💠ကျွန်တော်တို့ ငယ်ငယ်တုန်းက ယမ်းမီးခြစ်တွေ သုံးတယ်။
ဂတ်စ်မီးခြစ်တွေ ပေါ်လာတော့ ယမ်းမီးခြစ်တွေ မသုံးကြ တော့ဘူး။
💠အိမ်မှာ တိတ်ခွေဆိုင်လေး ဖွင့်ထားတော့ ပျဉ်းမငုတ်တိုဇာတ်လမ်း၊ ဒေါက်တာဆိတ်ဖွားဇာတ်လမ်း တွေကို တိတ်ခွေ နဲ့နားထောင်ခဲ့တယ်။
စီဒီခွေတွေ၊ ဒီဗွီဒီတွေ တွေပေါ်လာတော့ တိတ်ခွေတွေမရှိတော့ဘူး။
💠အခုဆို youtube တွေ၊ ဖေ့ဘုတ်တွေရှိတော့ T.V တောင်မကြည့်ဖြစ်တော့ဘူး။
💠လမ်းထိပ်မှာ ကြော်ငြာပန်းချီဆွဲပေးတဲ့ ပန်းချီဆိုင်လေးတစ်ဆိုင်ရှိတယ်။
ဗွီနှိုင်းတွေ၊ ကွန်ပျူတာ ဆော့ဝဲလ်တွေပေါ်လာတော့ အဲဒီဆိုင်လေး မရှိတော့ဘူး။
💠ဒီဂျစ်တယ် ကင်မရာတွေပေါ်လာတော့ .. ဖလင်ကင်မရာတွေမရှိတော့ဘူး။
💠ဂဏန်းပေါင်းစက်တွေ ပေါ်လာတော့ .. ပေတီးမခေါက်တော့ဘူး။
💠စမတ်ဖုန်းတွေ ပေါ်လာတော့.. ကီးပတ်ဖုန်းတွေ မသုံးချင်ကြတော့ဘူး။
💠အီးမေးလ်တွေ ပေါ်လာတော့.. စာတိုက်ကနေစာပို့တာနည်းသွားတယ်။
💠messenger chat မက်ဆင်ဂျာ တွေ ပေါ်လာတော့.. ဖုန်းနဲ့ SMS မပို့တော့ဘူး။
💠Google map တွေပေါ်လာတော့ .. မြေပုံစာအုပ်တွေ မရှိတော့ဘူး။
💠အင်တာနက်တွေ ပေါ်လာတော့ .. စွယ်စုံကျမ်းတွေ မထားကြတော့ဘူး။
အခု ...
🔰 Sila- Nano Technology နည်းပညာသစ်တွေပေါ်လာပြီ..
🔰 E.V ကား တွေပေါ်လာပြီ..
🔰 Autonomous Vehicles ( A.V ) တွေ ပေါ်လာပြီ..
🔰 3D Printing တွေ ပေါ်လာပြီ..
🔰 Cloud Technology တွေပေါ်လာပြီ..
🔰 Perovskite solar cell ဆိုလာနည်းပညာသစ် တွေ ပေါ်လာပြီ..
🔰 Tiktok တွေ ပေါ်လာပြီ..
🔰 Crypto နဲ့ Blockchain တွေ ပေါ်လာပြီ..
🔰 Loon Project တွေပေါ်လာပြီ..
🔰Space X နဲ့ Aquila Project တွေပေါ်လာပြီ..
🔰Genome Sequencing တွေေ ပေါ်လာပြီ..
🔰Crispr 2.0 နဲ့ DNA editing နည်းပညာတွေပေါ်လာပြီ..
🔰A.I က လူသားတွေရဲ့ ဆုံးဖြတ်ချက်ထဲထိ ဝင်ရောက်လာပြီ..
🔰Robotic နည်းပညာမြင့်လာလို့ Sophia တောင် နိုင်ငံသားကဒ်ရပြီ။
🔰metaverse တွေ ပေါ်လာပြီ..
အင်း .. ဒါတောင် အများကြီးကျန်သေးတယ်။
အသိလေးတစ်ခု ပဲ .. ဝင်လာတယ်..
ပြီးခဲ့တဲ့ နှစ်ပေါင်း (၃၀) အတွင်းမှာ တော်တော်ပြောင်းလဲ သွားပါလားဗျာ..
ကျွန်တော်... တိုးတက်ဖို့ အများကြီး ကြိုးစားရဦးမယ်..
ကျွန်တော် .. ပြောင်းလဲဖို့ အများကြီး ကြိုးစားရဦးမယ် ... လို့တွေးမိရင်း ..။ ။
#မာသင်
In Search of Impactful Existence

Post a Comment