မပြည့်စုံပဲအိမ်ထောင်ပြုလိုက်တဲ့အချိန်ဟာ

မပြည့်စုံပဲအိမ်ထောင်ပြုလိုက်တဲ့အချိန်ဟာ


လောကဓံကဒုက္ခကို လက်ဖွဲ့လိုက်တဲ့အခါ  
လူငယ်တွေသတိထားသင့်တယ်

အိမ်ထောင်ပြုတော့မယ်ဆိုရင်
အနာဂတ်အတွက်ကြိုတင်
ပြင်ဆင်ခြင်းက လိုအပ်တယ်

အချစ်တစ်ခုကိုသာ ဦးစားပေးပြီး
ဘ၀အတွက် ဘာပြင်ဆင်မှု့မှမရှိခဲ့ရင်
တနေ့ သေချာပေါက် မလိုလားအပ်တဲ့
ပြသနာတွေ ဖြစ်လာကြမှာအမှန်ပါ

အိမ်ထောင်ပြုပြီဆိုတာနဲ့  
သားသမီးဆိုတာလဲ 
မရှိမဖြစ်လိုအပ်လာမှာပဲ  
သားသမီးရလာတာနဲ့အမျှ
ငွေကြေးဆိုတာ  ဘ၀မှာ
လိုအပ်တယ်ဆိုတာထက်
ပိုလိုအပ်လာပါပြီ

ငွေမရှိတဲ့အခါ တစ်ယောက်ကိုတစ်ယောက် 
အရင်ကချစ်တဲ့ အချစ်တွေလည်း
အမုန်းအဖြစ် ပြောင်းလဲဖို့ လွယ်ကူလာမှာပဲ
သံယောဇဉ်တွေဆိုတာလဲ  
အရေးမပါတဲ့အရာတစ်ခုလို့ 
သတ်မှတ်ထားကောင်းထားမယ်

ရန်ပွဲတွေကြားက သားသမီးတွေက
မြေစာပင် အဖြစ်နဲ့ရှင်သန်လာရမှာ
ခင်ဗျားတို့လိုချင်ပါသလား....?

ခင်ဗျားတို့ ရေဆာလာတဲ့အချိန်မှာ 
ရေတစ်ခွက်က ခင်ဗျားတို့အတွက်
အရမ်းကို လိုအပ်လာလိမ့်မယ်
ထို့အတူ  ကိုယ့်သားသမီးတွေရလာခဲ့ရင် 
မိခင်ရဲ့နွေးထွေးခြင်းနဲ့  ဖခင်ရဲ့ 
ဂရုစိုက်ခြင်းကိုလဲ သားသမီးတိုင်းက
အရမ်းကိုလိုအပ်ကြတယ်

( ဒါပေမယ့်  တစ်ချို့တွေမပေးနိုင်ကြဘူး😌 )
ကလေးနို့ဆာအချိန်မှာ နို့မတိုက်နိုင်ပဲ
ငွေနောက် တကောက်ကောက် 
လိုက်နေတဲ့မိခင်တွေအများကြီးပါပဲ

ကလေးအိပ်ချိန် တေးသီချင်းတွေနဲ့ 
မဆိုပြနိုင်ပဲ
ငွေနောက်တကောက်ကောက်လိုက်ရင်း
ပင်ပန်းလို့ လှည့်မကြည့်နိုင်တဲ့
ဖခင်တွေ အများကြီးပါပဲ

အလုပ်တွေအဆင်မပြေလာတဲ့အခါ
 ပြသနာတွေက တက်ရအုံးမှာပဲ
မကြာခဏ ဆိုသလို ဖြစ်နေရအုံးမှာ
ပြသနာပေါင်းစုံဆွဲထည့်ရင်း 
ငြင်းကြ ခုန်ကြနဲ့  အိမ်ထောင်ရေးဟာ
ထင်သလိုမလွယ်ကူဘူး 
သာယာဖို့မလွယ်စမြဲပါပဲ

ဒါဆို  ဘယ်မှာလဲ?  အရင်ကသိပ်ချစ်တဲ့ 
တီတီတာတာစကားလေးတွေ....?

ဒါဆို ဘယ်မှာလဲ...?  
အရင်က စိတ်ကူးယဉ်ထားတဲ့ 
ချစ်စရာမိသားစုလေးတွေ...?

ဒါဆို ဘယ်မှာလဲ...?  
အရင်မျှော်လင့်ထားတဲ့ပျော်ရွှင်ခြင်းတွေ
ပြည့်နှက်နေတဲ့ အိမ်ကလေး...?

ဘ၀ဆိုတာ  ပုံသေကားချပ် မရှိပေမယ့်
တစ်ချို့အရာတွေ အတွက်တော့
ကြိုတင်ပြင်ဆင်ထားခြင်းက 
အရမ်းကို လိုအပ်တယ်ဆိုတာ 
မှတ်ထားစေချင်တယ်

အဲ့ဒါကြောင့်  
အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ထားရင်
ပိုက်ဆံကိုအရင်စုပါ  
အရာရာ တချို့အတွက်က 
ပိုက်ဆံနဲ့၀ယ်လို့မရပေမယ့်
နေရာတိုင်းမှာတော့  သူမပါမပြီး 
လိုရာခရီးမရောက်နိုင်တဲ့ဘဝတွေ
အများကြီးရှိတာမို့  

ငွေကိုစုရင်း ကိုယ့်ဘ၀ကို
လှပစွာ ထုစစ်နိုင်သူများဖြစ်ကြပါစေ။🙏

Post a Comment

Previous Post Next Post

Comments