လက်ဖက်ကြိုက်တဲ့သူတွေအတွက်
#လက်ဖက်နှပ်နည်းလေးတွေပြောပြပေးမယ်နော်
သံပုရာ လက်ဖက်နှပ်နည်း🌶🌶🌶
+++++++++++++++++
လက်ဖက်တွေကိုအရိုးအရင့်တွေဖယ်ပြီး
ရေနဲ့နှစ်ကြိမ်ဆေးပါတယ်။ ရေးနွေးနဲ့ခဏထပ်စိမ်ထားပေးရပါသေးတယ် ဆေးတွေပြောင်အောင်ပါ
တစ်ကြိမ်ကိုသုံးမိနစ်လောက်ကြာအောင်ရေစိမ်ပြီးမှဆေးပါတယ်
ပြီးရင် ဆုံထဲထည့်ထောင်းပါတယ်။
ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်း
အချိုအငန်အရသာ ပါထည့်ထောင်းပါတယ်။
အဆိမ့်အရသာဆိုရင်တော့ငရုတ်သီးထည့်မထောင်ပါဘူး
ကြက်သွန်ဖြူ နဲ့သာထောင်းပါတယ်
ချဉ်ငံစပ်အရသာဆိုရင်တော့
ထောင်းပြီးသားလက်ဖက်တွေကို
သံပုရာသီး ၊ ငန်ပြာရည်
ငရုတ်သီးစိမ်း ပါးပါးလှီးတို့ထပ်ထည့်ပါတယ်။
လက်ဖက်တွေကိုဆီများများနဲ့နှံ့အောင်နယ်ထားရပါမယ်နော်
စောင်းလျှားသီးလက်ဖက်နှပ်🌶🌶🌶
++++++++++++++++++
ပုဇွန်ခြောက် အရွယ်လတ် အကောင် ၃၀ ခန့်
ငရုပ်သီးစိမ်း/နီ
ဆား အချိုမှုန့်
ကြက်သားမှုန့် အနည်းငယ်
စောင်းလျှားသီး အချဉ်ကြိုက်လျှင်ကြိုက်သလိုအလုံးရေများထည့်ပါ
ကြက်သွန်ဖြူ
သံပုရာသီး
ပြုလုပ်နည်း
++++++++
1. လက်ဘက်ကို ရေ ၃ ပြန်လောက်ဆေးပီး ရေကုန်အောင်ညှစ်ထုတ်ထားပါ။
2. စောင်းလျှားသီးကို မထူမပါးလှီးပီး ဆားနယ်ပီး၊ တတ်နိင်သလောက် ရေကုန်အောင်ညှစ်ထုတ်ပါ။
3. ကြက်သွန်ဖြူကို ဒါးပြားရိုက်၊ နုတ်နုတ် စင်းပါ။
4. ပုဇွန်ခြောက်မှုန့်၊ ငရုပ်သီးစိမ်း တို့ကို ငရုပ်ဆုံတွင်ထည့် ထောင်းပါ၊ လက်ဖက်ထည့်ထောင်းပါ၊
5. ချိုမှုန့် ကြက်သားမှုန့်၊ ဆား၊ ငံပြာရည်၊ သံပုရာရည်တို့ထည့်ထောင်းပါ၊ အရသာတွေ လက်ဘက်ထဲ ၀င်သွားအောင် ဖွဖွလေးနဲ့ ခပ်ကြာကြာလေး ထောင်းပေးပါ။
6. စိတ်တိုင်းကျပီ ဆိုလျှင် စောင်းလျှားသီး ထည့်ပီး နာနာ ကြာကြာနယ်ပေးပါ၊
7. နောက်ဆုံးတွင် ကြက်သွန်ဖြူ ထည့်နယ်ပါ၊
ဆီဝနေအောင်ဆမ်းလိုက်ရင် ရပါပြီနော်
Credit
Photo##crd
#လဘက်နှပ်နည်း

Post a Comment