အချိန်တန်တော့ ဖြစ်လာမှာပါ

အချိန်တန်တော့ ဖြစ်လာမှာပါ
★★★★★★★★★★★★
.


★ ဆုတောင်းတိုင်းဖြစ်မလာတဲ့အခါ
မျက်ရည်မကျပါနဲ့
လောကကြီးမှာ ဆုတောင်းတိုင်း
ဖြစ်မလာတာတွေ ဒုနဲ့ဒေးပါ။
.
★ ကြိုးစားတိုင်းအောင်မြင်မှုမရတဲ့အခါ
မျက်ရည်မကျပါနဲ့
လောကကြီးမှာ ကြိုးစားပေမယ့်အရှုံးတွေချည်း
ကြုံနေရတဲ့သူတွေ ဒုနဲ့ဒေးပါ။
.
★ ဘယ်လောက်ပဲ ပြေးပြေး
ပန်းတိုင်မရောက်သေးပဲ ခဏခဏလဲကျတဲ့အခါ
မျက်ရည်မကျပါနဲ့။
လောကကြီးမှာ ပန်းတိုင်မရောက်ပဲ
လမ်းပျောက်နေကြတဲ့သူတွေဒုနဲ့ဒေးပါ။
.
★ အကောင်းဆုံးလုပ်နိုင်ဖို့က
အခြေအနေအရပ်ရပ်ကို
နှစ်သက်လက်ခံတတ်ပါစေ။
ပျော်ရွှင်ကျေနပ်တတ်ပါစေ။
မျက်ရည်ဆိုတာ နာကျင်မှုအတွက်မဟုတ်ပဲ
ခွန်အားအတွက်သာဖြစ်ပါစေ။
#ဗဟုသုတများစွာလေ့လာရအောင်

Post a Comment

Previous Post Next Post

Comments