--မတူတာတွေကို လိုက်တုမနေနဲ့ ကိုယ်ပဲစိတ်ပင်ပန်းရလိမ့်မယ်။

---မတူတာတွေကို လိုက်တုမနေနဲ့
ကိုယ်ပဲစိတ်ပင်ပန်းရလိမ့်မယ်။


---မတွဲချင်တဲ့သူကို
အတင်းဆွဲမနေနဲ့ ကိုယ်ပဲစိတ်ထိခိုက်ရမယ်။

---အလေးမထားတဲ့သူကို
ဂရုစိုက်မနေနဲ့ ကိုယ်ပဲပိုနာကျင်ရမယ်။

---စိတ်ဓာတ်ညံံ့ဖျင်းတဲ့သူကို
မျှတွေးဖို့ လမ်းမညွှန်နဲ့ ကိုယ်ပဲအမုန်းခံရမယ်။

---အငြင်းခံလိုက်ရလို့ မကျေမနပ်ဖြစ်မနေနဲ့
ပြိုင်ငြင်းချင်တဲ့ စိတ်ကို ထိန်းလိုက်နိူင်တဲ့
ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်ပါစေ။

---လောကမှာ
ကိုယ်ဖြစ်ချင်တာဖြစ်မလာတတ်ပေမဲ့
ဖြစ်လာတဲ့ အရာတိုင်းအပေါ်
လက်ခံတတ်ရင် ဘယ်လိုဒုက္ခအခက်အခဲနဲ့ကြုံကြုံ
ရင်ဆိုင်ဖို့ သတ္တိရှိနေမှာပါ။

---စိတ်ချမ်းသာအောင် နေတတ်ဖို့
ရွှေပေးစရာ၊ငွေပေးစရာမှမလိုတာ
ဖြစ်လာတဲ့ ကိစ္စတိုင်းအပေါ်
ကိုယ်ခံယူလိုက်တဲ့ စိတ်ဓာတ်ကသာ အဓိကပဲမဟုတ်လား...။

---ကြယ်တစ်လုံး ကြွေလို့
ကမ္ဘာကြီးမှောင်မိုက်မသွားသလို
ဒုက္ခတစ်ခုကြုံလို့
ဘဝတစ်ခုလုံး လဲပြိုမသွားပါဘူး
ဒါပေမယ့် ကိုယ်ထားလိုက်တဲ့စိတ်ထားလေးက
ပြိုလဲသွားအောင် ဖန်တီးရင် ပြိုလဲသွားမှာပါ
ဒီလိုမှမဟုတ်ပဲ ပိုခိုင်မာလာအောင်စွမ်းဆောင်နိူင်တဲ့အခါ ဒုက္ခတိုင်းက ယူတတ်ရင် သင်ခန်းစာတွေပဲမဟုတ်လား ။

လေးစားစွာဖြင့် ❤❤❤
#MayHsu(ရာမညမြေ)

Post a Comment

Previous Post Next Post

Comments