💙 ဝက်သားနီချက် 💙
ဝက်သားကိုဆေးကြောသန့်စင်ပြီးဆားအရသာမှုန့် abc ပဲငံပြာရည်ရယ်ဗမာငံပြာရည်နဲနဲထည့်ပြီးတနာရီလောက်နှပ်ထားပါ / ဝက်သားပေါ်ကြည့်ပြီးဆီထည့်ပါအဆီအခေါက်ဆိုဆီလျော့ထည့်ပြီးအသားဆိုပုံမှန်အတိုင်းထည့်ပါ
ဆီကျက်ရင်သကြားအညိုအနဲငယ်ထည့်ပါအရောင်နီညိုလာရင်ဝက်သားထည့်ပါဝက်သားကိုဆီနဲ့အကြောတင်းရေခမ်းတဲ့အထိထားပေးပါ / ရေခမ်းသွားမှကြက်သွန်ဖြူနီဂျင်းထောင်းထားတာထည့်ပါအဲ့ထဲကိုငြုပ်သီးအရောင်တင်မှုန့်နဲနဲလေးထည့်ပါတယ်အရောင်လှအောင်ပါကြက်သွန်တွေနွမ်းသွားရင်ဝက်သားမြုပ်အောင်ရေထည့်ပါအဖုံးဖုံးထားပါမနူးသေးရင်ရေထပ်ထည့်ပေးပါနူးခါနီးရင်ကြက်သွန်ဥသေးသေးလေးတွေထည့်ပါအေသးမရှိလို့ရှိရင်ကြီးတာကိုလေးစိတ်စိတ်ထည့်ပေါ့ ကြက်သွန်လဲနူးဝက်သားလဲနူးဆီလဲပြန်သွားရင်ရပါပြီ🤗
Credit Khaing Khaing Myint

Post a Comment