မေးကြည့်ချင်လို့........

မေးကြည့်ချင်လို့........


ကိုယ့်တန်ဖိုးကိုမသိလို့ စွန့်ခွာသွားသူကို
ဖက်တွယ်နေရလောက်အောင် မင်းမှာရွေးချယ်စရာ
မရှိတော့ဖူးလား..........

ကိုယ့်ကိုလိမ်နေမှန်း သိသိကြီးနဲ့
ယုံကြည်နေရလောက်အောင်
မင်းအတွက်အဖော်ဆိုတာ အရမ်းရှားနေလို့လား.......

ကိုယ့်ကိုယ် အရမ်းနာကျင်အောင်လုပ်သွားသူကို
တမ်းတနေရလောက်အောင် မင်းနှလုံးသားက
အသိမဲ့နေပီလား........

ကိုယ့်အပေါ်ကို ပစ်ပစ်ခါခါ မညှာမတာ
ရက်စက်စွာ လူမဆန်တဲ့သူကို
မေ့လို့မရဖြစ်နေရအောင် မင်းအသိဉာဏ်တေက
အကန်းရေတွင်းကျ ဖြစ်နေပြီလား.........

ကိုယ့်ဂုဏ်သိက္ခာကို ချနင်းပီး အမြင့်တက်သွားသူကို
အရှူံးပေး ဒူးထောက်နေရအောင်
မင်းက အစွမ်းစ မရှိတဲ့ သူလား..........

လူပုံအလယ်မှာ မင်းကိုအရှက်ခွဲခဲ့တဲ့သူကို
ခေါင်းငုံ့ခံပြီးငြိမ်နေရအောင်
မင်းတန်ဖိုးက အဝီစိရောက်နေပီလား.......

လောကအလယ်မှာ အဖော်မရှိဖူးဆိုပီးအားငယ်နေရအောင်
မင်းမွေးတုန်းကအဖော်ပါလို့လား.......

မင်းလဲကျတိုင်း ပြန်မထနိူင်ရအောင်
ငယ်ငယ်တုန်းက မင်းလမ်းလျှောက်တတ်အောင်
ဘယ်လိုကြိုးစားခဲ့ရလဲ.........

သူငယ်ချင်း 
မျက်လုံးရှိရင် မျက်ရည်ကျမှာပဲ
ခြေထောက်ရှိရင် ချော်လဲဖူးမှာပဲ
အရှူံးရှိရင် အနိုင်ရှိမှာပဲ
အချစ်ရှိရင် အမုန်းရှိမှာပဲ
ပေါင်းစည်းခြင်းရှိရင် လမ်းခွဲခြင်းရှိမှာပဲ
နှလုံးသားရှိရင် ခံစားရမှာပဲ
အဖော်မက်နေရင် အထီးကျန်ဝေဒနာဆိုတာရှိလာမှာပဲ
မျှော်လင့်ချက်ရှိရင် ဆုံးရှူံးခြင်းဆိုတာလဲ
ရှိလာမှာပဲလေ........

သိပ်မထူးဆန်းတော့ပါဖူး
ကိုယ့်အတွက် ဘယ်လိုရလဒ်ပဲဖြစ်နေပါစေ
လက်ခံတတ်မှ မင်းလူဖြစ်ရကျိုးနပ်မှာပေါ့........

🌸🌸🌸🌸🌸

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧

Post a Comment

أحدث أقدم

Comments