အုန်းထမင်းချက်နည်း 🥥🥥

အုန်းထမင်းချက်နည်း 🥥🥥


ပါဝင်ပစ္စည်းများ
🔸🔸🔸🔸🔸

▪️ဖျာပုံပေါ်ဆန်း နို့ဆီဘူး  -  ၂ ဘူး 
▪️အုန်းနို့                           -  ၁ ဘူး (၂၅၀ ml)
▪️သကြား ဇွန်း                 - ၂ ဇွန်း 
▪️ဆား လက်ဖက်စားဇွန်း - ၁ ဇွန်း
▪️ဆီ ဇွန်း                          - ၁ ဇွန်း
▪️ကြက်သွန်နီ                   - ၄ လုံး စိတ်ထည့်

ချက်ပြုတ်နည်း
🔸🔸🔸🔸🔸

၁။ ဆန်ကို ရေ ၃-၄ ကြိမ် ဆေးပြီး ပါဝင်ပစ္စည်း အားလုံး ရောထည့်ပြီး မွှေပေးပါ။

၂။ ဆန်ကို မျက်နှာပြင်ညှိပြီး ရေကို ဆန်မျက်နှာပြင်အပေါ် လက်တစ်ဆစ်ရောက်အောင် ထပ်ဖြည့်ပေးပါ။ ပြီးရင် ထမင်းပေါင်းအိုးလေးနဲ့ ချက်ပေးလို့ရပါပြီ။

၃။ စဆူလာလို့ အငွေ့ ထွက်ပေါက်လေးကနေ အငွေ့လေးတွေ ထွက်လာရင် ပထမအကြိမ် ခဏလေး မွှေပေးပါ။

၄။ ဆက်ချက်ပြီးနောက် ၅ မိနစ် လောက်နေရင် ဒုတိယအကြိမ် မွှေပေးပါ။

၅။ မျက်နှာပြင်ညှိပေးရင်း ကြက်သွန်နီဖတ်လေးတွေ ဆန်အောက်ဖက် ထိုးထည့် ထားပေးလိုက်ပါ။
ပိုနူး ပိုအရသာ ဝင်အောင်လို့ပါ။

၆။ အစအဆုံး ချက်ချိန် ၁၅ မိနစ် လောက်မှာတင်ဘဲ ခလုပ်တက်ပါပြီ။ ထမင်း သေသေချာချာ နပ်အောင် မီးခလုတ် မပိတ်သေးဘဲ Warm အတိုင်းလေးကို ဆယ်မိနစ်လောက် ထားလိုက်ပါ။

၇။ အရသာရှိပြီး လွယ်ကူမြန်ဆန်တဲ့ အုန်းထမင်းလေး ရပါပြီ။ ကိုယ်သုံးတဲ့ဆန်ရဲ့ဆန်သား အပျော့အမာလိုက်ပြီးတော့ ရေကို လိုတိုးပိုလျှော့ ထည့်ပေးနိုင်ပါတယ်

၈။ အုန်းထမင်းကို တွဲဖက်စားလို့ဟင်းလေးတွေပါ။
- ကြက်သား (သို့) ကြက်အသည်းအမြစ်ဟင်း၊ 
- ပုဇွန်ခြောက်ဘာလချောင်၊ 
- ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ သံပုရာသီး အချဉ်လေး (သို့)
- သရက်ချဉ်သုပ်လေးရယ်၊ 
- နှစ်သက်ရာ ဟင်းချို တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်လို့ရပါပီ 😋😋

Credit to Original Uploader

Credit. Photo

Post a Comment

أحدث أقدم

Comments