ကောင်မလေးတစ်ယောက်
အရင်က ခပ်အေးအေးလေး
ကောင်လေးရပြီးတဲ့နောက်
ပုံစံတွေပြောင်းသွားတယ် ။
စနှိုက်ကြော်မတွေလို့ သူ့ကောင်လေးနားက
မိန်းကလေးတွေကို စွပ်စွဲတယ် ။
တချိန်လုံးဆဲတယ်
အမှား အမှန် မသိတော့ဘူး
ငါ့ချစ်သူပြီးရင် ပြီးပြီးတာပဲဆိုတဲ့ အချစ်နဲ့
မိုက်မိုက်ကန်းကန်းချစ်နေရှာတာ ။
နောက်ကောင်မလေးက ခပ်စွာစွာ
ဆက်ဆက်ကြဲကလေး
ကြည့်မရရင် မရသလို ဒဲ့ဒိုးပြောတတ်သူလေး
ပေါတောတောနဲ့ ပျော်ပျော်နေတတ်တဲ့ကလေး
ကောင်လေးရပြီးတဲ့နောက်
အရမ်းတည်ငြိမ်သွားတယ် ။
ရွှတ်နောက်နောက် ပို့စ်တွေအစား
ချစ်ခြင်းမေတ္တာရဲ့ နူးညံ့သိမ်မွေ့ခြင်းအကြောင်း
ရေးထားတဲ့စာတွေကိုသာ မြင်ရတယ် ။
မိန်းကလေးတယောက်ရဲ့ ပုံမှန်ဘဝဟာ
သူမ တစ်ယောက်ထဲရှိတဲ့အချိန်ပဲ ..
တစုံတယောက် သူမ အနားရောက်လာရင်
အဲ့ဒီလူရဲ့ ပုံစံအတိုင်း လိုက်ပြီး ပြောင်းလဲသွားကြတယ် ။
ကျေးညီနောင် ပုံပြင်လိုပေါ့
ချစ်ခြင်းကိုအလေးထားပေးတဲ့သူနဲ့ ဆုံရတဲ့အခါ
သူမက သိမ်မွေ့လာတယ်
ဘဝက ပျော်စရာဖြစ်လာတယ် ။
ချစ်ခြင်းမေတ္တာကို လိမ်လည်လှည့်ဖြားတတ်တဲ့သူနဲ့ ဆုံရတဲ့အခါမှာတော့ သူမဟာ မိန်းမကြမ်းကြီးဖြစ်သွားတယ် အပူသည် ဖြစ်သွားတယ် ။
အချစ်ရဲ့စစ်မှန်ခြင်း အေးမြမှုကိုပေးတတ်သော ၊
မေတ္တာရဲ့ အရိပ်မှာ နွေးထွေးစေတတ်သော
အမျိုးသားမျိုးနဲ့သာ ဆုံစည်းစေချင်ပါတယ်
မိန်းကလေးတိုင်းကိုပေါ့ ။
#သက်ထားခင်(THK)
#အေးချမ်းတဲ့အရိပ်တစ်ခုရစေချင်တယ်
30,12,2021

إرسال تعليق