ကျနော်ကတော့ ရှင်းတယ် တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ်

ကျနော်ကတော့ ရှင်းတယ် တစ်ယောက်တည်းကို အကြာကြီးချစ်ချင်တယ် 


မထားဘူး အပျော်တွဲကြည့်မယ် ဆိုတဲ့ စိတ် နဲနဲလေးမှ ကျနော့်မှာ မရှိဘူး.. 

ကိုယ်ကိုတိုင်လဲ တန်ဖိုးထားတယ် ဘဝကို အပေါစား ဆန်ဆန် မဖြတ်သန်းချင်ဘူး 

ချစ်မိတဲ့အခါ လဲ သူ့ဘက်က ကိုယ့်တန်ဖိုး ကိုနားလည်စေချင်တယ်... 

အဲ့ဒါမို့ လွယ်လွယ်လေးလေးနဲ့ မချစ်ချင်ဘူး ချစ်ပြီးရင် မြဲချင်တယ်.. အဆုံးအထိသွား ချင်တယ်...

ချစ်ရတဲ့ သူ့အပေါ်အများကြီးတန်ဖိုးထားမယ် မေတ္တာစစ်တွေ ချည်းပေးမယ် ဘာတစ်ခုမှ သူ့ဆီမမျှော်လင့်ဘူး တူညီတဲ့မေတ္တာမျိုးတော့ပြန်လိုချင်တယ်.. 

အရာအားလုံးကို ပုံအောပြီးချစ်မှာမလို့ သူ့ဘက်ကလဲ အားလုံး ပြန်ရမှဖြစ်မယ်...

အချစ်မှာ ဘယ်သူရယ်လို့မှ မသတ်မှတ်ထားဘူး
သူကချစ်ရင် ကိုယ်က ချစ်ရင် အဆင်ပြေတာဘဲလေ ဘာတွေလိုသေးလို့လဲ..

ပိုက်ဆံရှိဖို့ ရုပ်ချော ပညာတတ်ဖို့ ဆိုတဲ့ စိတ်နဲ့ မရွေးချယ်ဘူး ကိုယ့် ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားပေးနိုင်တဲ့ သူမျိုးဘဲ လိုတယ်... 

တစ်ခုရှိတယ် ကျနော့် အပိုင်လို့ သတ်မှတ်ပြီးပြီဆိုရင် ဘယ်သူနဲ့ မှ ရောထွေးနေတာ မျိုးကိုမှ မကြိုက်ဘူး...
အတ္တဆန်တယ် သဝန်တိုမယ်... 

လွယ်လွယ်လေးနဲ့တော့ ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်သလို ကိုယ့်စိတ်ဆန္ဒတစ်ခုတည်းအတွက်နဲ့ ဘယ်သူ့ကိုမှ မကစားဘူး... 

ဘယ်လောက်ဘဲ အနစ်နာခံရပါစေ သူ့ဘက်ကချစ်နေသရွေ့ ကိုယ်ဘက်က ဖောက်ပြားမှာမဟုတ်ဘူး...

တစ်ယောက်တည်းကို အကြားကြီး ချစ်ချင်တာမို့... 

ခဏသာ အတွက်ဆိုတဲ့ စိတ်နဲ့တော့ ဝင်မလာကြနဲ့ အလုပ်ရှုပ်တယ်...

crd

Post a Comment

أحدث أقدم

Comments