အိမ်က စိတ်မချလို့…
အိမ်က စိတ်မချဘူးတဲ့။ ဒီစကားကို Familiar ဖြစ်မနေဘူးလား။ ကျွန်တော်တို့ဆီက သားသမီး တော်တော်များများနဲ့ ရင်းနီးနေတဲ့ စကားပါ။ တယောက်ယောက်ဆီက ကြားရင် သိပ်တောင် မထူးဆန်းဘူး၊ ကြားနေကျ ဖြစ်နေလို့။
ဒါပေမယ့် ဒီစကားရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ အန္တရာယ် ကင်းခဲ့ဖူးသလို အခွင့်အရေးတွေလည်း အများကြီး ဆုံးရှုံးခဲ့ဖူးတယ်။ အချို့ အရွယ်ရောက်ပြီ တခါမှ ခရီး မထွက်ဖူးတဲ့သူတွေ ရှိတယ်။
မိဘတွေနဲ့ ပြောတာ မဟုတ်ဘူးနော်၊ ကိုယ်တယောက်တည်း ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် မထွက်ဖူးဘူး။ အထူးသဖြင့်မိန်းကလေးတွေ ပိုများမယ်။ ဘာလို့လဲ။ အိမ်က စိတ်မချလို့။
ခရီးထွက်ဖို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်ကြတဲ့အခါ အကုန်လုံး တက်ကြွပြီး သွားဖို့ စီစဉ်တာတွေ အကုန် ပျက်သွားတဲ့ နောက်ကွယ်က အကြောင်းအရင်းက “ငါ့အိမ်က စိတ်မချလို့၊ ငါ့အိမ်က မလွှတ်လို့” ဆိုတာပဲ။
မိဘတွေက သားသမီးတွေကို ကလေးလိုပဲ မြင်နေတာကို ချစ်တယ်လို့ ထင်ကြတယ်။ ငါ့သားသမီးတွေက ငါ့အတွက်တော့ ကလေးတွေပဲလို့ ပြောတာ ကြားဖူးမှာပေါ့။
ဒါပေမယ့် တနေ့ မိဘတွေ မရှိတော့တဲ့အခါ လောကထဲ ကိုယ်တယောက်တည်း လျှောက်ရမယ် ဆိုတဲ့အခါ ကိုယ်က တကယ်ကို ကလေးလို ဖြစ်သွားတယ်။ ဘာဆို ဘာမှ မသိဘူး။
သူများလိမ်တာ ခံရတယ် သူများပြောသမျှ ယုံတယ်။ တခုခုဆို ကြောက်နေတယ်။ ပြဿနာဖြစ်ရင် တယောက်ယောက်ကို အရင်ပြေးခေါ်ဖို့ပဲ စဉ်းစားနေမိတယ်။
ကားမမောင်းဖူးဘူး ကားမမောင်းရဲဘူး အိမ်က စိတ်မချလို့။ ကိုယ်ပိုင်စီးပွားရေး ဘာမှမလုပ်ဖူးဘူး၊ အလုပ် မလုပ်ဖူးဘူး အိမ်က စိတ်မချလို့။ ဘယ်မှ ခရီးမထွက်ဖူးဘူး ကိုယ့်မြို့တောင် စုံအောင် မရောက်ဖူးဘူး အိမ်ကစိတ်မချလို့။
နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်ဖို့ စိတ်ကူးယဉ်တာတွေ ဖျက်ပစ်ရဖူးတယ် အိမ်က စိတ်မချလို့။ Night Out မထွက်ဖူးဘူး အိမ်က စိတ်မချလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မလုပ်ဖြစ်တာတွေ အများကြီးပဲ။
ဒီလိုပြောလို့ မိဘတွေကို အပြစ်တင်တာ မဟုတ်ဘူးနော်။ စိတ်မချဘူး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ သိပ်ကိုအန္တရာယ်ကင်းပြီး သိပ်ကို လုံခြုံဖူးတယ်။
