ငါးကြီးကြီး လိုချင်ရင် ပင်လယ်ထဲကို သွားပါ ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ 
ဒါပေမယ့် 
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။


ဘဝကို ကြက်တူရွေးလို မနေဘဲ  
သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက  စကားတတ်ပေမဲ့ 
အမြင့်မပျံနိုင်ဘူး 
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက 
မအောင်မြင်ပါဘူး 
ဒါပေမယ့် 
အောင်မြင်နေတဲ့ သူတိုင်းက 
ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ 
ကိုယ်လျှောက်မယ့် လမ်းက 
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

လူ့သက်တမ်းက 
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့   
အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့ 
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ 
နောင်တရနေရင်  အလကားဘဲ ။

ဘောပင်က ပြောတယ် 
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို 
သိမ်းမထားပါနဲ့တဲ့ ။

တံခါးပေါက်က ပြောတယ် 
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု လမ်းကြောင်းကို  
ရောက်အောင် သွားတဲ့ ။

မီးသီးကပြောတယ် 
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့ 
လမင်းက ပြောတယ်
ရည်မှန်းချက်ကို  မြင့်မြင့်ထားတဲ့ ။

ပြက္ခဒိန်ကပြောတယ် 
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး ။

စာအုပ်တွေကပြောတယ် 
ဗဟုသုတကို ဝယ်လို့မရဘူး 
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ။

နာရီလေးက  ပြောတယ် 
အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး ။

ရေသန့်ဘူးက ပြောတယ် 
စိတ်ကိုကြည်လင်အောင်ထား 
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင် များများရှာတဲ့ ။

အားလုံးဘဲဘဝမှာ အဆင်ပြေကြပါစေ။ 
#crdvd

Post a Comment

أحدث أقدم

Comments