လက်ပံပြားစတိုင် ကြက်ကြော်

လက်ပံပြားစတိုင် ကြက်ကြော်
-----------------------------------------


ဒီနေ့ ကြက်ကြော်က အပြင်မှာ ကြွပ်ရွပြီ အထဲက အသားက အိနေတာပဲ အရမ်းစားကောင်းတာမို့ ချက်နည်း ပြန်ရှယ်ပေးလိုက်ပါတယ်နော်
-----------------------------------------
ပါဝင်ပစ္စည်းများ

- မြန်မာ ကြက် - တကောင် (သန့်စင်ပြီသား)
- ဂျင်း - လက်တဆစ် (မညက်တညက် ထောင်းထားပါ)
- ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- အသားမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
- သကြား - လက်ဖက်ရည်ဇွန်း တဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ဆီ များများ
-----------------------------------------
ပြင်ဆင်နည်း

၁။ အရင် ကြက်ကို ထပ်ခြမ်းခြမ်းလိုက်ပါ။

၂။ ပြီလျှင် ကြက်သားကို (ဆား၊ အသားမှုန့်၊ သကြား၊ ဂျင်း၊ နနွင်းမှုန့်) တို့ဖြင့် သမအောင် ရောနုယ်ပြီ အနည်းဆုံး ၂နာရီခန့် နှပ်ထားပေးပါ။ 
(အချိန်ရလျှင် ရေခဲသေတ္တာအောက်ထပ်မှာ အရသာနုယ်ပြီ တညသိပ်က ပိုမိုကောင်းမွန်ပါသည်)

၃။ ထို့နောက် ပေါင်းအိုးထဲထည့်ပြီ ကြက်သားများကို ၁၀မိနစ်ခန့် ပေါင်းပေးပါ။
(တချို့က ကြက်မကြော်ခင် ပြုတ်ပါသည်၊ အရသာတွေ ပျက်မှာစိုးလို့ ပေါင်းပေးတာပါ)
-----------------------------------------
ကြက်ကြော်နည်း

၁။ ဒယ်ထဲ ဆီများများထည့်ပါ။ 

၂။ ဆီပူလာလျှင် ပေါင်းထားသော ကြက်သားများကို ရေစစ်ပြီ ဒယ်ထဲ ထည့်ကြော်ပေးပါ။

၃။ ကြော်တဲ့အခါ မီး အသင့်တင့်နဲ့ပဲ ကြက်သားများ ကြွပ်ရွသည်အထိ ကြော်ပေးပါ။ (မီးမပြင်းပါစေနဲ့)

၄။ ကြက်ကြော်များရပြီဆိုလျှင် ပြန်ဆယ်ပြီ ထမင်း ဆီဆမ်းလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

#စားတော်ကဲ   #credit or

Post a Comment

أحدث أقدم

Comments