မိဘရင်ခွင်မှာပဲ အချစ်ခံပြီး သေတဲ့အထိ နေချင်တာပေါ့။ ဒါပေမယ့် မိဘအိမ်ကထွက်သွားတာနဲ့ အိမ်အပြင် ရောက်တာနဲ့ ငထုံကြီးလို ဖြစ်သွားပြီ ဘာမှမသိတော့ဘူး။
တချို့ဆို တယောက်တည်း လူကြားထဲရောက်ရင် လက်ဖျားတွေ အေးစက်လာတာမျိုး၊ လူတွေက ကြည့်နေရင် ကြောက်နေတာမျိုးတွေ တနေရာရာ ရောက်ရင် စကားမပြောရဲတာတွေ အကုန်လုံးက စိတ်မချတဲ့ နောက်ကွယ်က Side Effect တွေ ပါပဲ။
ဒီတော့ ကျွန်တော်တို့ကို စိတ်ချသင့်တဲ့ အချိန်မှာ စိတ်ချပါ။ ကျွန်တော်တို့ကို လမ်းလျှောက်တတ်အောင် ကိုင်ပေးထားတဲ့ လက်ကိုလွှတ်ပြီး ကိုယ့်ဘာသာ လမ်းလျှောက်ခိုင်းကြည့်ပါ။ ကျွန်တော်တို့ကို အိမ်က စိတ်ချပါတော့။ Robin
Zawgyi ဖြင့်ဖတ်ပါ
ခရီးထွက်ဖို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်ကြတဲ့အခါ အကုန္လုံး တက်ကြွပြီး သွားဖို့ စီစဉ်တာတွေ အကုန် ပ်က်သြားတဲ့ နောက်ကွယ်က အကြောင်းအရင်းက “ငါ့အိမ္က စိတ်မချလို့၊ ငါ့အိမ္က မလွှတ်လို့” ဆိုတာပဲ။
ဒါပေမယ့် တနေ့ မိဘေတြ မရှိတော့တဲ့အခါ လောကထဲ ကိုယ်တယောက်တည်း လျှောက်ရမယ် ဆိုတဲ့အခါ ကိုယ္က တကယ္ကို ကေလးလို ဖြစ်သွားတယ်။ ဘာဆို ဘာမွ မသိဘူး။
ကားမမောင်းဖူးဘူး ကားမမောင်းရဲဘူး အိမ္က စိတ်မချလို့။ ကိုယ်ပိုင်စီးပွားရေး ဘာမွမလုပ္ဖူးဘူး၊ အလုပ် မလုပ္ဖူးဘူး အိမ္က စိတ်မချလို့။ ဘယ်မှ ခရီးမထြက္ဖူးဘူး ကိုယ့်မြို့တောင် စုံအောင် မေရာက္ဖူးဘူး အိမ်ကစိတ်မချလို့။
နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်ဖို့ စိတ်ကူးယဉ်တာတွေ ဖျက်ပစ်ရဖူးတယ် အိမ္က စိတ်မချလို့။ Night Out မထြက္ဖူးဘူး အိမ္က စိတ်မချလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မလုပ်ဖြစ်တာတွေ အများကြီးပဲ။
ဒီလိုပြောလို့ မိဘေတြကို အပြစ်တင်တာ မဟုတ်ဘူးနော်။ စိတ်မချဘူး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ သိပ်ကိုအန္တရာယ်ကင်းပြီး သိပ္ကို လုံခြုံဖူးတယ်။
တချို့ဆို တယောက်တည်း လူကြားထဲရောက်ရင် လက်ဖျားတွေ အေးစက်လာတာမျိုး၊ လူတွေက ကြည့်နေရင် ကြောက်နေတာမျိုးတွေ တေနရာရာ ရောက်ရင် စကားမပြောရဲတာတွေ အကုန္လုံးက စိတ်မချတဲ့ နောက်ကွယ်က Side Effect တွေ ပါပဲ။
Post a Comment