" စကား နှင့် တန်ဖိုး "

" စကား နှင့် တန်ဖိုး "
********************


စကားဆိုတာ သာမန်ကြည့်ရင်
လူတစ်ယောက်ရဲ့တန်ဖိုးနဲ့ မသက်ဆိုင်ဘူးလို့ 
ထင်ရပေမယ့် လူတစ်ယောက်ရဲ့
အဆင့်အတန်းကိုတော့ စကားလုံးတွေကို
ကြည့်ပြီး ပိုင်းဖြတ်လို့ ရတတ်တယ်။
စကားဆိုတာ "စကား စကားပြောပါများ 
စကားထဲက ဇာတိပြ" ဆိုသလို စကားလုံး
ကြမ်းတွေက လူ့တန်ဖိုးကို နိမ့်ကျသွားစေ
တတ်ပါတယ် ။

စိတ်ရင်းဘယ်လောက်ကောင်းကောင်း
အပြောမတတ်ရင် ဆဲသလိုဖြစ်တတ်ပါတယ်။
#စကားဆိုတာ
ချစ်ခင်မှုကို ဖန်တီးပေးတတ်သလို 
နာကျည်းမုန်းတီးမှုကိုလည်း 
ပေးတတ် ပြန်ပါတယ် ။
ပျော်ရွှင်မှုတွေ သယ်ဆောင်လာတတ်သလို 
အထီးကျန်မှုကိုလည်း တွဲခေါ်တတ်ပြန်တယ်။
စကားကြောင့် အားဖြစ်စေသလို 
စကားကြောင့်ပဲ စိတ်ဓာတ်ကျစေတတ်တယ်
အသွားမတော်တစ်လှမ်း အစားမတော်ရင်
တစ်လုတ် ဆိုသလို အပြောမတတ်ရင် 
စကားတစ်ခွန်းတည်းနဲ့ပဲ အရမ်းချစ်ရသူတောင် 
ရန်သူဖြစ်သွားစေတတ်ပါတယ်။
စကားဆိုတာ အောင်မြင်မှုတွေရဲ့ 
ပထမခြေလှမ်းဖြစ်သလို
ဆုံးရူံးမှုတွေရဲ့ အဓိကရန်သူ
ဖြစ်နေတတ်ပြန်တယ် ။
စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး 
ရင်းနှီးခဲ့ကြရသလို 
စကားကြောင့်ပဲ မိတ်ဆွေကနေ
သူစိမ်းတွေ ဖြစ်သွားတတ်ကြပါတယ် ။
#စကားဆိုတာ ......
အပြောမတတ်ရင် နှစ်ပေါင်းများစွာ 
ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာတွေတောင်
စကားတစ်ခွန်းကြောင့် ရေစုန်မျောသွားရ
တတ်ပြန်ပါသေးတယ်။
မပြော မဖြစ်လို့ ပြောပြန်ရင်လည်း
အမှားမပါစေဘဲ  "ဓါး"တစ်လက်လို
အကျိုးရှိစေတဲ့နေရာမှာ အသုံးချတတ်နိုင်ဖို့ရာ 
ကိုယ်နှင့် အခြားသူတွေကိုထိခိုက်စေတဲ့ 
လူသတ် လက်နက်"ဓါး"တစ်လက်တော့ 
မဖြစ်ကြပါစေနဲ့ ။

#ဒါ့ကြောင့် ... 
နားထောင်ရမယ့်အချိန်မှာ စကားမပြောပါနဲ့ ။ 
မသေချာ မရေရာရင် မပြောပါနဲ့ ။
အချက်အလက်မပြည့်စုံရင် မပြောပါနဲ့ ။
မိတ်ပျက်စေမယ့်စကားမျိုးဆို မပြောပါနဲ့ ။
တစ်ဖက်လူကို ထိခိုက်စေမယ်ဆို မပြောပါနဲ့ ။
အရှက်ရစေမယ့် စကားဆို မပြောပါနဲ့ ။
အပြစ်ဖြစ်မယ့်စကားဆို မပြောပါနဲ့ ။

credit

Post a Comment

Previous Post Next Post

Comments