သင့်ဘဝကိုတန်ဖိုးဖြတ်မည့်သူ

သင့်ဘဝကိုတန်ဖိုးဖြတ်မည့်သူ
*****************************


ကိုယ်တိုင်က သာ ဘာတန်ဖိုးမှ မရှိတာ သူများဘဝတွေကို တော့ 
ဘယ်လောက်တန်တယ်ဆိုပြီး တံဆိပ် ကပ်တတ်တဲ့ 
"တိပ်"လိုလူတွေ လောကမှာအများကြီးရှိတယ်။

ကိုယ်တိုင်ကျ ဘာတစ်ခုမှ အစွမ်းအစ မရှိဘူးသူတစ်ပါးကို ကျတော့ 
ဘယ်အတိုင်းအတာအထိ လုပ်နိူင်ပြီလဲ ဆိုတဲ့သူမျိုးတွေ 
လောကမှာအများကြီးရှိတယ်။

ဒီလိုလူတွေထဲ ကိုယ်မပါဖို့ဆိုပြီး သီးသန့် ဆင်ချင်နေစရာမလိုဘူး 
တစ်ကယ်တမ်းတော့ လူတိုင်းမှာ ကိုယ်ချင်းစာနာတတ်တဲ့
စိတ်သာရှိခဲ့မယ်ဆိုရင် ကမ္ဘာကြီးငြိမ်းချမ်းနေလောက်ပါပြီ။

 သူဘယ်လောက်တန်တယ်ဆိုတာက သူ့သမိုင်းဖြစ်တဲ့အတွက် 
ကိုယ့်ဘဝကိုယ့်သမိုင်း ကိုယ့်အနာဂါတ်လမ်းကို ဘယ်လိုတန်ဖိုးရှိစွာ
ဖြတ်သန်းနိူင်ဖို့ကသာအဓိကကျပါတယ်။

ဒါကြောင့် ဘယ်သူဘယ်လို တံဆိပ်ကပ်ကပ်
မူရင်းကိုတော့ ဘယ်မိတ္တူကမှ မမှီနိူင်ပါဘူး
အကယ်၍ သင့်ဘဝထဲမှာ သင့်ကို ဘယ်လောက်တန်ဖိုးရှိတယ်ဆိုပြီး 
စျေးလာဖြတ်ကြလိမ့်မယ် တစ်ကယ်တော့ သင့်ဘဝ သင့်တန်ဖိုးက 
သူများပါးစပ်ထဲက တန်ကြေး မဟုတ်ပါဘူး သင့်ရဲ့လုပ်နိူင်စွမ်းရည်
ဘယ်လောက်ရှိလည်းဆိုတာက ပဲ သင့်ဘဝတန်ဖိုးကို 
သင်ကိုယ်တိုင် ဆုံးဖြတ်သွားမှာပါ။

Credit-OriginalWriter
#TOP_FAN

Post a Comment

أحدث أقدم

Comments