မြန်မာခေါက်ဆွဲကြော်နည်း.(အိမ်ကြော်)

မြန်မာခေါက်ဆွဲကြော်နည်း.(အိမ်ကြော်)


ခေါက်ဆွဲတစ်အိုးစာ ဆိုင်ရောင်း သုံးပွဲစာ
ဆီ              ၂ကျပ်ခွဲသားခန့်
ခေါက်ဆွဲ      မိမိကြိုက်နှစ်သက်သောခေါက်ဆွဲသုံးပါ
ဂေါ်ဖီထုပ်     သိုမဟုတ်မုန်ညှင်းဖြူ အနည်းငယ်
ရွှေပဲသီး        ကြိုက်ရင်ထည့်သုံးပါ  အနည်းငယ်
အသား         ၂၅ကျပ်သား ကြက်/ဝက် အိမ်စား
                     ရောင်းစား   ၅ကျပ်/၁၀ကျပ်သား
ကြက်ဥ           ၁လုံးကြိုက်မှထည့်ပါ
ကော်မူန့်          ၁ဇွန်း ထမင်းစားဇွန်း かたぐり
ရေ                   ၁၂၀စီစီခန့်   ကော်မူန့်နဲ့ရောပြီးဖျော်ထားပါ
ငံပြာရည်          အနည်းငယ် ကြိုက်မှထည့်ပါ
ပဲငံပြာရည်        အဖျစ်  အနည်းငယ်
ကြက်သားမူန်း   ၁ဇွန်းအမောက်
ခရုဆီ                ၁ဇွန်းအမောက်
အသားကို ရေနည်းနည်းနဲ့ခဏပြုတ်ပြီရေစစ်ထားပါ
အသားပြုတ်ရေကိုသိမ်းထားပါ ကြော်တဲ့အခါသုံးရန်
၂၀၀စိစိလောက် ကျနော်ကတော့အသားပြုတ်ရည်ရှိတော့
ဆီအပူပေးပြီး
အသားကိုတခါတည်းကြော်တယ်ခဏကြော်ပြီးအရွက်တွေထည့်တယ်ခဏကြော်ငံပြာရေအနည်းငယ်ထည့်ခဏကြော်
ဘာကြောင့်လဲဆိုတော့ငံပြာရည်နဲခဏကြော်ရင်ငံပြာရည်အနံသိပ်မထွက်ဘဲမွေးလာအောင်ပါ ပြီးမှကြက်သားမူန့်ခရုဆီထည့်ပါပဲဆီအဖျစ်ကခေါက်ဆွဲထည့်ပြီးမှထည့်လဲရပါတယ်
ကျနော်ကခေါက်ဆွဲမထည့်ခင်အရင်ထည့်ပြီးခဏကြော်တယ်အဲဒါမှပဲဆီက အဖတ်အနှစ်လေးလိုခေါက်ဆွဲမှာဆွဲကပ်နေတာ ကျနော်အကြိုက်ပြီးရင်ကြက်ဥထည့်လို့ရပါပြီကြက်ဥထည့်ရင်ခေါက်ဆွဲ အိုးအလယ်ထည့်လဲရပါတယ် ဘေးထည့်လဲရပါတယ် ဥပဒေမရှိပါဘူးခင်ဗျာ ထည့်ရမယ်လို့😂😂 
ထည့်ပြီးခဏမမွှေရမကျက်တကျက်ဖြစ်ရင်ခေါက်ဆွဲလှန်ပါသုံးလေးခါပြီးတာနဲ့ကြက်သားပြုတ်ရေ ထည့်ပါဆူးလာတာနဲ့ဖျော်ထားတဲ့ကော်ရည်ထည့်ပါအဖုံးခဏပိတ်စက္ကန့်၃၀နပ်လိုက်ရင်ခေါက်ဆွဲအိပြီးစားလို့ကောင်းပါတယ်
လေးစားလျှက်..Crd.Min Kabar Sharr

Post a Comment

أحدث أقدم

Comments