ငွေအကုန်ကျလည်းသက်သာ ထမင်းစားလည်းမြိန်စေမယ့် တစ်မယ်ကောင်း ကချင်ခရမ်းချဉ်သီးထောင်း 😋

ငွေအကုန်ကျလည်းသက်သာ ထမင်းစားလည်းမြိန်စေမယ့်
တစ်မယ်ကောင်း ကချင်ခရမ်းချဉ်သီးထောင်း 😋


ကချင် ခရမ်းချဉ်သီး ထောင်း 
ဒီနေ့တော့ အချိန်ကလေး ရတာနဲ့  စားချင်နေတဲ့

ကချင် ခရမ်းချဉ်သီး ထောင်းလေး လုပ်စားဖြစ်တယ်။ 

အလွန် ပင် ထမင်းမြိန်လှတယ် 

ထောင်းစားချင်သူများအတွတ် 

ခရမ်းချဉ်သီးမှည့် ၊ ငရုတ်သီးစိမ်း ( အနီ ၊ အစိမ်း )

ကြက်သွန်ဖြူ တို့ကို မီးကင်ပြီး ညက်အောင်ထောင်းပါ။ 

ထောင်းပြီး ဆား ၊ ကြက်သားမူန့် ( သို့ ) ဟင်းချိုမူန့် 

နံနံ ထည့်မွှေပါ ရှင် ❤️❤️

Credit Phyo Moh Moh

Post a Comment

Previous Post Next Post

Comments