိမ်မခံပါနဲ့ အနှိမ်ခံ ဘဝထဲက
လွတ်မြှောက်နိုင်အောင် ကြိုးစားပါ......
Credit

Post a Comment