မန်းကျည်သီးစိမ်းငပိချက်လေးပါ
ငရုပ်သီးများများလေးနဲ့စပ်စပ်လေးကြော်ထားတယ် ထမင်းဖြူလေးနဲ့စားမယ်အကြိုက်တူလိမ့်မယ်လို့ထင်ပါတယ်ရှင့်(>‿◠)✌
ငရုပ်သီးကြက်သွန်နီဖြူထောင်းပါ ပုဇွန်ခြောက်လက်တစ်ဆုပ်စာထောင်းပါ
မန်ကျည်းသီးစိမ်းရေဆေးပြီးထောင်းပါ ပြီးလျင်ငရုပ်သီးထောင်းတာဆစီသတ်ပါ ငါးပိထမင်းစားဇွန်းတစ်ဇွန်းပါထည့်ပြီးဆီသတ်ပါ ငါးပိအနံမနံအောင်ပါ ငရုပ်သီးငါးပိကျွတ်လာလျင်မန်ကျည်းသီးစိမ်းထောင်းတာ ထည့်ပါ့ ရောမွေပါ အရသာကိုယ်လိုသလောက်ထည့်ပါ ချဉ်လွန်းလျင်ငံပြာရည်ထည့်ပါ အချဉ်ပေါ့လျင်ဆားထည့်ပါ ရေနည်းနည်းထည့်ပြီးတည်ထားပါ မွှေပေးပါ ဆီပြန်ခါနီးလျင်ငရုပ်သီးစိမ်းစိတ်ကြိုက်ထည့်ပါ အပေါ့အငန်မြည်းပြီး ဆီပြန်လျင် မန်ကျည်းသီးစိမ်းကြော် ဟင်းတခွက် ဖြစ်သွားပါသည် မရှင်းတာပြန်မေးပါရှင့်
Credit May Phyu Kyaw

Post a Comment