လူတစ်ယောက်မှာ သူ့တန်ဖိုးနဲ့ သူ ရှိပါတယ်။

လူတစ်ယောက်မှာ သူ့တန်ဖိုးနဲ့
သူ ရှိပါတယ်။


သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကပြောဖူးတယ်။
ငါးကို သစ်ပင်တက်ခြင်းဖြင့် သူရဲ့တန်ဖိုးကို ဆုံးဖြတ်လို့ မရဘူးတဲ့။

ဘယ်လောက်စျေးကြီးတဲ့ ဖိနပ်ပဲဖြစ်ပါစေ
နောက်ဆုံးရလာဒ်က ခြေထောက်အောက်
မှာပါ။

ဘယ်လောက် စျေးပေါပေါ
ဦးထုပ်ဆိုတာ လူတွေရဲ့ ခေါင်းပေါ်မှာပါ။

စကားဆိုတစ်ခုရှိတယ် ရွှေမှန်ရင် နွံမနစ်ဘူးတဲ့။

ဒီလိုပါပဲ မင်းရဲ့တန်ဖိုးကို မင်း မချသရွေ့
မင်းဟာ တန်ဖိုးရှိနေဆဲပါပဲ။

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာကိုယ်တိုင်ပဲ သတ်မှတ်ရတာပါ။

ကျွန်တုံးခြင်းတူပေမဲ့ထုဆစ်ပုံခြင်း မတူတော့
နွားစာခွက်နဲ့ရာဇပုလ္လင်လို ကွဲလွဲသွားကြတာပါ။
တန်ဖိုးချင်းကတော့ တူတူပါပဲ။

မင်းရဲ့ဘဝလေးလှပပြီး တန်ဖိုးရှိစေဖို့
လှပစွာ ထွင်းထုပါ လို့အကြံပေးပါရစေ။

မောင်သုတ (ဘဝစာပေ)

Post a Comment

Previous Post Next Post

Comments