ပြန်ဆုံခဲ့မယ်ဆိုရင်တောင် ကျွန်မဘက်က လိပ်ပြာလုံပါတယ်
ချစ်ခဲ့တုန်းက အတတ်နိုင်ဆုံးကိုယ့်ဘက်က ချစ်ခဲ့ခြင်းတွေအတွက် နောင်တတွေမရှိခဲ့သလို ကျန်ခဲ့ချိန်မှာလဲ ပြုံးပြုံးလေးမဟုတ်ပေမယ့် ကျွန်မ အဆင်ပြေပါတယ်။
တကယ်လို့ပေါ့...ဝဋ်ကြွေးတွေကုန်လို့ လွဲခဲ့ကြရရင်တောင် တစ်နေ့ ရေစက်တွေကျန်သေးလို့ ပြန်ဆုံကြမယ်ဆိုရင်... ကျွန်မ အလှဆုံး ပြုံးပြနိုင်တဲ့အထိတော့ ကျွန်မဘက်က လိပ်ပြာလုံပါတယ် ။
ကျွန်မမှားခဲ့တာဆိုလို့ ရှင့်ကိုပိုချစ်မိခဲ့တာကလွဲလို့တခြားဘာမှ မရှိခဲ့ဘူးလေ အတတ်နိုင်ဆုံး ဖြူစင်ခဲ့သလို အတတ်နိုင်ဆုံးဆိုတာထက် ပိုချစ်ပေးခဲ့တယ်ဆိုတာလဲ ရှင်သိနေတာပါပဲ ။
တကူးတက ပြောပြစရာ မလိုတော့ဘူးလေ... ရှင်ချစ်တတ်လာတဲ့တစ်နေ့ကျရင်တော့ သိလာမှာပါဆိုပြီးလဲ မမျှော်လင့်တော့ဘူးနော်...ပျော်အောင်နေ ပြီးတော့ အဆင်မပြေလဲ ပြေအောင်သာနေပါ ။
ရှင်နဲ့ပတ်သက်ခဲ့တုန်းနဲ့ ရှင်ကလွဲလို့ဘယ်သူ့ကိုမှ ဘယ်သူကိုမှ မပတ်သက်ခဲ့သလို စိတ်လေးတောင် မဝင်စားခဲ့ဘူးလေ ကျွန်မ ရှင့်အပေါ် ရိုးသားခဲ့ပါတယ် ။
အရာရာတိုင်းအတွက် ပြန်တွေးကြည့်မယ်ဆိုရင် ကိုယ့်ဘက်ကပေးပြီး ကိုယ့်အတွက်ဘာမှ ပြန်မရခဲ့တဲ့ ဆက်ဆံရေးမှာ ကိုယ်ကပဲ ကျန်ခဲ့ရတာလေ အတတ်နိုင်ဆုံးတော့ ချစ်ပေးခဲ့သလို အတတ်နိုင်ဆုံး ဖြူစင်ခဲ့တဲ့ ကိုယ့်မှာ ဘယ်အချိန်ပြန်တွေ့ပြန်တွေ့ အလှဆုံးပြုံးပြနိုင်တဲ့အထိ လိပ်ပြာလုံပါတယ်။
#ကျေးကို

Post a Comment