ပြီးခဲ့တဲ့ နေ့ရက်တွေမှာ❤🧡💛💛💚 ဘာတွေ ဘယ်လိုပဲ ဆိုးရွားခဲ့ .... ဆိုးရွားခဲ့ ....

ပြီးခဲ့တဲ့ နေ့ရက်တွေမှာ❤🧡💛💛💚
ဘာတွေ ဘယ်လိုပဲ ဆိုးရွားခဲ့ .... ဆိုးရွားခဲ့ ....


ပြီးခဲ့တဲ့ နေ့ရက်တွေမှာ
ကိုယ် ဘယ်လောက်ပဲ နာကျင်ခဲ့ .... နာကျင်ခဲ့ ....
ပြီးဆုံးသွားခဲ့ပါပြီ ။ ကျန်ခဲ့ပါပြီ ။

ဒါကို စိတ်က လက်ခံပြီး မလိုအပ်တဲ့ လေးလံဖိစီးမှုတွေကို လွှတ်ချခဲ့လိုက်ဖို့ လိုပါတယ် ။ နေ့သစ်တိုင်းအတွက် လူသစ်စိတ်သစ်နဲ့ အကောင်းဆုံး ရင်ဆိုင် ဖြတ်သန်းနိုင်ဖို့ကိုပဲ တွေးပါ ။

ကောင်းတဲ့ အတွေးတွေကို တွေးပါ ။ ကောင်းတဲ့ အလုပ်လေးတွေ လုပ်ပါ ။ ကောင်းတဲ့ စကားလေးတွေ ပြောပါ ။ သူတစ်ပါးကိုလည်း ကူညီဖေးမပါ ။ မိမိကိုယ်မိမိလည်း ပိုချစ်ပါ ။ မိမိကိုယ်မိမိလည်း ပိုဂရုစိုက်ပါ ။ နောင်တကင်းတဲ့ နေ့ရက်တွေကို ဖန်တီးရင်း လိပ်ပြာလုံတဲ့ ၊ သမိုင်းကြောင်းလှတဲ့ မှတ်တိုင်တစ်ခု တည်ဆောက်သွားပါ ။

📖 “ စိတ်လုံခြုံမှု ရပ်ဝန်းငယ် ” စာအုပ်မှ

#စိတ်လုံခြုံမှုရပ်ဝန်းငယ် #စူးရှမေ

Post a Comment

Previous Post Next Post

Comments